အဲဒီညမှာဘဲ ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို ပတ်ချန်ယော သိရှိသွားခဲ့တယ်.....။
ကျွန်တော်သူ့အပေါ်မှာ လိပ်ပြာသန့်သွားပေမဲ့ သူ့မိသားစုအပေါ်မှာတော့ အပြစ်ရှိသေးတယ်လေ.....။ ကျွန်တော့်သရုပ်မှန်အကြောင်း မိသားစုကို ပြောပြဖို့ ပတ်ချန်ယော ကိုတောင်းဆိုခဲ့ပေမဲ့ သူလက်မခံခဲ့ဘူး.....။ အမှန်တော့ သူကျွန်တော့ဘက်ကို ငဲ့ညာတဲ့အနေနဲ့ မပြောခဲ့တာပါ.....အကယ်၍ အဖြစ်မှန်သာ မိသားစု သိသွားခဲ့ရင် ကျွန်တော့်အပေါ် ဆက်ဆံရေးတွေက အမှောင်ဘက် ပြောင်းသွားနိုင်တယ်.....ဒါနဲ့တင် မလုံလောက်ဘဲ ပတ်မိသားစု အတွက် လူ့အသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာတောင် ကျဆင်းသွားနိုင်တယ်.....။
အဖေကြီးကတော့ ကျွန်တော့်အပေါ် ကောင်းရှာတယ်.....အချစ်ဆုံးသားရဲ့ မိန်းမမို့လား မသိ.....အစစအရာရာ ကျွန်တော်မျက်နှာ တချက်မညိုးစေဖို့ ဖြည့်စည်းပေးတယ်။ အမေကြီးကတော့ သူ့သားတော်မောင် လုပ်ရက်တွေကြောင့် ကျွန်တော့်ကို သောက်မြင်ကပ်နေလေရဲ့.....။
ကပ်လည်းကပ်ချင်စရာ.....ပိုကိုပိုလွန်းတဲ့ သူ့ကြောင့် ကျွန်တော့်မှာ အမေကြီးကို မျက်နှာတောင်မပြဝံ့.....။ ထမင်းဝိုင်းမှာလည်း ဟင်းတွေဆို ကျွန်တော့်ပန်းကန်ထဲမှာ ပုံနေအောင် သူထည့်ပေးတာ.....အဖေ၊အမေ ဦးချဖို့တောင် သူသတိမရရှာ။ ကျွန်တော့်မှာ အသိလေး၊ဘာလေး ကပ်ဖို့ ပတ်ချန်ယော ဗိုက်ခေါက်ကို လိမ်ဆွဲကာ သတိပေးနေတာ သူ့အမေကြီး မြင်သွားတော့ "သူ့သားကို နိုင်လှချည်ရဲ့" ဆိုပြီး အဘွားကြီးက ကျွန်တော့်ကို အမြင်မကြည်တော့.....။
ဘယ်သွားသွား ဘာလုပ်လုပ် ဦးစားပေး ကျွန်တော် ဒိုဂျောင်ဆူး အတွက် အရာရာ ဖြည့်ဆည်းပေးတဲ့ သူကြောင့် ချစ်လည်းချစ်ရသလို အားလည်းနာလှတယ်.....။တနေ့ ထမင်းစားဝိုင်းတွေ.....
ကျွန်တော့် ပန်းကန်ထဲ ဟင်းထည့်ဖို့ လုပ်နေတဲ့ ပတ်ချန်ယော ကိုသတိပေးတဲ့ အနေနဲ့ စားပွဲအောက်မှာရှိတဲ့ သူ့ခြေဖျားထိပ်ကို ပိုင်ပိုင်နိုင်နိုင် တက်နင်းချလိုက်တယ်.....။
အဲတော့မှ သကောင့်သားက အသိတရားရပြီး အဖေ၊အမေကို ဟင်းထည့်ရမှန်း သိတော့တယ်.....။ သူ့သားကို နှိပ်စက်ပြီဆိုရင် ဘွားတော်ကလည်း မြင်ဖြစ်အောင်မြင်တယ်.....။ ခုနအဖြစ်အပျက်ကို မြင်သွားတော့ ဘွားတော်က ကျွန့်တော်ဘက် မျက်စောင်းတချက်ကျွေးကာ သူမနှုတ်ခမ်းကို မဲ့ရွဲ့ပြီး.....