June..
ဒုတိယနှစ်ဝက်ကျောင်းတွေလဲတစ်ဖန်ပြန်ဖွင့်ပြီလေ။ ကျောင်းမှာ စုံစုံလင်လင်ဘဲပေါ့။ Kai , DO , Chanyeol တို့ကတော့ Baekhyun မတက်နိုင်သေးတော့ အဖွဲ့က သုံးယောက်ဘဲရှိသေးတာပေါ့။
" ကျောင်းဆင်းရင် Baekyun ကိုသွားတွေ့ကြရအောင်?" Kai ကစပြောလိုက်သည်။
DO ကတော့ Chanyeol မျက်နှာကို အကဲခတ်နေသည်။
" သွားမယ်လေ DO ရော လိုက်ခဲ့မှာလား?"
" မလိုက်တော့ဘူး ကိစ္စလေးရှိလို့ " ဆိုပြီးခပ်တည်တည်ဘဲပြောလိုက်သည်။ထိုစဉ် ကျောင်းအုပ်က Chanyeol ကိုလှမ်းခေါ်လိုက်သည်။ Kai ကတော့ မင်းပြီးရင်အတူတူBaekhyunဆီသွားမယ် ဆိုသော ပုံစံလုပ်ပြလိုက်သည်။
" သိပ်မကြာဘူး Kai.. ပြန်လာခဲ့မယ်"၁၀ မိနစ်ကြာင်္ပြးနောက် Chanyeol လက်ထဲတွင် စာအိတ် အညိုရောင်လေး ကိုင်ပြီးပြန်လာသည်။
Kai ကရောက်ရောက်ခြင်းဘဲ စာအိတ်ကိုယူပြီး " ကြည့်မယ်နော်" ဆိုပြီးအိတ်ကိုဖွင့်ကာ အထဲက စာရွက်ကိုထုပ်ကြည့်လိုက်သည်။မျက်လုံးတွေဘာတွေ ပြူးပြဲထွက်သွားပြီး " မိုက်ချက်ကွာ နိုင်ငံခြားတက္ကသိုလ်ကတောင် မင်းကို scholar ခေါ်တယ်ဆိုတော့ မင်းဘဝကတော့သာယာတယ်ကွာ "
DO ကတော့ မျက်လုံးပြူးသွားသည်။ " ဘယ်နိုင်ငံကိုလဲ?"
" ပြင်သစ်ကို" Chanyeol က မပြုံးတစ်ပြုံးနဲ့ဆက်ပြောသည် " ဒါပေမယ့် မသေချာသေးပါဘူး ပြိုင်ပွဲမှာ ဆုရမှ သွားလို့ရမှာ.."
" မသ်းမရဘူးဆို ဘယ်သူရမလဲ ဟေ့ကောင်ရဲ့ " Kai ကအော်လိုက်သည်။ " ဒါနဲ့ စာရွက်က နှစ်ရွက်တောင်??"
" အင်း တစ်ခု က Baekhyun ဟာ ဆရာကပေးလိုက်ပါတဲ့ သူ့ကို "
DO မျက်နှာတော်တော်ပျက်သွားသည်။နှစ်ယောက်က အတူတူ သွားတက်ကြမှာတဲ့လား။ ငါဘာလို့ ဒီ အနုပညာ ကို စိတ်မဝင်စားရတာလဲ? ခုတော့...
" ဒါဆိုမြန်မြန် သွားပြီး သတင်းကောင်းသွားပြောကြရအောင် " ဆိုပြီး Kai နဲ့ Chanyeol အတူတူ ထွက်သွားသည်။
ကျောင်းကနေ ဆေးရုံ ထိ သွားနေစဉ် ထူးထူးဆန်းဆန်း Kai တို့တစ်ယောက် BAekhyun အကြောင်းကိုပြောနေတာဆိုတာ Chanyeol တို့တစ်ယောက် ဘယ်မှာ မျက်နှာ ထားရမလဲမသိဖြစ်နေတော့တယ်။
ဆေးရုံ အဝရောက်တော့ Kai ကရုတ်တစ်ရက် လှမ်းပြောလိုက်တယ်..
