#Final
ဟန်ယန်းနန်းတော်၌...........
အမတ်"ရောက်လာပြီပေါ့ Suho ဝင်သွားပါ အထဲမှာ မိဖုရားရှိနေပါတယ်"
suhoတစ်ချက်ခေါင်းငြိမ့်ပြလိုက်ပြီး မိဖုရားအဆောင်တော်ထဲသို့အေးဆေးစွာဝင်သွားခဲ့တယ်
အဖြူရောင်ရှည်ရှည်ဖယောင်းတိုင် အချို့ကမီးရောင်ဖြာထွက်ကျလျက် ထိန်ထိန်လင်းနေတဲ့အခန်းထဲ အဖြူရောင်ပိတ်စတွေပါခိုတွဲယှက်နေအောင်ထူးကဲပြင်ဆင်ထားလေတယ် ထိုမျှမကအခြွေအရံတွေကလည်းအဖြူစွတ်စွတ်ဝတ်စုံတွေနဲ့ရယ် ပြီးတော့ သူမ Lee Suhoonကကော အဖြူရောင်အလျင်းရှိသောဝတ်ရုံဂါဝန်ရှည်ကိုဝတ်တင်ထားလျက် ခါးကျော်ကျော် ရှိနေသောဆံနွယ်နက်နက်ဖြောင့်ဖြောင့်စင်းစင်းတွေကိုချည်နှောင်ခြင်းကင်းစေကာအကုန်ဖြန့်ချထားတာ~ သူမရဲ့ ဒီပုံရိပ်ဟာဝင်လာခဲ့တဲ့suhoကိုငေးမောမျောလွင့်သွားစေလိုက်တယ်
မတွေ့ရတာနှစ်ပေါင်းအတော်ကြာကြာရှိနေပြီ
အခုလိုပြန်တွေ့လိုက်ရတဲ့အချိန် တချက်ပြန်ကြည့်မိတဲ့အခါကျတော့လည်း သူမအရမ်းလှနေပါတယ်~ဆွဲဆောင်သွားနိုင်ပါသေးတယ်သူမကအဖြူရောင်သိပ်ကြိုက်တတ်တော့ ဒီနေ့အတွက်သူမကိုပြိုလဲအောင်လုပ်မယ့်Suho အဖြူရောင်ဝတ်စုံတစ်ထည်ကိုဝတ်ဆင်လာမိတာ တကယ့်တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့နှစ်ယောက်လိုက်ဖက်နေလျက်ပါ
Suho"Lee Suhoon
ငြိမ်သက်နေသောအခန်းတစ်ခုထဲ suhoရဲ့တိုးလျလျလေသံနဲ့တစ်လုံးချင်းပီသစွာခေါ်လိုက်သံလေးရဲ့အဆုံး suhoonလှည့်ကြည့်လိုက်မိတယ်
တုန်လှုပ်ထိတ်လန့်ရုံမက တအံ့တသြဖြစ်သွားခြင်းနဲ့အတူ
suhoon" suhoo မင်းး
နာမည်ကိုရေရွတ်လိုက်ရင်းပဲနားမလည်နိုင်စွာသူမကြည့်နေလျက် နောက်တော့မှတခုခုကိုစိုးရိမ်သွားဟန်ပုံပေါက်လာပြီးsuhoနားချက်ချင်းပြေးသွားကာ
suhoon"
ဒီကိုဘယ်လိုဝင်လာသလဲ ဟင် ဘယ်သူတွေသိသွားသေးလဲ မင်းသေချင်လို့လား"suho သူမကိုခပ်စိမ်းစိမ်းကြည့်ပြီးပဲစကားကိုရွဲ့တဲ့တဲ့အနေအထားနဲ့ပြန်ပြောလိုက်တယ်
YOU ARE READING
အရှင့်ရဲ့သခင်(Leader's Master)
Fanfictionhunhan (yaoi) ဟန်ယန်းဘုရင် Hun ချီနိုင်ငံမှ ထင်းခုတ်သမားလေး Luhan Luhanဘဝကြောင်းဟာ မရိုးရှင်းလှသလို Hunရဲ့နေရာဟာလည်းအစစ်အမှန်မဟုတ်ခဲ့ဘူး