My Star

155 11 0
                                    


***ထက်ကောင်းကင်ယံမှာ လင်းလက် တောက်ပနေတတ်တဲ့ ကြယ်စင်များကို ကျွန်မ အရမ်းမြတ်နိုးသည်။

ကြယ်စင်တွေကို ချစ်တဲ့ ကျွန်မ

ထိုကြယ်စင်များနဲ့ နည်းတူ လူ့လောက အလယ်မှာ လင်းလက်တောက်ပနေကြသည့် အနုပညာရှင်များကိုလဲ သဘောကျ နှစ်သက် သည့် သူများထဲမှာလဲ တယောက် အပါအဝင်ဖြစ်ခဲ့သည်။

တနေ့တနေ့ ကြယ်စင်များကို မတွေ့ရမနေနိုင် သလို

အနုပညာ ကြယ်ပွင့်များကိုလဲ တနေ့ မကြည့်ရ မနေနိုင်လောက်အောင် စွဲလမ်းနှစ်သက်ခဲ့သူတယောက် ပါ။

များပြားစွာ လင်းလက်နေကြသည့် ကြယ်စင်တွေ ထဲမှာမှ Pole Star လို့ခေါ်တဲ့ လမ်းပြ ဓူဝံကြယ်စင် က အတောက်ပဆုံး ကြယ်စင်တစင်း

ထို့နည်းတူစွာ

ကျွန်မ ဘဝရဲ့ လမ်းပြဓူဝံကြယ်စင် လူသားတယောက်က

အနုပညာ ကြယ်ပွင့်များစွာထဲကမှ
Beauty Flower လိုမျိုး မျက်နှာ လှလှလေးနဲ့
ညို့ငင်နိုင်စွမ်း အားကောင်းတဲ့ သမင် မျက်လုံး ပိုင်ရှင် Idol Star တယောက် ဖြစ်နေလိမ့်မယ် ဆိုတာ မည်သူတဦးတယောက်မျှ သိမည် မဟုတ်။

ကာယကံရှင် လူလဲ လုံးဝ သိရှိမည်မဟုတ်။

ဘာလို့ဆို ကျွန်မ ဖက်က တဦးတည်းသော မူပိုင်ဖြင့် သတ်မှတ်ထားခဲ့မိလို့ပဲ ဖြစ်မယ်***

ရေးလက်စ Diary စာအုပ်လေးကို ပိတ်လိုက်ပြီး

လေနုအေးအေး လေးများတိုက်ခတ် နေတဲ့ ပြတင်း တံခါးစီ ဦးတည်ကာ

ရွှေ့လျားသွားမိသည်။

ညခင်းဖက် မှာ ကြည်လင်နေတဲ့ မိုးကောင်းကင်တွင် ကြယ်စင်များ ပိုပြီး လင်းလက်တောက်ပနေတတ်တဲ့ နေ့

နောက်ပြီး ခုလိုမျိုး လေနုအေးအေးလေးများ တိုက်ခတ်နေတဲ့ အချိန်တွေဆို ကျွန်မရဲ့ အပျော်ဆုံးနေ့တနေ့ပါပဲ။

" သမီး မအိပ်သေးဘူးလား "

အသံလာရာ လှည့်ကြည့်လိုက်မိတော့ ကျွန်မရဲ့ ချစ်လှစွာသော Omma

" nae သမီး အိပ်မပျော်သေးလို့ပါ omma.
နောက်ပြီး ခုလိုမျိုး အချိန်တွေဆို သမီး အိပ်ရမှာတောင် နှမြောလို့ "

" inn ဒီနေ့ ရာသီဥတုက သမီး အကြိုက်ဆုံးအခြေ အနေပဲနော် "

" nae nae omma ရေ "

အခန်းတွင် တိတ်ဆိတ်မှု အခြေအနေကို 5min လောက်နေရာယူပြီတော့ကား~~~

" ohmo omma မေ့တော့မလို့
မနက်ဖြန် သမီး ဝယ်ခိုင်းထားတဲ့ ပစ္စည်း ရပြီသိလား "

" jija wo ပျော်လိုက်တာ
သမီး မှာထားတဲ့အတိုင်း ရတာလား omma "

" inn ရတယ် ။ omma တို့ မနဲရှာထားရတာ ။ အဲ့အကောင်က ရှားတယ် "

" Nomu Nomu Nomu Gomasamitha Omma."

" oh omma တို့မှာ ဒီ သမီးတယောက်ပဲရှိတာကို အဲ့လို မပြောပါနဲ့ သမီးရယ် နော် "

" ဒါနဲ့ သမီး present ပေးဖို့ပဲလား "

" nae omma. "

" innပါ နက်ဖြန် မနက်စောစော ရောက်မယ်ဆိုပဲ .ခု ညနက်နေပြီ သမီးအိပ်တော့နော် ။ နောက်နေ့ သူ့ကိုစောစောတွေ့ရအောင် ခုအိပ်မှ ဖြစ်မယ်"

" nae nae omma .Good Night "

" inn Good Night .Have a sweet Dream "

ထိုည တညကတော့ နက်ဖြန် အတွက် ကြိုတွေးပြီးပျော်ရွှင်စရာများနဲ့ အိပ်ခဲ့ရတဲ့ ညတည ဖြစ်ခဲ့သည်ပေါ့။

************************************

My StarWhere stories live. Discover now