Park Chanyeol ဆိုတဲ့ကျွန်တော့်ဘဝမှာ
ကျွန်တော့်အပေါ်ကြင်နာတဲ့ ပထမဆုံးလူသား
သူမနဲ့တွေ့ဆုံခဲ့ရခြင်းက တကယ်ဘုရားပေးတဲ့
ဆုလဒ်လိုပါပဲဒါပေမယ့်မွေးလာတည်းကအချစ်နဲ့မရင်းနှီးခဲ့တဲ့
ကျွန်တော် အချစ်ဆိုတာမျိုးကိုလှပအောင်မပြသတတ်ခဲ့ဘူးလေဒါကြောင့်ပဲလား သူက ကျွန်တော့်ကိုသိပ်ကြောက်တာ
ဒါဝမ်းသာစရာမဟုတ်မှန်းသိပါတယ်...သိပေမယ့်
လည်းပေါ့...ကျွန်တော့်ကို သူ ကြောက်နေမှ ကျွန်တော့်နားက
ထွက်မသွားမှာလို့ ငယ်ငယ်က ကလေးဆန်ဆန်
တွေးမိခဲ့တယ်လေဒါchanyeol ဆိုတဲ့ကျွန်တော်ပထမဆုံးမှားမိတဲ့
အမှားပေါ့ကြာတော့အဲ့အတွေးက စိတ္တဇဆန်ဆန် နေရာယူ
လာတယ်ကြောက်မှသူ့အနားကနေbaek ထွက်မပြေးမှာ
ဆိုတဲ့အတွေးတွေးမိတယ်ဒီလိုနဲ့သူ baekကြောက်အောင်အမျိုးမျိုးလုပ်ခဲ့
တယ်လေတကယ်တော့သူမသိတာက သူအဲ့လိုလုပ်လေလေ
Baekနဲ့ဝေးလေလေဆိုတာကိုပေါ့..............................
Monday morning;
^morning ^
အသက်မပါတဲ့အပြုံးလေးနဲ့အိမ်ရှိလူတွေကို သူမ
နှူတ်ဆက်လိုက်သည်သူမရဲ့အသက်ဝင်လှတဲ့ အပြုံးတွေပျောက်ဆုံးနေတာဒီအိမ်ရောက်ကတည်းကပေါ့ဒါကြောင့် သူမ ပြုံးရုံသာပြုံးပြတတ်တော့တာမဆန်း
ဒါပေမယ့်သူမ လူတစ်ယောက်ကိုတော့လုံးဝမပြုံးပြခဲ့
အဲ့တာကတော့ Parkအိမ်တော်ရဲ့အရှင်သခင်
Park Chanyeol ပါဘဲBaekက yeolရှေ့ရောက်ရင်သူ့အလိုလိုအပြုံးတွေပျောက်
နေတတ်ခဲ့ကာ သူမဒီအိမ်ကြီးကိုရောက်ပြီးနောက်ပေါ့ညညဆိုလည်းအိမ်မက်ဆိုးကလန့်လန့်နှိုးတတ်တာ
Park Chanyeol ဆိုတဲ့လူကြောင့်ပါပဲ
သူမ ဘဝ မှာ အပြုံးတွေကိုဖန်တီးပေးတဲ့ သူ မပေါ်
လာခင်အထိပေါ့သူမ တခါတလေကြယ်ကြွေရင်ဆုတောင်းမိဖူးသည်
ဒီအိမ်ကနေ သူမ ကိုကယ်ထုတ်မယ့်သူပေါ်လာပါစေ
လို့ပေါ့