ဒီလိုနဲ့ Sehun နဲ့ lulu ကိုလူတွေကြားထဲပို့ရမယ့်ရက်ရောက်လာပြီ။
Vampire Castle ရဲ့ ဘုရင်နဲ့ ဘုရင်မဖြစ်တဲ့ သူတွေရှေ့မှာ လူတစ်ယောက်ဒူးထောက်နေတယ်။
ထိုသူက နောင်ကကြည့်ရင် Body Structure ကပြောစရာမရှိအောင် ဆွဲဆောင်မှု ရှိလွန်းပါတယ်။
အမှန်တဂယ်ဆို သူ ဒူးထောက်နေတာနည်းနည်းကြာပြီပေါ့။
ဘာလို့လဲ။ သူက ဘုရင်နဲ့ ဘုရင်မကြီးရဲ့ ကလေးဖြစ်တဲ့
sehun ကိုလေးကိုလူကြားထဲမှာသွားနေရင်
စောင့်ရှောက်ရမယ့်သူပေါ့။ သူ့ နာမည်က Kris တဲ့။^^ Kris မင်းငါ့သားလေးကိုသေချာ
စောင့်ရှောက်ပါကွာ ^^^^ စိတ်ချပါ သခင်ကြီး ကျွန်တော်မျိုးအသက်ထက်ပိုပြီး
စောင့်ရှောက်ပါ့မယ် ^^^^ အေးကွာ။ Su သားလေးကို
ထည့်ပေးလိုက်တော့ ^^^^ nae xing ^^
ဘုရင်မဖြစ်သူ Suho လဲ လက်ထဲကကလေးကိုတစ်ချက်နမ်းလိုက်ပြီးkris ရှေ့လျောက်လာပြီး
ကလေးကိုလက်ထဲ kris လက်ထဲထည့်ပေးလိုက်တယ်။^^ Kris သားလေးကို အပ်ပါတယ်နော် ^^
^^ nae စိတ်ချပါသခင်မ။ဒါဆို ကျွန်တော်မျိုးသွားတော့မယ်။ ခွင့်ပြုပါအုန်း ^^
^^ အေးအေး ^^
ထိုနည်းတူစွာ Wolf Castle မှာလဲ
ဘုရင်နဲ့ဘုရင်မ ဖြစ်သူရှေ့မှာ မိန်းကလေးတစ်ယောက်ဒူးထောက်ခစားနေတယ်။
^^ Tao ငါ့သမီးလေးကို အပ်ပါတယ်။ကိုယ်နဲ့မကွာစောင့်ရှောက်ပါ ^^
^^ nae သခင်ကြီးအမိန့်တိုင်းပါ။ Tao အသက်နဲ့လဲပြီးကာကွယ်ပါ့မယ် ^^
^^ အေးအေး။ Soo သမီးလေးကို tao ဆီပေးလိုက်ပါတော့ကွာ ^^
Soo လဲ လက်ထဲကသမီးဖြစ်သူကို တချက်ငုံ့နမ်းလိုက်ပြီး tao လက်ထဲကိုထည့်ပေးလိုက်တယ်။
^^ tao သမီးလေးကို သေချာစောင့်ရှောက်ပါနော် ^^
^^ nae သခင်မစိတ်ချပါ။ ဒါဆို ကျွန်တော်မျိုးမှသွားတော့မယ်နော်။ခွင့်ပြုပါအုန်း ^^