My Star

49 8 0
                                    

Tin Tong~~~~~~

" nae ဘယ်သူများပါလိမ့်ရှင် "

" Xi Luhan ကို Fan တယောက်က Present ပေးခိုင်းလိုက်လို့ပါ "

" aww nae သားတော့ မရှိဘူး Anty ကိုယ်စား ယူပေးထားလို့ဖြစ်မလား "

" nae ဖြစ်ပါတယ် ခင်ဗျာ
ဒီမှာတော့ လက်မှတ်လေး တော့ ထိုးခဲ့ပေးပါနော် "

" Gomasamitha ကျွန်တော့ကို သွားခွင့်ပြုပါအုံး Anty "

" nae Gomawow. ဒါနဲ့ ဘယ်သူပေးတာလဲ ဆိုတာ သိခွင့်ရှိမလား မသိဘူး "

" ဒါတော့ တောင်းပန်ပါတယ် Anty
မမလေးက မပြောပါနဲ့လို့သေချာမှာထားလို့ပါ
ခွင့်ပြုပါအုံးနော် "


Present လာပို့သူ ခြံထဲကထွက်သွားပြီး မရှေးမနှောင်းမှာပဲ Luhan ရဲ့ကားအနီရောင်လေးရောက်ရှိလာကာ

" Amma ခုနက ဘယ်သူလဲ ဟင် "

" aww သားပြန်လာတာနဲ့အတော်ပဲ
ဒီမှာသားအတွက်Presentလာပို့သွားတယ်
သားရဲ့ fan တယောက်ပို့ခိုင်းတာလို့တော့ ပြောသွားတာပဲ "

Amma ဘေးနားမှာချထားတဲ့
လှောင်အိမ်လှလှလေးကို အပေါ်က အုပ်ထားတဲ့အဝတ်ကို ဖွင့် ကြည့်လိုက်တော့

" oh my god Amma ရေ
ဒါ သားလိုချင်နေတဲ့ အကောင်လေ
ရှာနေတာ ကြာပြီ အဲ့လို အရောင်မျိုး နဲ့ ဒီမှာ ရှာတာ ဘယ်လိုမှမတွေ့ဘူး ဖြစ်နေလို့လေ "

" oh ချစ်စရာ အကောင်လေးပါလား
ခန္ဓာကိုယ်ကလဲ ကြည့်ပါအုံး အသည်းယားစရာ
ဝဖြီးနေတာပဲ
Amma ထင်တောင်မထင်ဘူး
သားအတွက် present က ရှားပါးကြောင်တကောင်ဖြစ်နေလိမ့်မယ်လို့ "

"

" Amma Present ပေးတဲ့သူ နာမည်ကို မမေးလိုက်ဖူးလားဟင် "

" မေးလိုက်တယ် ဒါပေမဲ့ သူ လုံးဝမပြောပြနိုင်ပါဘူးတဲ့
သူတို့မမလေးက မပြောပါနဲ့လိုတော့ ပြောတာပဲ

ကြည့်ရတာ ချမ်းသာတဲ့ မိသားစုက ကောင်မလေး တယောက်ပဲ ဖြစ်လိမ့်မယ် ထင်တယ် သား "

" ဟုတ်လား
သားက သားအကြိုက်ကို သိနေတဲ့သူကို သိချင်မိလို့ပါ "

" inn ပါ
ကဲသားရဲ့ ကောင်လေးကို ခေါ်ပြီးသွားနားတော့နော် "

" nae omma"

" လာ ကောင်လေးရေ ငါတို့သွား အနားယူရအောင် "

At Luhan Room;

" Hi ! ကောင်လေးရေ
တွေ့ရတာ ဝမ်းသာပါတယ်ကွာ

မင်းရဲ့ ပိုင်ရှင်က အခုဆို ငါဖြစ်သွားပြီနော် သိလား "

••• ခုတင်ပေါ်က မီးခိုးရောင် အကောင်ကတော့ ပိုင်ရှင် အသစ်ချောချောလေးကို ပွတ်သပ်ကာ တညောင်ညောင် အသံပေးနေလေရဲ့ •••

ဒါကို သဘောခွေ့နေတဲ့ ပိုင်ရှင်ချောချောလေးက

" Ha Ha Ha မင်းက တော်တော် စကားများတာပဲ "

" အဲ့လိုဆို မင်းရဲ့ ပိုင်ရှင် အဟောင်း ကို မင်းပြောပြပေးနိုင်မလား "

ထိုစဉ်
မီးခိုးရောင်အကောင်လေးက သူ့ရဲ့ အိမ်ကလေးထဲဝင်သွားပြီး ပစ္စည်လေးတခု ချီလာသည်။

နောက်ပြီး သူ့ရဲ့ ပိုင်ရှင်ချောချောလေးရှေ့မှာချပေးထားခဲ့ပြီး
ဘေးနားမှာခွေခွေလေး လှဲနေလိုက်သည်။

" ဟင် ဒါကဆွဲကြိုး လေးတကုံးပါလား "

ငွေရောင်ဆွဲကြိုးမှာ လော့ကတ်သီးလေးက
Star ပုံသဏ္ဍာန် နဲ့ အထဲမှာ စာလုံးထွင်းထားတာက LH 7 တဲ့

"
ဒါဆို LH7 ဆိုတဲ့ ကျွန်တော်က Star ပေါ့ အဲ့လိုဆိုလိုချင်တာများလား "

••• ကျွန်တော် စဉ်းစားခန်းဝင်နေတုန်း ဟိုအိပ်နေတဲ့အကောင်က ဘာစိတ်ကူးပေါက်လဲမသိ
ဆွဲကြိုးကို အတင်းလာဆွဲနေတယ်

နောက်တော့ ကျွန်တော်တို့ ရဲ့ လုပွဲထဲမှာ ဆွဲကြိုးလေးရဲ့ လော့ကတ်သီးလေးပွင့်ထွက်သွားရှာတယ် •••

အထဲမှာ ကျွန်တော် မြင်လိုက်တာက စာလုံးသေးသေးတွေနဲ့ ထွင်းထားတဲ့

*You are my pole Star*

ဆိုတဲ့စာသားလေးတကြောင်း~~~

" pole Star ဆိုတာက ဓူဝံကြယ်ကိုခေါ်တာ
ဒါဆို သူပြောချင်တာက ကျွန်တော်က ဓူဝံကြယ်ပေါ့ "

************************************

My StarWhere stories live. Discover now