Mind

635 64 0
                                    

သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းကခုထိတော့သာယာနေတုန်းပါပဲ။
မုန်တိုင်းမလာခင်ချိုသာတဲ့လေညှင်းလေးတွေလာသလိုပေါ့။
အချိန်တွေကြာလာပေမယ့်လဲ
အချစ်တွေကတော့လျော့မသွားသေးပါဘူး။
Kris ရဲ့ဆုံးဖြတ်ချက်တွေကတော့
လျော့ရိလျော့ရဲဖြစ်လာနေပြီလေ။
သူငယ်ချင်းအတွက်လက်စားချေလိုမှု
ချစ်သူအပေါ်ချစ်ခြင်းမေတ္တာရှိမှု
သူဘာလုပ်မလဲ။
သူ့အပေါ်ကိုချစ်သူကအပြည့်အဝယုံကြည်တယ်လေ။သူသာလက်စားချေမှုကိုနောက်ဆုတ်လိုက်ရင်အရာရာမီးသေပဲလေ။ဒါပေမယ့်သူမရပ်တန့်ခဲ့ဘူး။ချစ်သူကိုချစ်ပေမယ့်သူ့ရင်အကွဲခံပြီးသူငယ်ချင်းအတွက်လက်စားချေမှုကိုတော့ပြီးအောင်လုပ်ချင်တယ်လေ။သူ့သူငယ်ချင်းကသေသွားခဲ့ရတာ။
သူ့စိတ်သူလဲနားမလည်နိုင်တော့ဘူး။
ချစ်သူဘက်ကရပ်တည်ချင်သလို
သူငယ်ချင်းအတွက်လဲခံပြင်းနေတယ်။
တချိန်ချိန် Yeol သိသွားခဲ့ရင်
သူ့ကိုအမုန်းကြီးမုန်းသွားနိုင်တယ်။
သူ့အချစ်တွေကိုဟန်ဆောင်မှုလို့ပဲထင်သွားမှာ။သူဘာလုပ်ရမလဲ။
မကြာခင်မှာအဖြစ်မှန်တခုကိုရင်ဆိုင်ရတော့မယ်။သူကိုယ်တိုင်မဟုတ်ပေမယ့်ပေါ့။
Mike ကသူ့အစားရင်ဆိုင်မှာပါ။သူကတော့နောက်ကွယ်ကကြိုးကိုင်သူပေါ့။
Yeol ရဲ့ Com ကိုသူပိုင်ဆိုင်ရတော့မှာလေ။
ရုတ်တရပ်ဆန်သွားမဲ့အဖြစ်အပျက်တခုကို
Yeol ခံနိုင်ရည်ရှိပါ့မလား။
Share ပြသာနာတွေကိုသူနဲ့တူတူဖြေရှင်းနေတာ
နောက်တချိန်သူနဲ့တူတူ Com ကိုကာကွယ်ပေးနေတဲ့သူ့ချစ်သူဟာသူ့ရန်သူဖြစ်လာခဲ့မယ်ဆို Yeol လေးခံနိုင်ရည်ရှိပါ့မလား။
သူပြသာနာတွေဖြစ်လာရင်တောင်
Yeol ကိုပြောစရာတခွန်းပဲရှိတယ်။

Yeol ကို ကိုယ်တောင်းပန်ပါတယ်။

( အနော်လေသူတို့နှစ်ယောက်ကိုညားစေချင်ပါတယ်။Kris ကိုလဲဒီကိစ္စတွေကိုရပ်တန်းကရပ်ပြီတော့
Yeol လေးနဲ့လက်တွဲသွားစေချင်ပါတယ်။
ဒါပေမယ့်လဲ ပြန်လှည့်လို့မှမရတော့တာပဲလေ။
နောက်အပိုင်းကစပြီးချိုးပါပြီလို့။)

Sweet Acid ( krisyeol )Where stories live. Discover now