Part 1

2.1K 183 2
                                    

"ကျွတ်​ .. တစ်​ခါလာလည်း ဒီပုံစံ ဒီ Design၊ အသစ်​အဆန်းရယ်​လို့ မ​ရှိ​တော့ဘူးလား"

အလုပ်​စားပွဲ​ပေါ်ရှိတဲ့ ​​ရောင်​စုံဓာတ်​ပုံ​တွေကို လက်​နှစ်​ဖက်​နဲ့တွန်းဖယ်​လိုက်​ရင်း ​​ကြော်​ငြာတာဝန်​ခံဆိုတဲ့ အူတိအူ​ကြောင်​ ရှည်​​မျော​မျောလူကို Jongin စိတ်​ပျက်​လက်​ပျက်​ကြည့်​လိုက်​မိ​တော့ သူ့ခမျာမလည်း မမြင်​ရတဲ့​ချွေး​တွေပဲလှိမ့်​သုတ်​ရင်း ​​အ​နေရခက်​​နေတဲ့ပုံနဲ့။

"ဒီတစ်​​ခေါက်​ product က ထူးခြားတယ်​၊ ခါတိုင်းလို ​ဈေးကွက်​ထဲက Model ​တွေ မသုံးချင်​ဘူး၊ မျက်​နှာသစ်​​တွေထဲက ဆွဲ​ဆောင်​မှုရှိတဲ့မျက်​နှာမျိုးလိုချင်​တာလို့ ငါ​မ​ပြောလိုက်​ဘူးလား"

ပြော​နေရင်း စိတ်​ကရှုပ်​လာပြန်​​တော့ စားပွဲ​ပေါ်မှာ ရှုပ်​ယှက်​ခတ်​​နေတဲ့ ဓာတ်​ပုံ​တွေကို ​ဘေးကိုတွန်းချပစ်​လိုက်​ရင်း ​ရှေ့ကသူ​ကောင့်​သားကိုပဲ အားရပါးရ​အော်​​ပေးလိုက်​တယ်​။

"ဟို​လေ .. MD ​ပြောတဲ့အတိုင်း ရှာကြည့်​​ပေမယ့်​​လေ ... ဟို .. ဟို"

Aish .. အ​ရေးထဲ ထစ်​​အ​နေ​သေးတယ်​။

Kim Jongin လို စိတ်​က အရပ်​ရဲ့ 10 ပုံပုံ 1 ပုံ​လောက်​ပဲရှိတဲ့သူမျိုးနဲ့​တွေ့​တော့ ဒီတာဝန်ခံ ခုမှ အလုပ်​ဝင်​တာ သုံးလမပြည့်​​သေး .. ပြုတ်​​စော်​က နံချင်​ချင်​။

"ရှာကြည့်​​ပေမယ့်​ ဘာဖြစ်​လဲ​ပြော"

"အဲ့ဒါက​လေ .. သိပ်​အဆင်​​ပြေတဲ့သူရှာမ​တွေ့လို့ပါ၊ အဆင်​​ပြေ​လောက်​တဲ့သူကျ​တော့ သူတို့ agency ​တွေရဲ့ စာချုပ်​စည်းကမ်းအရ တစ်​နှစ်​ကို ​ကြော်​ငြာဘယ်​နှစ်​ခုထက်​ ပိုပြီး မရိုက်​ရဘူးဆိုပြီး .. ပြီး"

"Aish .. စိတ်​ပျက်​လိုက်​တာ"

ပြောရင်းပဲ စိတ်​ကတိုလာတာနဲ့ စားပွဲကို လက်​သီးနဲ့အားရပါးရထိုးချလိုက်​တယ်​။ ဒုန်းခနဲမြည်​သံ​ကြောင့်​ ​ရှေ့က Park Chanyeol ဆိုတဲ့ တာဝန်​ခံလည်းထခုန်​မတတ်​ဖြစ်​ပြီး သူ့ရင်​ဘတ်​သူလက်​နဲ့ဖိလို့။

ဖြစ်​ရမယ်​ .. လူပုံစံ​က​လေ ကြည့်​​လေ​လေ အချိုးမ​ပြေေ​လ​လေပဲ။ ရိုးသလို အသလိုနဲ့ .. ဒါနဲ့များ Appa က​တော့ မွှန်းလိုက်​တာ။

Super ModelWhere stories live. Discover now