လေညှင်းတိုက်ခတ်နေသောအချိန် ။
သစ်ပင်ပေါ်မှ သစ်ရွှက်များကလဲ လေနဲ့အတူကလျှက်။
တစ်ချို့သောအရွှက်များကတော့ မြေပြင်ပေါ်ကို လှပစွာ ကြွေကျလျှက်ရှိ ။
မနက်ခင်းမို့ မြို့ထဲတွင် အားလုံး အလုပ်ရှုပ်မြဲ။ ဆိုးလ် မြို့ကတော့ မနက်ခင်း တက်ကြွနေသောသူများနှင့်အတူ လှပမြဲလှပဆဲ။
ကိတ်မုန့်ကိုလက်ထဲတွင်ကိုင်လျှက် Byun Baekhyun တစ်ယောက် လမ်းလျှောက်နေပါတယ်။ လက်တစ်ဘက်ကလဲ သူ့ရဲ့တရောအိတ်ကို ကိုင်ဆောင်လျှက်။
လမ်း၏ထောင့်တစ်နေရာတွင် ကြောင်မည်းလေးတစ်ကောင်ကိုတွေ့သောကြောင့်ရပ်လိုက်သည်။
နောက်တော့ ကြောင်လေးရဲ့နောက်ကို သူလိုက်သွားလေရဲ့။" kitty လေးးးး လာ လာ မုန့်စားမလား " လို့ပြောကာသူ့လက်ထဲကမုန့်ကိုထိုးပေးလိုက်သည်။
ကြောင်လေးကသူ့ကိုမြင်ပြီးကြောက်နေတယ်ထင်ပါရဲ့။Baekhyun ကတော့ထုံးစံ အတိုင်းသွားဖြီးအောင်ကြောင်လေးကိုရီပြလိုက်ပြီး မုန့်လေးကိုမြေပြင်ပေါ်မှာချလိုက်တယ်။
" ရော့ ဒီမှာ ငါချပေးထားခဲ့မယ် ငါ့ပုံစံကကြောက်ဖို့ကောင်းနေလို့လား" ဟုနှုတ်ခန်းလေးဆူကာပြောလိုက်သည်။ "ငါဝတ်ထားတာအဲ့လောက်ကြီး လူမိုက်ပုံပေါက်သွားလို့လား" ဟုပြောကာ သူဝတ်ထားသော stripped jeans နဲ့ blue shirt လေးကိုပြန်ကြည့်လိုက်တယ် ။နောက်သူလွယ်ထားတဲ့အိတ်လေးကိုကြည့်ပြီး ရီလိုက်တယ် " ဒင်းဒါကြောင့်ကြောက်နေတာထင်တယ် ဒါကကြောက်စရာမလိုပါဘူး ငါ့ရဲ့တယောအိတ်ပါ ကြောင်လေးရဲ့ " လို့နှုတ်ဆက်ပြီး ထွက်သွားလေတော့သည်။
Flashback
ခုနှစ်သားအရွယ်သာရှိသော ကောင်းလေးတစ်ယောက် ကြီးမားသောစင်ရဲ့အထက်မှာ ထိုင်လျှက်ကြီးမားသော စန္ဒယားကြီးကို နားဝင်ချိုသောသံစဉ်ဖြင့်တီးနေသည်။
အောက်မှာကြည့်ရှုနားထောင်နေတဲ့ သူများအားလုံးကလဲ ရင်သက်ရှုမောဖြစ်ကြကုန်တယ်။
ကောင်လေးကတယ်လဲတော်တာကိုး။ လူကောင်ကသာသေးတာ ကညာကတော့မသေးဘူးပဲ။
ဒိုင်သူကြီးများကလဲ သဘောကျလျှက်။ စန္ဒယားပညာရှင်လေးတစ်ယောက်ပေါ်ထွက်လာတော့မှာပဲလေ။ သူ့ကိုအားကျနေတဲ့တစ်ခြားကလေးတွေကလဲရှိတော့။
ပြိုင်လိုက်တဲ့ ပြိုင်ပွဲတိုင်းမှာ ပထမ ရတာကြီးပဲဆိုတော့ ခုပြိုင်ပွဲကလဲ ဒီကောင်လေး နိုင်မယ်ဆိုတာ လူတိုင်းသိနေကြတယ်လေ။ဒါပေမယ့် သူတို့တွေမသိတာကတော့ ဒီကောင်လေးဟာ စန္ဒယားပညာကို စွန့်လွှတ်လိုက်တာပါပဲ။ အဲဒီပြိုင်ပွဲနေ့က သူအရမ်းချစ်ရသော အမေ ဆုံးသွားတဲ့နေ့ပဲလေ။
အမေက သူ့ကို စန္ဒယားပညာရှင်ကြီးတစ်ယောက်ဖြစ်စေချင်တာ။ ဒါပေမယ့် သူ့အမေရဲ့ဖြစ်စေချင်လွန်းတဲ့ ဆန္ဒက သူ့ကိုနောက်ပိုင်း ဖိအားသို့ပြောင်းလဲလာတယ်။
အမေ သေတာ သူဒီစန္ဒယားကိုပဲ တစ်စိုက်မတ်မတ်လုပ်နေလို့ ဆိုတဲ့အချက်ကသူကြီးလာတဲ့ထိအရိပ်တစ်ခုလိုကပ်ပါလာတယ်။အောက်မှာထိုင်နေတဲ့ ကောင်လေးတစ်ယောက်ကလဲ သူတီးတာကိုအားကျလျှက်။ " ငါ တစ်နေ့ သူနဲ့အတူ စင်ပေါ်မှာ အတူတူ တီးမယ် " အရမ်းအားတွေကျ။ သဘောတွေကျ။ သူရဲ့ ငယါချစ်ဦးတစ်ယောက်လို သတ်မှတ်ပြီးအမြဲလေးစားခဲ့တယ်။
သူကတော့ တယောတီးတာနှစ်သက်တဲ့ Byun Baekhyun.ရင်သက်ရှုမောတီးခတ်နိုင်သော ခုနှစ် နှစ်အရွယ် ကောင်လေးကတော့ စန္ဒယားကို တစ်ဘက်ကမ်းခတ်တီးနိုင်သူ အရမ်းအေးလဲအေးတဲ့ Park Chanyeol ဖြစ်ပါတယ်။
Flashback end
A/N : ဟုတ်ကဲ့ပါရှင် ။ အရင်က asianfanfics မှာပဲရေးခဲ့တာပါ။ but wattpad မှာမြန်မာလို ပထမဦးဆုံးရေးတာထြစ်တဲ့အတွက် အမှားပါသွားရင် ခွင့်လွှတ်ပေးကြပါနော် 😚😚😚
Thank you so much pr 😊😊😊😊
I hope you will enjoy reading my story ^^

YOU ARE READING
Regret ( နောင်တ )
RomancePark Chanyeol : ငါ့ဘဝကြီးကမင်းနဲ့တွေ့မှအရောင်တွေပြန်ဆုံခဲ့တယ်။ Byun Baekhyun : ငါ မင်းအတွက်ဘယ်လောက်ထိလုပ်ပေးနိုင်သလဲဆိုတာပါပဲ။ Japanese anime ကြည့်ဖူးတဲ့သူဆို ဒီ sad ending လေးကိုသိနှင့်ပြီးသားနေမှာပါ။ Anime name ကတော့ Your Lie in April .. ဒီ ဇာတ်ရ...