Part(1)

2.2K 191 8
                                    

~~~ခွမ်း~~~~

ပန်းကန်ကျကွဲသံနှင့်အတူ ကောင်မလေး၏ခြေမ ကသွေးတွေက ဖြာထွက်လာသည်

ဒါကိုကောင်လေးက မမြင်ဟန် စကားဆက်ပြောနေသည်

ကောင်မလေးကတော့ကြောက်လွန်း၍ တုန်ကာ အသံပင် မထွက်တော့

ဒီမြင်ကွင်းက ဒီအိမ်က အစေခံတွေ အတွက်တော့
ရိုးနေပြီ ဖြစ်သောမြင်ကွင်းတစ်ခု

ကောင်လေးက အိမ်တစ်လုံးစာနီးပါးကျယ်ဝန်းသော
ဧည့်ခန်းကြီး၏ အဖြူရောင်ထိုင်ခုံကြီးပေါ်တွင်
ဟန်ပါပါ စမတ်ကျကျထိုင်ကာ သူ့စကားကိုဆက်ပြောနေသည်

ကောင်မလေးကတော့ ကောင်လေးရှေ့မလှမ်းမကမ်းတွင် ရပ်ကာ
ကော်ဖီဗန်းလေးကို လက်ကတင်းနေအောင်ဆုပ်၍
ကြောက်ဒူးတုန်နေရှာသည်

သူ့ခမျာ ခြေမကအနာ နာ၍တောင် မအော်ရဲသည့်
ဘဝ

ကြောက်လွန်းသဖြင့်ခြေထောက်တောင်
ကောင်းကောင်းမထောက်နိုင်တော့

သူမ က အမှားလုပ်ထားသူမလား

Girl point view...

တကယ်တော့ သူမ အမှားမလုပ်လည်းသူက ဒီလိုပါပဲ တစ်ခါလောက်သူ့စိတ်တိုင်းကျမနေလျှင်
သူမ အမြဲဒီလိုလုပ်ခံနေရတာမလား ဒီတစ်ခါတော့
သူမ မှားမှန်းသိပါတယ်

ဒီနေ့နေ့လည်က သူမ သူ့ကိုခွင့်မတောင်းပဲ
သူငယ်ချင်းမွေးနေ့ပွဲအတင်းခေါ်၍သွားခဲ့သည်လေ

ညနေကျောင်းမဆင်းခင်ပြီးမည်ထင်သော်လည်း
ကျောင်းဆင်းပြီးနာရီဝက်ကျော်မှပြီးသည့်အတွက်
ကြောက်ကြောက်နှင့်အိမ်ပြန်လာခဲ့သည်

အိမ်ရောက်ပြီးမကြာလိုက် ထင်သည့်အတိုင်းသူ
ကျွန်မကို ခေါ်ခိုင်းလိုက်သည်

Arjima>>မမလေးbaekkie....သခင်လေး
ခေါ်ခိုင်းလိုက်တယ်...ကော်ဖီပါဖျော်ခဲ့တဲ့

Baekkie>>arr nae

သူ့ကို တစ်အိမ်လုံးက မမလေးဟုခေါ်ကြသည်

သူမ ရီချင်သွားသည်

သူမကိုကျောင်းမှာလည်းအားကျသူအမြောက်အမြားရှိသည်လေ

အားလုံးက သူမကို အားကျသောမျက်လုံးများဖြင့်
ကြည့်ခံရဖူးသည်

ဘာလို့လဲဆိုတော့သူက korea ရဲ့ထိပ်သီး
groupက မွေးစားခြင်းကိုခံလိုက်ရသည်မလား

တကယ်က baekkieဆိုသော ကျွန်မက သူ့ရဲ့
ကျွန် တစ်ယောက်မျှသာ အရုပ်တစ်ရုပ်လိုစေလိုရာစေခိုင်းနိုင်တဲ့ ကျွန်ပေါ့

မနက်မိုးလင်းတာနဲ့ကျောင်းအင်္ကျီကလွဲ၍ ကျန်အိမ်
နေရင်းဝတ်တဲ့အင်္ကျီကအစ သူ့စိတ်တိုင်းကျ

အစားလည်းသူ့စိတ်တိုင်းကျစားသောက်ရသည်လေ

ဟိုဟာလေးစားမယ်ဆိုလည်း ဗိုက်နာတတ်တယ်

ဒီဟာစားမယ်ဆိုလည်း ရင်ပြည့်မယ်ဘာညာနဲ့ပေါ့

သူများတွေအတွက်တော့ဒါဟာဂရုစိုက်တာပါလို့
ထင်လိုက်မယ်

မဟုတ်ပါဘူး သူကျွန်မကိုနိုပ်စက်ချင်လို့ပါ

မှတ်မိနေသေးတယ်..

အလယ်တန်းဒုတိယနှစ်ကပေါ့

အတန်းထဲက ကောင်လေးအသစ်ပြောင်းလာပြီး
သူမဘေးထိုင်ရတဲ့နေ့ကပေါ့

သူက ခင်ပါရစေဆိုပြီးbaekကို ပေါင်မုန့်လေး
တစ်လုံးကျွေးတယ်လေ

Baek လည်းအားနာလို့စားလိုက်တာပါ

ညကျတော့baekကို သူ အိမ်ထဲပေးမဝင်ခဲ့ဘူးလေ

ဆောင်းတွင်းအေးစက်နေတဲ့ အိမ်ရှေ့ဒန်းပေါ်မှာ
Baek အိပ်ခဲ့ရတာမမေ့ဘူး

အခုလည်း baekခြေမ သွေးထွက်နေတာတောင်
သူပြောတဲ့စကားက.........

Boy>>မင်းတော်တော်ပျော်ရဲ့လားbaekkie
မင်းကအတောင်စုံနေပြီဆိုတော့ဘာလဲ ငါ့ကိုပုန်ကန်ချင်တာလား... ဟားဟား
Park chanyeolကိုဒီလိုလုပ်လို့ရမလား
မင်း ရင်ဆိုင်နိုင်တယ်ဆိုထွက်သွားနော်ငါမတားဘူး
အေးဒါပေမယ့် ငါ့မျက်စိရှေ့ကထွက်သွားတာနဲ့
နင့်ဘဝပျက်ပြီဆိုတာ မှတ်ထား hkhk

သူ့အပြုံးတွေက ကျွန်မအတွက်တော့ မကောင်းဆိုးဝါးတစ်ကောင်လှောင်ရီနေသလိုပဲ

Baekသူ့ကို ကြောက်လည်းကြောက်တယ်
မုန်းလဲမုန်းတယ်....

ကျွန်မအတွက်တော့park chanyeolဆိုတာ
နတ်ဆိုးတစ်ကောင် ပါပဲ

>>>>>>>>>

Next part chanyeol point view
ပေါ့နော်

အဲ့ficလေးဖတ်ဖူးသူရှိရင်သိမှာပါ

နည်းနည်းပြောင်းထားပါတယ်

ကြိုက်မယ်လို့မျှော်လင့်ပါတယ်^_^

Saranghaeyo~~~~~

All my readers♡♡♡♡

သူ ချစ်သည် ထက် ကျွန်မ သာ၍မုန်းခဲ့သည်Hikayelerin yaşadığı yer. Şimdi keşfedin