" Chanyeol??? မင်း Baekhyun ကိုမေတ္တာရှိနေတယ်မလာ:"
ရပ်တန့်သွားသည်။
Kai ကပြုံးပြီးဆက်ပြောသည်။ " ဟေ့ကောင် မင်းငါ့ကိုညာလို့မရပါဘူးကွာ.... မင်းမျက်လုံးတွေကိုကြည့်တာနဲ့ ငါအစထဲကရိပ်မိပါတယ် သူလဲ မင်းလိုဘဲနေမှာဘာ.... မပြောရဲလို့သာ ငါ့ကို ကြားခံထားတာ ဖြစ်ဖို့များတယ်.."
" ငါ မင်းအပေါ်က အရမ်းအားနာတယ်ကွာ"
Kai က ပုခုံးချင်းသိုင်းကာ ရီပြီပြောလိုက်သည် ။ " ငါ့ ခင်မင်မှု က မင်းရဲ့ အချစ် ကို မမှီ ပါဘူးကွာ "စကားတစ်ပြောပြောနဲ့ Baekhyun အခန်းရှေ့ရောက်လာကြတယ်။ ဒီအချိန် မှာ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် Chanyeol မျက်လုံးပြူးသွားတယ်။ ဆရာဝန် တွေ nurse မတွေက Baekhyun အခန်းမှာ အလုပ်ရှုပ်နေကြတယ်။ Baekhyun ရဲ့ပုံစံက သူလာလည်နေကြတုန်း ကပုံစံနဲ့မတူဘူး။ လက်မှာလဲ ဆေးပုလင်းတွေချိတ်ဆွဲထားရတယ်။ မျက်နှာ ကအရမ်းနာကြင်ကိုက်ခဲနေတဲ့ ပုံစံနဲ့ သူ့ဘေးနားမှာရှိနေတဲ့ ဆရာဝန်တွေ nurse မတွေကို အော်ဟစ်ပြီး အကူအညီတောင်းနေတယ် " အရမ်း နာတယ် ဆရာ အရမ်းလဲကိုက်နေတယ် ကယ်ပါဦး ဆရာရယ် ကျွန်တော့်ကို ကယ်ပါဦးနော် "
အပြေးအလွှား ထွက်သွားထွက်လာလုပ်နေတဲ့ nurse မ တစ်ယောက်ကို Chanyeol လှမ်းပြီးမေးလိုက်တယ်
" Baekhyun ဘာဖြစ်နေတာလဲဟင် ဆရာမ??"ပြန်ဖြေလိုက်တဲ့ အဖြေ ကြောင့် ကြက်သေ သေသွားခဲ့တယ်။
" လူနာ Byun Baekhyun က ကင်ဆာ အဆင့် ၃ ပါ .. ခွဲစိတ်မှု လုပ်ရမှာပါ "A/N : ByunSweety : EXO L တွေ ဘယ်လိုလဲ။ စိတ်ညစ်နေတယ်ဆိုတာသိပါတယ်။ Sweety လဲ EXO L တွေနဲါအတု ထပ်တူပါဘဲ TnT
ESTÁS LEYENDO
Regret ( နောင်တ )
RomancePark Chanyeol : ငါ့ဘဝကြီးကမင်းနဲ့တွေ့မှအရောင်တွေပြန်ဆုံခဲ့တယ်။ Byun Baekhyun : ငါ မင်းအတွက်ဘယ်လောက်ထိလုပ်ပေးနိုင်သလဲဆိုတာပါပဲ။ Japanese anime ကြည့်ဖူးတဲ့သူဆို ဒီ sad ending လေးကိုသိနှင့်ပြီးသားနေမှာပါ။ Anime name ကတော့ Your Lie in April .. ဒီ ဇာတ်ရ...