My DiKa=My Light

1K 86 9
                                    

အရင်ကတော့ Kaisoo တဲ့ အခုတော့ Kim Jongin ကြီး comfirm သွားလို့ ကျော့်တို့ Kaisoo HC တွေက DiKa HC လုံးလုံးကြီးဖြစ်နေပါပြီ။

ကျော့်က DiKa(Kaisoo) လို့အသံကြားယုံနဲ့ပါးစပ်ကြီး အလိုလိုနေရင်း ဖြဲလာတက်သူပါ။

မှတ်မှတ်ရရပါ EXO ဆိုတာကို မောင်တစ်ဝမ်းကွဲကြောင့်သိလာတယ်။ အစတည်းက SNSD(GG) နဲ့ Infinite ကို Stalk နေစဉ်ကာလက သူတို့ Teaser လေးတွေထွက်လာတော့ သတိထားမိခဲ့တယ်။
aww ဒီကောင်လေးတွေရဲ့ Teaser ထွက်လာပြန်ပြီပေါ့။ ဒီလောက်ထိပဲ။ အဲ့နေ့ မောင်လေးက SM debut လုပ်ပေးထားတဲ့ အဖွဲ့သစ်သိလားတဲ့။ သိဘူးလို့။ အဲ့တော့သူကပြတယ် ဒီမှာတဲ့ EXO. သူက leader ကိုကြိုက်တယ်တဲ့။ အဲ့နေ့ကသူ သီချင်းနဲ့ EXO airport ဆင်းတဲ့ Video ဆိုပြီး ကျော့် PH ထဲ Video တွေများကြီးထည့်ပေးလိုက်တယ်။
တကယ်တမ်းသူပေးလိုက်တဲ့ EXO airport ဆင်းတဲ့ Video ဆိုတာ ဟိုနှစ်ကောင် moment တွေပါ။ သူမှားပြောခဲ့တာ။ အဲ့ video တွေလည်း ကျောင်းစာတွေနဲ့သေချာမကြည့်မိခဲ့ဘူး။ 9 တန်း တစ်နှစ်လုံးကျောင်းမှာ အကုန်လုံးက EXO ပြီးရင်း EXO နေကြတာ။
ကိုယ်လည်းသီချင်းတွေ နားထောင်ရင်း မဆိုးဘူး Bias ရှာထားဦးမှဆိုပြီး Bias ရှာမယ်ပေါ့။ 12 ယောက်ကိုကြည့်ရင်း မူးနောက်သွားတယ် Bias ရယ်လို့သေချာထွက်မလာဘူး။ အဲ့တည်းက သတိတော့ထားခဲ့မိတယ်။ MAMA intro မှာ High Note ဆိုသွားတဲ့ကောင်လေးနဲ့ မျက်နှာမှာ EXO တာတွေကော နာမည်တွေကော ရေးထားတဲ့ ကတာကော Rap ရွတ်တာကော အရမ်းမိုက်တယ်ကောင်လေးလို့။
နောက် 10 တန်းရောက်ခဲ့တယ်။ဘာဆိုဘာမှမသိတော့ အားလုံးနဲ့အဆက်သွယ်ပြတ်ခဲ့တယ်။ 10 တန်းအောင်စရင်း ထွက်ပြီးမှ သေချာ ပြန် Stalk ဖြစ်ခဲ့တယ်။ အရင်တည်းက IdOl တွေကို stalk ယုံ stalk ခဲ့တာ ဘယ် Fandom ထဲမှာ မဝင်ဖြစ်ခဲ့ဘူး။ Kpop ဆိုတာကို Taeyeon သီချင်းတွေနဲ့စသိခဲ့တယ်။ အရမ်းသဘောကျခဲ့တယ်။ SNSD ကို အသေအကျေ စstalkခဲ့တယ်။ အထူးသဖြင့် အဲ့အဘွားကြီးကိုပေါ့။ ဒါပေမဲ့ sone တစ်ယောက်မဖြစ်ခဲ့ဘူး။ Stalk ယုံသပ်သပ်ပဲ။
နောက် BigBang Sengri ကို အရမ်းသဘောကျခဲ့တယ်။ ဒါပေမဲ့ VIP တစ်ယောက်လည်း မဖြစ်ခဲ့ဘူး။ ပြီးတော့ INFINITE 7ယောက်လုံးကို အရူးမူးကြိုက်ခဲ့တာ။ Inspirit တစ်ယောက်တော့ ဖြစ်ကာနီးဆဲဆဲပဲ။အဲ့တုန်းက ကျော့်တို့ဆီမှာ INFINITE ဆိုတာကို ဘယ်သူမှမသိကြသလို insprit ဆိုတာကလည်းမရှိသလောက်ကိုရှားတယ်။

Part of My LifeWhere stories live. Discover now