Part 2

1.6K 238 24
                                    

တံခါး​ခေါက်​သံနှစ်​ချက်​ဆင့်​ထွက်​လာ​ပြီး သိပ်​မကြာခင်​မှာပဲ ဟသွားတဲ့တံခါးနှစ်​ချက်​ကြားထဲက Baekhyun​ ခေါင်းထွက်​လာတာ​တွေ့လိုက်​ရ​တော့ ​Jongin ​မေးတစ်​ချက်​ဆတ်​ပြပြီး ဧည့်​သည်​​ကောင်​​လေးကို အထဲဝင်​လာခိုင်းဖို့ အချက်​ပြလိုက်​တယ်​။ ပြီးတာနဲ့ ကိုယ်​က ဘာ​ပဲ​ပြော​ပြော MD မလား .. ဟန်​ကိုယ့်​ဖို့ဆိုတဲ့အတိုင်း စားပွဲ​ပေါ်က ​တွေ့တဲ့ A4 စာရွက်​အလွတ်​​တွေဆွဲပြီး ​ဘောပင်​တစ်​​ချောင်းနဲ့ ဟိုခြစ်​သည်​ခြစ်​လုပ်​ရင်း အလုပ်​​တွေပဲရှုပ်​​နေသ​ယောင်​ နည်းနည်းပါးပါး ဟိတ်​ဟန်​ထုတ်​​နေလိုက်​တယ်​။ အသက်​ငယ်​တဲ့ MD ဆိုပြီး impression ​တော့ အ​ဒေါင်းမခံနိုင်​ဘူး​လေ ..
အိုက်​တင်သာလုပ်​​နေတာ .. အမှန်​​တော့ ခုနက သူယူလိုက်​တဲ့စာရွက်​​ပေါ်မှာ ခုထိ ဘဲဥနဲ့ ကြက်​ဥကလွဲရင်​ ဘာဆက်​​ရေးရမှန်းမသိတာနဲ့ ဟို​ကောင်​​လေး အခန်းထဲဝင်​မလာ​သေးခင်​အထိ ​အလုံး​တွေချည်းလှိမ့်​ဆွဲ​နေတာ .. Baekhyun မြင်​ရင်​ MD ​ဂေါက်​သွားပါပြီဆိုပြီး တစ်​ရုံးလုံးသံ​ချောင်းလိုက်​​ခေါက်​မှာ မြင်​​ယောင်​​သေးတယ်​။

"Annyeong"

နှုတ်​ဆက်​လိုက်​တဲ့အသံ​လေးက Intercom ကတဆင့်​ ကြားလိုက်​ရတဲ့အသံ​လေးအတိုင်းပဲ ပိစိ​ညှောင့်​​တောင့်​​လေး။

ကောင်​​လေးလည်း​ရောက်​​နေပြီဆို​တော့ Jongin ​ရေးလက်​စ သူ့ဝလုံး​တွေ ခဏ​ဘေးပို့လိုက်​ပြီး တံခါးဝကိုကြည့်​လိုက်​မိ​တော့

*​သေး​သေး​လေး*

လူ​ကောင်​​အ​တော်​​သေးလို့ အံ့သြသွားတာ​ပြောပါတယ်​။ အရပ်​​လေးက ပုတုတု​လေး၊ အဲ့ဒါကိုမှ ကိုယ်​လုံးကလည်း သူ့အရပ်​နဲ့ဆို ရှိသင့်​တာထက်​ နည်းနည်းပိုပြည့်​​တော့ Jongin ခုနက သူဆွဲထားတဲ့ ဘဲဥကြက်​ဥ​တွေ​တောင်​ မြင်​​ယောင်​မိ​သေး။ ​ကောင်​​လေးကြည့်​ရတာ သူ​တောကတက်​လာတာ မသိသာမှာစိုးလို့ထင်​ပါရဲ့ .. အမည်းနဲ့အပြာစပ်​ထားတဲ့ အစင်းကြား Shirt အင်္ကျီပွပွကြီးကို လက်​မ​ခေါက်​ဘဲ ဖားဖားရားရားကြီးဝတ်​ထားပြီး ​ဘောင်းဘီကျ​တော့ အ​ရောင်​နည်းနည်းလွင့်​ချင်​​နေတဲ့ ဂျင်း​ဘောင်းဘီအပြဲကိုမှ ​အောက်​အနား​တွေကို ကြည့်​ရဆိုး​အောင်​ မညီမညာ​ခေါက်​တင်​ပြီးဝတ်​ထားလိုက်​တာ ....

You've reached the end of published parts.

⏰ Last updated: Oct 02, 2016 ⏰

Add this story to your Library to get notified about new parts!

Super ModelWhere stories live. Discover now