DDUT ep.10

146 14 0
                                    

Yeol: ရပါတယ်baekအဆင်ပြေသလိုပဲခေါ်ပါတော့ ဒါနဲ့မနက်ကကိစ္စ ကိုတောင်းပန်ပါတယ်

Baek: baekစိတ်ထဲမှာဘာမှမရှိတော့ပါဘူး

Yeol'pov: ကို့ကိုစိတ်ထဲမှာတောင်မရှိဘူးဆိုတဲ့သဘောပေါ့

Yeol: ဟင်းးး
(ဟုတ်တယ် yeolကbaekကိုချစ်မိနေတာသူကိုယ်တိုင်တောင်မသိဖြစ်နေတယ် ဒါကြောင့်စိတ်ဓာတ်တွေကျပြီးသက်ပျင်းချလိုက်မိတယ် အဲ့အချိန်baekကစကားလေးတစ်ခွန်းပြောလိုက်တယ်)

Baek: yeol shii ...yeol ပြောတာဟုတ်ပါတယ် baekဝန်ခံပါတယ် kai oppa ကြောင့်ပါ

Yeol: ဘာကိုလဲ

Baek: အရာအားလုံး baekဒီကိုလာရခြင်းရယ် အကကိုမစွန့်လွှတ်နိုင်တာ ဒါတွေအားလုံးkaiကြောင့်ပါ

Yeol: အဲဒါတွေရဲ့အကြောင်းပြချက်က ကိုယ်ရောဖြစ်လို့မရဘူးလား

Baek: mianhaeyeo yeol shii

Yeolတစ်ခုခုကိုဆုံးဖြတ်လိုက်တဲ့ပုံနဲ့
Yeol: ကောင်းပါပြီ baek ....ကိုစောင့်နေပါ့မယ်  baekကို့ဆီကိုစိတ်ရောက်လာတဲ့အထိ baekကို ကိုအရမ်းချစ်တယ်

Baek: baek သွားတော့မယ်

yeol တစ်ယောက်မျက်နှာငယ်လေးနဲ့ကျန်ခဲ့တာပေါ့T.T

baekလဲအခန်းအဝကိုရောက်တဲ့အထိ yeolအကြောင်းတွေးနေမိတယ် yeolကသူ့ကိုချစ်နေတာဖြစ်နိုင်ရဲ့လား idolတစ်ယောက်က ဒီလိုဟုတ်ပမလား ငါကရော kai oppa ကိုချစ်ခွင့်ရှိရဲ့လား ဆိုပြီးအတွေးများစွာနဲ့အခန်းထဲကိုရောက်တော့ ကုတင်ပေါ်မှာ ခေါင်းအုံးလေးကိုဖတ်ပြီး မှိုင်နေတဲ့ sooကိုတွေ့တော့မှ baek kaiနဲ့sooရဲ့အကြောင်းကိုသိချင်လာတော့တယ်

