Friends & Love

2.2K 246 0
                                    

သံစဉ်ပြီးပြီးချင်းမှာတောင် ပရိတ်သတ် တွေကငြိမ်လို့နေတုန်း။ သံစဉ်ထဲကို လိုက်ပါ စီးဝင်လို့။ နောက်မှ တစ်ဖြောင်းဖြောင်းနဲ့ အားလုံး အားပေးကြတာမှ တစ်ခဲနက်ဘဲ။ " ငါတို့ကြည့်ချင်တာ နားထောင်ချင်တာ ဒါမျိုးကွ။" တီးတိုးပြောရင်းနဲ့လဲ လက်ခုပ်သံက မပြတ်သွား။ Chanyeol နဲ့ Baekhyun ကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အချင်းချင်း အပြုံးချင်းဖလှယ်လိုက်ကြသည်။

" Chanyeol ဒီကောင်ကွာ ငါသိတယ် မင်းလုပ်နိုင်မယ်ဆိုတာ ဟားဟား " Kai ကပြောရင်းနဲ့ လက်ခုပ်ကို တစ်ဖြောင်းဖြောင်းတီးလျှက်။ Kyungsoo လဲ စင်ပေါ်ထက်မှ သူ့သူငယ်ချင်း Chanyeol ကိုကြည့်ပြီး ပြုံးလိုက်သည်။ ဒါပေမယ့် သူကြည့်နေတဲ့ Chanyeol ရဲ့ မျက်ဝန်းများက Baekhyun ဆီသို့ရောက်နေတာကို စိတ်ထဲတွင် ဘဝင်မကျ ဖြစ်လို့နေသည်။ music ကိုမုန်းတယ်။ ငါနဲ့ Chanyeol ကိုတစ်ဖြည်းဖြည်းဝေးအောင်လုပ်နေသလိုဘဲ။ သူနဲ့အတူ ဝါသနာချင်း ဖလှယ်လို့ရနေတဲ့ Baekhyun ကိုလဲ သဘောမကျဘူး။ music ဆိုရင် တစ်လုံးမှတောင်နားမလည်တဲ့ ကိုယ့်ကိုကိုယ်လဲမုန်းတယ်။

အားလုံး ပွဲတွေပြီးသွားတော့ Chanyeol နဲ့ Baekhyun တို့နှစ်ယောက် ထွက်လာကြသည်။ Kai ကသူတို့နှစ်ယောက်ကိုလက် ဝှေ့ရမ်းပြကာ နှစ်ယောက်ရှိရာသို့ Kyungsoo နဲ့အတူ လျှောက်လာကြသည်။ " မင်းကွာ တော်တော်မိုက်တယ် " Kai က ချီးမွမ်း စကားအရင်စပြောလိုက်သည်။ Kyungsoo ကတော့ ငြိမ်ဘဲငြိမ်နေသည်ကို Chanyeol သတိထားမိသွားတော့ " Soo ya... တစ်ခုခု မပြောတော့ဘူးလား?" ဟုရီပြီးမေးလိုက်သည်။
" အော် အင်း ကောင်းတယ် " ဟုမျက်လုံးချင်းမဆိုင်ဘဲဖြေလိုက်သည်။

" သူဘာဖြစ်နေတာလဲ နေမကောင်းဘူးလား ?" ဟုမေးလိုက်သော Chanyeol မေးခွန်းကို Kai ကပုခုံးတွန့်ပြီး ပြန်ဖြေလိုက်သည်။ " ဒါမှမဟုတ် ငါတို့တီးနေတာက နားထောင်မကောင်းလို့လား?"
" ကောင်းပါတယ်နားထောင်လို့။ သီ သီချင်းထဲတောင်မျောပါသွားသေးတယ်" Kyungsoo ကဆူဆူပုတ်ပုတ်နဲ့ပြန်ဖြေလိုက်သည်။
Chanyeol ကရီပြီး " မင်းတို့ကြိုက်တယ်ဆိုပြီးရောလေ "

Kyungsoo သတိထားမိသည်။ ထွက်လာကထဲက Chanyeol ရဲ့မျက်လုံးများက Baekhyun ဆီသို့ မကြာခဏဆိုသလို ရောက်နေတတ်သည်။ Kai ကဘာလို့ အဲလောက်နုံပြီးအရတာတုန်း? Baekhyun ကချစ်ဖို့ကောင်းတယ်ဆိုပြီးသူပဲပြောပြီးတော့။ တော်ကြာ Baekhyun ကပါ Chanyeol ကိုကြိုက်သွားခဲ့....... ဟာ Do Kyungsoo!! ငါဘာတွေစဉ်းစားနေတာလဲ။ ဟုတ်တယ်။ Baekhyun ကအစထဲက ငါ့ကို ပြောပြထားပြီးသား သူ Kai ကိုခင်ချင်တယ်ဆိုပြီး။ ဟုတ်တယ်။ Kai ကို Baekhyun ကိုဂရုစိုက်ပေးလို့ပြောရမယ်။ အဲဒါမှ Chanyeol လဲ.......

Regret ( နောင်တ )Donde viven las historias. Descúbrelo ahora