Lay အိမ်ပြန်ရောက်တော့ ချစ်ရပါသော သူငယ်ချင်းနှစ်ယောက် ဂိမ်းဆော့နေလေရဲ့ ကိုယ်ပိုငိလုပ်ငန်းတွေကို ဦးဆောင်နေပြီးတော့ ကလေးစိတ်တွေကမပျောက်ချင်သေးဘူး
အခုလည်းဘာကိစ္စ လည်းမသိ ရင်လေးတယ်နော်
"ကဲ ကိုယ်တော် လာပါအုံး မင်းကဘယ်တွေလျှောက်သွားနေတာလဲ"
"ဒီနား ဟိုနားပါ စိတ်ကျဉ်းကျပ်လာလို့ လမ်းသွားလျှောက်တာ နေပါအုံး မင်းတို့ကဘာကိစ္စလည်းဆိုစမ်းပါဦး Yeol မင်း apugyi နဲ့ပြသနာတက်လာတာလား
lay သူတို့နဲ့မျက်နှာချင်းဆိုင်ထိုင်ခုံမှာထိုင်လိုက်သည်
"အဲ့ထက်ပိုဆိုးတယ်ကွ "
' အဲ့ထက်တောင်ဆိုးတယ်ဆိုတော့ ဘာ?????!"
"ငါ့ကိုမိန်းမပေးစားမလို့တဲ့ဟေ့"
chanyeol ပြောပြီးဆိုဖာပေါ်ကိုစိတ်ပျက်လက်ပျက်ခေါင်းမှီလိုက်သည်" ဟေ မင်းကို?? ဟုတ်လား"
lay မေးတော့ yeol ခေါင်းငြိမ့်ပြလိုက်သည်
"ဒါနဲ့ Sehun မင်းကရောဘယ်လို ??".
lay ဘေးနားတွင်ဖုန်းပွတ်နေသော sehun ကိုမေးလိုက်သည်
" ဘယ်လိုဖြစ်ရမှာလဲ အဲ့ကောင်ကောင်းမှုနဲ့ ငါပါပါလာတာ သူ့ arpugyi ကစိတ်မချလို့တဲ့ ငါ့ကိုပါလိုက်ခိုင်းတာလေ ငါ့မှာ အလုပ်တွေထားခဲ့ပြီးလိုက်လာရတယ်"lay စူပုတ်ပုတ်ပြောနေသော sehun ကြောင့်ရယ်လိုက်မိသည် လူတွေကသာ အေးဆေးတည်ငြိမ်ပြီးမာနကြီးတယ်လို့ထင်ရပေမယ့် တကယ်တည်းသူတို့နှစ်ယောက်စလုံးကလေးဆန်ကြသည် company မှာစည်းကမ်းကြီးသလောက် မိန်းကလေးတွေအထည်တွဲတာလည်းသူတို့အပြင်မရှိ အခုလည်းကြည့်ပါလား မိန်းမယူရတော့မယ်ဆိုတော့ စိတ်ညစ်နေမှာပေါ့
lay စကားပြန်စလိုက်သည်
"မင်းမိန်းမယူမှာနဲ့ဒီကိုလာတာနဲ့ဘာဆိုင်လို့လဲ"ဒီလိုဟေ့ ဒီလို!"
Flashback start
" chanyeol ! မင်း အဲ့ကိုသွားကိုသွားရမယ်"chanyeol's appa ဆိုဖာပေါ်တွင်စိတ်ပျက်လက်ပျက်ထိုင်နေသော chanyeol ကိုပြောလိုက်သည် chanyeol သူ့ဆံပင်တွေကိုလက်နဲ့ဖွလိုက်ပြီး
"appa ရာ လက်ထပ်ရမယ်ဆိုတာနဲ့တင်လုံလောက်နေပါပြီ အဲ့လောက်လိုလို့လား"