Baek: sooဘာဖြစ်နေတာလဲ ဟင်

Soo: sooငယ်ငယ်ကအကြောင်းလေးတွေပြန်တွေးမိနေတာ
baek sooရဲ့အကြောင်းတွေသိချင်လားဟင်

Baek: soo baekကိုခင်တယ်မလား baekနားထောင်ပေးမှာပေါ့

Soo: ဒီမှာ soo ခင်တာဆိုလို့ exo ကလွဲပြီး baekတစ်ယောက်ပဲရှိတာလေ နားထောင် soo ပြောပြမယ်
soo ငယ်ငယ်ထဲက အဖေနဲ့အမေဘယ်သူမှန်းမသိခဲ့တာ ခုထိပဲ မိဘမဲ့ဂေဟာမှာနေခဲ့ရတာ အဲ့အချိန် kai ကတော့ soo နဲ့ဆန့်ကျင်ဘက်ပဲ ငွေကြေးဥစ္စာကလဲပြောစရာမရှိ သူ့ဘေးမှာဆိုသူ့ကိုစောင့်ရှာက်ဖို့သူ့မိဘတွေထားထားပေးတဲ့အခြွေအရံတွေဆိုတာလက်ညိုးထိုးလို့မလွဲ ဒါပေမယ့် kaiကသနားဖို့အရမ်းကောင်းတယ် မိဘတွေက အလုပ်အကိုင်နဲ့ တစ်ချက်ကလေးတောင် kai အပေါ်နွေးထွေးမှုမရှိခဲ့ပါဘူး သူတစ်နေ့အိမ်ကလူတွေမသိအောင် အိမ်နားမှာရှိတဲ့ပန်းခြံကစားကွင်းထဲကိုခိုးထွက်ခဲ့တယ် အဲ့အချိန်က sooတို့လဲ အပြင်ထွက် လည်တဲ့နေ့လေ sooပန်းခြံကနေဖြတ်သွားတော့ ကောင်လေးတစ်ယောက် ဒန်းပေါ်မှာ ထိုင်ပြီးငိုနေတာတွေ့တယ်လေ အဲဒါ kai ပေါ့ "ဘာလုပ်နေတာလဲ"လို့ sooမေးလိုက်တော့ သူက"နင်က ဘယ်သူလဲ ဘာလဲဒီပန်းခြံကနင်ပိုင်တာလား"လို့သူကအော်ပြီးပြောတယ် အစကတော့ sooစိတ်ဆိုးသွားတယ်နောက်တော့ သူ့ပါးပြင်ပေါ်ကမျက်ရည်ကိုကြည့်ပြီး sooဘာမှန်းမသိဘဲနဲ့ ကိုယ်ချင်းစာမိသွားတယ် "ငါ့နာမည် kyungsoo do kyungsoo"လို့sooကပဲ စပြီးပြောလိုက်တယ် နောက်တော့မှသူက "kim kai""ဘာ""ငါ့နာမည်kim kaiလို့"အမှန်တော့ အဲ့နေ့က သူ့မွေးနေ့ပါ သူ့အမေရောအဖေရော သားအတွက်အချိန်မပေးနိုင်ကြဘူးလေ ဝမ်းနည်းပြီး အိမ်ကထွက်ပြေးလာတာတဲ့ အဲ့အချိန် sooသိသွားပြီ soo ဘာလို့ကိုယ်ချင်းစာမိသလိုဖြစ်လဲဆိုတာ သူ့မှာမိဘအစုံအလင်ရှိပေမဲ့လဲ တစ်ညပြီးတစ်ည ဘယ်သူမှန်းမသိတဲ့မိဘဆိုတဲ့လူတွေကိုတမ်းတ
ရင်းငိုနေခဲ့ရတဲ့ မိဘမဲ့ကလေးsooနဲ့သူ့အဖြစ်က ဘာကွာမှာလဲ ခဏကြာတော့ soo အကြံရသွားတယ် ပန်းခြံထဲမှာရှိတဲ့ သဲတွေကို လွယ်အိတ်ထဲမှာရှိတဲ့ရေဘူးထဲကရေတွေနဲ့လောင်းချပြီး ကိတ်မုန့်ပုံစံလုပ်ပေးလိုက်တယ် အဲ့အချိန် kaiမျက်နှာမှာအပြုံးတစ်ခုsoo တွေ့လိုက်တယ် နှစ်ယောက်သား မွေးနေ့လေးလုပ်တယ် ဆော့ကြတယ် ပြီးတော့ kai ကသူအကအရမ်းဝါသနာပါတာ ကပြမယ် ကြည့်ဆိုပြီး sooကိုကပြခဲ့သေးတယ် အဲလိုနဲ့နောက်နေ့တွေလဲ ဒီနေရာလေးမှာ တွေ့ဖို့ ကတိပေးခဲ့ကြတယ်

Destiny Drew Us TogetherDonde viven las historias. Descúbrelo ahora