ညနေSiwonလာကြိုတော့Kyuတို့နှုတ်ခမ်းကြီးစူပြီးစိတ်ကောက်နေသည် ကားပေါ်ရောက်တော့လည်းစကားတစ်ခွန်းမှမပြော
Siwon-KyuလေးOppaကိုဘာတွေစိတ်ကောက်နေတာလဲ စကားလည်းမပြောဘူး
Kyu-မကောက်ပဲနေမလားKyuကိုမနက်ကဘာလုပ်သွားလဲမမှတ်မိဘူးလား
Siwon ရယ်လိုက်ပြီး Kyuခေါင်းလေးကိုကိုင်ကာ
Siwon-ကလေးရယ် ဘာတွေများစိတ်ဆိုးတာလဲလို့ ဘာဖြစ်လို့လဲ ကိုယ့်ကလေးလေးက ဒီလိုလုပ်တာမကြိုက်ဘူးလား
Kyu-မကြိုက်ဘူး နောက်မလုပ်နဲ့
Siwon ကားကိုလမ်းဘေးနားချရပ်လိုက်ပြီး
Siwon-နောက်မလုပ်နဲ့ဆိုအခုရော
Siwonပြောလည်းပြော Kyuနှုတ်ခမ်းလေးပေါ်ကိုလည်း အနမ်းတစ်ပွင့်ပေးလိုက်သည် Kyuကတော့ မျက်လုံးအပြူးသားနဲ့ အတင်းတွန်းထုတ်နေသည် Kyuတွန်းထုတ်လေ Siwonတို့ကမလွှတ်ပေးလေဖြစ်နေတာကြောင့် Kyuလည်း ငြိမ်နေလိုက်ရသည် စက္ကန့်၂၀လောက်အကြာမှ Siwonပြန်လွှတ်ပေးလိုက်တော့
Kyuရင်တွေအရမ်းခုန်နေသည် မျက်လုံးလေးလည်းအပြူးသား ပြီးတော့မှ
Kyu-Arrr Oppa!!!!တကယ်ပဲမကောင်းဘူး ဘယ်လိုလူကြီးမှန်းမသိဘူး Kyaa!!!မလုပ်ပါနဲ့လို့ပြောတာကို Narpoo Idiotကြီး
Siwonရင်ဘတ်ကိုလည်းသူ့လက်နှင့်ထုရိုက်နေသည် Siwonကတော့ရင်ဘတ်ကိုပန်းနှင့်ပေါက်သည်များထင်နေလားမသိ အရယ်အပြုံးတစ်ချက်မပြတ်
Siwon-ကဲပါ ကလေးလေးရယ် က်ေမကြိုက်ရင်မလုပ်တော့ပါဘူး ကတိပေးပါတယ်
Kyuသူ့လက်သန်းလေးကိုထောင်ပြတော့Siwonလည်း လက်သန်းလေးပြန်ချိတ်လိုက်သည်
Siwon-ကဲပါ ကလေးလေး Oppaနဲ့ကုမ္ပဏီကိုပြန်လိုက်မှာလား အိမ်ပဲပြန်ပို့ပေးရမလား
Kyu-အိမ်ပဲပြန်မယ်Oppa
Siwon-OK အိမ်ပြန်မယ် ပြီးရင်Oppaကကုမ္ပဏီပြန်ရဦးမယ် ကလေးတစ်ယောက်ထဲနေရဲလား ဒါမှမဟုတ် အိမ်ကArjumaကိုခေါ်ခဲ့ရမလား
