*Hazy Story of HUNHAN...*
သူ့အကြောင်းတွေ တွေးမိချိန်တိုင်းး
ပြုံးရသည့် နှုတ်ခမ်း၏ပိုင်ရှင် ကျွန်တော်...သူ့မျက်လုံးတွေကိုကြည့်မိတိုင်းး
ခေတ္တမျှရုးသွပ်သွားတတ်သော ကျွန်တော်...သူ့အသံကြားတိုင်းး
မိန်းမောနေတတ်သော ကျွန်တော်...သူ့အပြုံးတွေကို မြင်တိုင်းး
ကိုယ်ပိုင်အချိန်တွေခေတ္တရပ်တန့်သွား တတ်သော ကျွန်တော်...•°•°•°•°•°•°•°•°•°•~
ချစ်ဖူးခဲ့သော်လည်း မည့်သူ့အပေါ်မှ သူ့လောက်လေးနက်စွာမချစ်ဖူးခဲ့...
တန်ဖိုးထားတတ်သော်လည်းး မည်သူတစ်ဦးတစ်ယောက်ကိုမျှ
သူ့လောက်အမြတ်တနိုးတန်ဖိုးမထားတတ်ခဲ့...သူသည်ပင်လျှင်ကန္တာရလိုပူလောင်သော ကျွန်တော့်ဘဝ၏ တစ်ခုတည်းသော oasis လေးပင်...
တစ်ခုတည်းသော...တွယ်တာရာ...သူ
တစ်ဦးတည်းသော...အရှင်သခင်...သူ
တစ်ဦးတည်းသော... တစ်ဦးတည်းသော... သူ•°•°•°•°•°•°•°•°•°•°•~
မှတ်မိပါသေးသည်...သူနဲ့စတွေ့တဲ့နေ့က... 2000ခုနှစ်ရဲ့ ပထမဆုံးနှင်းကျတဲ့နေ့...2nd November!
နှင်းကဲ့သို့ ဖြူဖွေးနေသောသူ့ကို နှင်းတွေနှင့်ပင် အထင်မှားခဲ့သေးသည်...
နှင်းတွေကြားမှာ ပျော်ရွှင်စွာဆော့ကစားနေသော သူ့ကို 10နှစ်သားကလေးလေးဟုပင် အထင်မှားခဲ့သေးသည်...
သူ့မျက်ဝန်းလေးတွေကို နံနက်ခင်းနေရောင်ခြည်ကြောင့် အရည်ပျော်လုပျော်ချင် ဖြစ်နေသောsnowflake လေးများ၏ ရွှန်းစိုမှုနှင့်ပင် ခိုင်းနှိုင်းဖူးခဲ့သည်...
အအေးဒဏ်ကြောင့် နီရဲနေသော နှုတ်ခမ်းဖူးဖူးလေးတစ်စုံကို Cherry သီးလေးနှင့်ပင် ခိုင်းနှိင်းဖူးသည်...ပိုင်ဆိုင်ချင်ခဲ့ဖူးသည်...
နှင်းတွေသဲသဲမဲမဲကျဆင်းနေသောကြောင့် လမ်းဖြတ်ကူးရန် ခက်ခဲနေသောအဖွားအိုတစ်ဦးကို ဖေးဖေးမမနှင့် ကူညီပေးနေသော သူ့စိတ်ဓာတ်လေးကို ကျနော်သဘောကျမဆုံးးဖြစ်ခဲ့ဖူးသည်...