My Star

59 8 0
                                    

Pole Star *** Pole Star ***

ကျွန်တော် အခုတလော ထိုစကားလုံးကို တော်တော်လေး သဘောကျနေမိတာတော့အမှန်ပဲ

ကြယ်စင်တွေအများကြီးထဲကမှ ဓူဝံကြယ်နဲ့နှိုင်းယှဉ်ခံရတော့ ရင်ထဲမှာ တခါတခါ အပျော်လှိုင်းလုံးကြီးများရိုက်ခတ်သွားသလို ခံစားရ မိတတ်၏။

ကျွန်တော့်ကို မီးခိုးရောင် ကြောင်လေး Present ပေးသွားတဲ့ သူ ဘာကိုဆိုလိုချင်မှန်း အပြည့်အဝနားမလည်သော်လဲ

အနည်းငယ်တော့ ထိုဆွဲကြိုးလေးကို ကြည့်ရုံနဲ့မြင်နိုင်ခဲ့ပါတယ်။

ကြယ်စင်တွေကို အနုပညာရှင်တွေနဲ့ နှိုင်းယှဉ် ဂုဏ်ပြုတတ်ကြသလို

သူတို့တွေထဲက ကျွန်တော်လဲ အနုပညာရှင်ကြယ်ပွင့်ဆိုပြီးတော့ ခေါ်ခဲ့ကြသေးတာပဲ

သို့ပေမဲ့လို့ ~~~

မည်သူတဦးတယောက်မှ

မိုးကောင်းကင်တွင် အထွန်းလင်း အတောက်ပဆုံး လမ်းပြ ဓူဝံကြယ် အဖြစ်တော့
အခေါ်မခံ ရသေးပေ။

ခုတော့ ကျွန်တော့် လို ဘာမဟုတ်တဲ့ အနုပညာသက်တမ်းနုနု သမားတယောက်ကို

ဓူဝံကြယ်အဖြစ် ခေါ်ခံရတော့ကား~~~

အတိုင်းအထက်အလွန် ပျော်သည်ဆိုတာထက်
ဝမ်းသာ ပီတိဖြစ်မိတယ်လို့ပြောရင် ပိုမှန်ပါလိမ့်မည်။

ဟုတ်ပါတယ် ကျွန်တော် အခုတလော ထိုမီးခိုးရောင်ကြောင်လေး ရောက်ပြီးနောက်ပိုင်း

pole star ဆိုတဲ့ စကားကို ပိုပိုပြီး နှစ်သက်လာမိသလို

ဆွဲကြိုးလေးနဲ့ မီးခိုးရောင်ကြောင်လေးရဲ့
ပိုင်ရှင်ကိုလဲ မြင်တွေ့ဖူးချင်တဲ့စိတ်ကလဲ
တနေ့ထက်တနေ့ ပိုပို လာခဲ့မိတယ်။

************************************

နောက်အပတ်ဆိုရင်ဖြင့် ကျွန်တော့်ရဲ့ ပွဲဦးထွက် တကိုယ်တော် Show ပွဲကို Hong Kong မှာ  Company ရဲ့ အခွင့်အရေးပေးမှုကြောင့် ဖျော်ဖြေခွင့်ရရှိတော့မည်။

ခါတိုင်း အချိန်တွေဆိုရင်ဖြင့် Member များနဲ့ အတူ ဖျော်ဖြေခဲ့ရတော့ ကြောက်စိတ် ဆိုတာ ရှိတယ်လို့တောင် မထင်မိခဲ့

ဒါပေမဲ့ ခုလိုမျိုး တကိုယ်တော် ပွဲထွက် ရမည်ဆိုတော့

ကြောက်စိတ်ထက် စိုးရိမ်စိတ်က ကျွန်တော့် ရင်ထဲမှာ လွှမ်းမိုးထားတတ်သည်။

သို့ပေမဲ့လို့ကျွန်တော့်ရဲ့ ချစ်လှစွာသော
Member 11ယောက်လုံးကလဲ လာရောက်အားပေးကြမယ်ဆိုတော့ဖြင့်

ကျွန်တော့်ရဲ့စိုးရိမ်စိတ်ကတော့ အနဲအကျဉ်း
လျော့နဲသွားခဲ့ရတာတော့ မှန်ခဲ့ပါတယ်။

နောက်ထပ် ၇ရက်ပြည့်မြောက်မဲ့နေ့ကို လက်ချိုးရေတွက်ရင်း
လေ့ကျင့်မှုများပြုလုပ်
ကာ အားအင်သစ်များမွေးဖွားရင်း ကျွန်တော်ရဲ့ ချစ်ရပါသော ပရိတ်သတ်တို့အား အစွမ်းကုန်ဖျော်ဖြေ နိုင်ဖို့အတွက် ဆိုတော့ကား ~~~

"  Xiao  Luhan ဆိုတဲ့ ငါ လုပ်နိုင်မှာပါ
လုပ်နိုင်ပါတယ်
ဘာလို့ဆို ငါက Samnamja လဲဖြစ်သလို
Pole Star လဲဖြစ်နေလို့ပဲ
ဟုတ်တယ် ငါ pole Star လိုမျိုး အတောက်ပဆုံးဖြစ်ချင်တယ်ဆို ငါစိုးရိမ်စိတ်တွေဖျောက်ပြီး လေ့ကျင့်မှပဲ ရမယ်
Fighting Luhan "

ကိုယ်ကိုတိုင် အားပေးစကားပြောပြီး အားတင်းကာ လေ့ကျင့်မှုများပြုလုပ်ရင်း 

တခါခါ လည်ပင်းမှာ ဆွဲထားတဲ့ Star လေးကို နမ်းလိုက်ပြီး အမော ဖြေနေလိုက်သေး၏။

************************************

My StarWhere stories live. Discover now