အငွေ့ပျယ်စပြုနေတဲ့ အကြမ်းရည်ပန်းကန်လုံးကို လက်ထဲမှာ ဟိုရမ်းဒီရမ်း ကစားရင်း မျက်စိနှင့် တစ်တန်းတည်းဆုံရာ ချယ်ရီပင်ကြီးကို ငေးကြည့်နေမိသည်။
ထိုချယ်ရီပင်ကြီး အောက်မှာတော့ ကိုယ့်အရပ်မှကိုယ်အားမနာ မြေလျှိုးသိုင်းကို ကျင့်နေတဲ့ ကျွန်တော့် နှလုံးသားအရှင်သခင်လေး ပတ်ချန်ယော.........။
မိုးပျံသိုင်းကတော့ ကျွန်တော့် အရှင်သခင်လေး သူ့ရဲ့ရှည်လျားလှသော ခြေတံရှည်တွေ အကူအညီကြောင့် ကျွမ်းကျင်စွာ တတ်မြောက်ပြီး ကောင်းကင်ပေါ်မှာ လွှားခနဲ.....ဝဲခနဲ ပျံသန်းပြနိုင်ခဲ့တာ......။
စစချင်း မိုးပျံသိုင်းကို သူကျင့်သုံးကဆို ကျွန်တော်မှာလေ.....
ဘယ်တော့များ.....ဘယ်တော့များ.....ခွေးကျကျပြီးသေမလဲလို့...စိတ်မောလိုက်ရတာ....နောက်တော့လဲ သူရဲ့ ရှည်လျားလှသော ခြေတံ အားကိုးကြောင့် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားတယ်လေ..............။ ဇမ္မူတခွင်မှာ မိုးပျံသစ်ကုလားအုတ် အဲ မိုးပျံမင်းသားလေး လို့သမိုင်းတွင်သွားသည်အထိ ထင်ရှားသွားတာ.....။
မကြာပါဘူး.....အဲဒီ ဘွဲ့ထူးရသွားပြီး နောက်ပိုင်း ဘယ်ကနေ၊ဘယ်လို ဆိတ်ကြီး၊မျောက်ကြီးတွေ ဝင်လာလဲ မသိ။
မြေလျှိုးသိုင်း စကျင့်တော့တာဘဲ....။
မိုးပျံသိုင်းက သူရဲ့ ရှည်လျားလှတဲ့ ခြေတံတွေအကူအညီကြောင့် တတ်မြောက်ခဲ့ပေမဲ့
မြေလျှိုးသိုင်းကတော့ သူရဲ့ ရှည်လျားလှတဲ့ ခြေတံတွေကြောင့်ဘဲ သူမအောင်မြင်သေးတာပါ.....။ပတ်ချန်ယော တယောက် မြေလျှိုးသိုင်းကို ကျင့်လိုက်တိုင်း အမြဲတိုင်းလိုလို ခေါင်းတပိုင်း ပေါ်နေတာတွေ......လေးဘက်ထောက်ကျင့်လည်း ခါးတပိုင်း ပေါ်နေတာတွေ။
ဘယ်လိုကျင့်ကျင့်ပါ သူဘယ်လိုမှ မကျွမ်းကျင် နိုင်တဲ့ အလုပ်.......။
ဒါပေမဲ့ သူ့ဘက်ကတော့ စိတ်ပျက်ခြင်း အလျဉ်းမရှိ......ဇွဲမလျော့တမ်း မနားမနေ ခုထိ လေ့ကျင့်နေတုန်း။
မကြာပါ ကျွန်တော်ရှိရာ နားနေဆောင်ကို လျှောက်လှမ်းလာတဲ့ ဖြူဖျော့ဖျော့ မိန်းမပျိုလေး တယောက်........။ လူကသာ အားမရှိ၊လေတိုက်ရင် လဲတော့မယ် စတိုင်၊ ပတ်ချန်ယော သာရမယ်ဆိုရင် အသားရရ၊အရိုးရရ ကျွန်တော်နဲ့ အပြိုင် ဝိုင်းကိုက် အဲ မရမက လုယူမဲ့ လူစားမျိုး......။
အဲ့ကောင်မလေး ရောက်လာရတဲ့ အကြောင်းအရင်းကလည်း မေမေကြီးကြောင့်......
ပတ်ချန်ယော ရဲ့ဒုတိယ မိန်းမအဖြစ် လက်ထပ်ဖို့ ရောက်နေတာ.......ပတ်ချန်ယော ကြီးဘူးခံငြင်းနေလို့သာ ခုချိန်ထိ လက်မထပ်ရသေးတာ။ ဒီကောင်မလေး ဒီအိမ်မှာ သောင်တင်နေတာ ခြောက်လတောင် ရှိနေပြီလေ။
မေမေကြီးက ဒိုဂျောင်ဆူး ဆိုတဲ့ ကျွန်တော့်ကို အမြုံမလို့ ထင်နေတာလေ........။ ထင်လည်းထင်ချင်စရာ လက်ထပ်တာ တနှစ်ခွဲလောက် ရှိပေမဲ့ ခုထိ ဗိုက်မပြောနဲ့.....အရိပ်အယောင်အဖြစ် ပျို့တာ၊အန်တာလေးတောင် မရှိ။ ကျွန်တော် နဲ့ သူလည်း ဒီတနှစ်အတွင်း အိပ်ရာပေါ်မှာ တကျိတ်ကျိတ် ပါဘဲ......။ သူဘဲ မစွမ်းတာလား????? ကျွန်တော်ဘဲ အဖြစ်မရှိ အဲ ယောင်ကုန်ပါပြီ......။ မိန်းမလိုဝတ်ပါများရင်း စိတ်တွေတောင် နုရွကုန်ပြီ........။
သူလည်း ယောက်ျား.....ကျွန်တော်လည်း ယောက်ျား ဘယ်ကဘယ်လိုဖြစ်ပြီး ကလေးရမှာတုန်း........။ ရချင်းရ ပတ်ချန်ယော ကိုဘဲကိုယ်ဝန် ဆောင်ခိုင်းမှာပေါ့။
ဘာလိုလိုနဲ့ အတွေးတွေက အတိတ်က စာမျက်နှာတွေ ပြန်လှန်ရင်း.............
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.