Part 1

2.8K 223 5
                                    

ပင်လယ်ရဲ့ညနေဆည်းဆာမှာပန်းချီကားသဖွယ်လှပနေပေသည် တလိမ်လိမ့်တက်လာသောပင်လယ်လှိုင်းလေးတွေကလည်းတွေ့ရသူအဖို့စိတ်ကြည်နူးမိမှာအမှန်ပင် ထိုစဉ် ရုတ်တရက်မိုးသားအုံ့မှိုင်းလာကာလှိုင်းများကလည်းကြမ်းလာသည် ရုတ်တရက်ဖြစ်သွားသောရာသီဥတုအခြေနေကြောင်ကမ်းခြေတွင်အပန်းဖြေနေသူများအလန့်တကြားဖြစ်သွားကြသည် အတန်ကြာတော့လှိုင်းများပြန်လည်ငြိမ်သက်သွားကာတိမ်မည်းများလွင့်ပျောက်သွားသည် ထူးဆန်းတာကတော့တိမ်များလွင့်ပျောက်သွားစဉ်မှာကောင်းကင်ပေါ်တွင်သက်တန့်ပေါ်လာကာခရာမှုတ်သံကိုကြားလိုက်ရခြင်းဖြစ်သည်

ထိုဖြစ်စဉ်ကြောင့်တီးတိုးတီတိုးဖြင့်ပြောနေကြသည်
people:" ရုတ်တရက်ကြီးဘယ်လိုဖြစ်သွားတာလဲ
ရာသီဥတုဖောက်ပြန်တာလားမသိဘူးနော်
ဟာ မဖြစ်နိုင်ပါဘူး ရာသီဥတာဖောက်ပြန်တာဆိုရင်ခရာသံကဘယါလိုလုပ်ထွက်လာနာလည်း ဒီနားမှာခရာမှုတာတဲ့သူလည်းမတွေ့ပါဘူး"
စသည်ဖြင့်တယောက်တပေါက်ပြောနေကြသည်

နောက်တနေ့ထိုဖြစ်စဉ်ကိုလူပြောများလာကြသည်
ကမ်းခြေတစ်ခု၏နာမည်ကြီးဟိုတယ်တစ်ခုတွင်ဝန်ထမ်းများယောက်ယက်ခတ်နေကြသည်
Manager: မင်းတို့နှေးလာချည်လားကွာ ဒီနေ့ငါတို့သူဋ္ဌေးလာမှာကွ တစ်ခုခုဆိုငါအပြောခံရမှာ မြန်မြန်ဆန်ဆန်လုပ်ကြ
staff: ဟုတ်ကဲ့ ဂျာကြီး!!!!!

ခဏအကြာ
Manager: ဟေ့ တန်းစီမယ် သူဠေးကားလာပြီတဲ့
ဝန်ထမ်းများအပြေးအလွှားတန်းစီကြရသည် ဟိုတယ်ရှေ့သို့ အဖြူရောင်ကားတစ်စီးရပ်ကာထိုကားပေါ်မှ ယောကျာင်္းလေးတစ်ယောက်ဆင်းလာသည် ပြောရမယ်ဆိုရင် တော်တော်ခံ့ညားလှပါသည် နက်ပြာရောင်ကုတ်ကိုဝတ်ဆင်ထားလေသည် ကားပေါ်မှဆင်းပြီးနောက် တပ်ထားသောနေကာမျက်မှန်ကိုချွတ်လိုက်သည် ဖြူဝင်းလှပသောအသားအရည် ခန္ဓာကိုယ်တောင့်တောင့်ဖြင့်ကြည့်လို့အလွန်ကောင်းသည် တစ်ခုလိုနေတာကတော့သူ့ရဲ့အပြုံး ခံညားလှတဲ့သူ့ရဲ့မျက်နှာမှာတော့ခက်ထန်သောအနေအထားသာရှိနေသည် အာ မိတ်ဆက်ရအုံးမှာပဲ သူကတော့ Zang Yixing စီးပွားရေးလောကမှာတော့ lay ဟုနာမည်ကျော်သည် အတော်လည်းချမ်းသာကြွယ်ဝလှပါသည် ဒီဟိုတယ်ကတော့ သူ့ပိုင်ဆိုင်မှုထဲကတစ်ခု ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့ ဒါပေမယ့်လှမ်းမခူးနိုင်ကြတာခက်တယ်

My mermaidWhere stories live. Discover now