ကျောင်းကြီးရဲ့ main လမ်းမပေါ်ကို သူ့ ဝေါကင်းရှူး ဖိနပ်လေးနဲ့ တဖပ်ဖပ် ဆောင့်ချရင်း Baek 1...2...3.. count နေမိတယ်။
ထင်ထားတဲ့ အတိုင်း တစုံတယောက်က သူ့ဆီ ဝရုန်းသုန်းကား ဖရိုဖရဲ ပြန်လှည့်ပြေးလာတာကို မြင်နေရပါပီ။..Baek : 1....2....3........
လာပိ.... ဟိဟိထိုသူ ပြန်လှည့်ပြေးလာတာ မြင်တော့ Baek အပြုံးလက်လက်လေး တချက် ပြုံးလိုက်လေရဲ့..
ထိုသူ ကတော့.......Yeol : ပြေး.... ဟိုကောင်တွေ လာပီ။.....
Yeol ကတော့ ဖြူဖတ်ဖတ် ကောင်လေးရဲ့ ပျော့ပျော့ ပြောင်းပြောင်း လက်ချောင်းလေးတွေ ကို ဆုပ်ကိုင်ကာ ကျောင်းရဲ့ လမ်းမကြီးပေါ် အသည်းအသန် ပြေးလွှားလျက်....
Yeol pov : ကျွန်တော်ပြေးနေရင်း တွေးမိတယ်။ ကျွန်တော်ဘာလို့ ခုလို ဘေးနားက ကောင်လေးသေးသေးလေး နဲ့ အတူ ဗရုတ်သုတ်ခ ပြေးလွှားနေရပါလိမ့်..
ပြသနာ ရဲ့ အဓိက အရင်းအမြစ် က သူ့ကြောင့်ပေါ့.
အ့ဒီ ပုပုသေးသေး နဲ့ မှုန်နေအောငိ ချောတဲ့
Byun Baekhyun ဆိုတဲ့ ကောင်ချောလေး ကျွန်တော့် ရဲ့ အေးချမ်းနေတဲ့ ကိုယ်ပိုင်ဘဝ အိမ်လေးထဲ တံခါးမခေါက်ပဲ အတင်းဝင် လာတာက စခဲ့တာပဲ။ကျွန်တော်တို့ ခုလို ပြေးနေရတဲ့ အကြောင်း ပြောရရင်တော့..................
"Seoul University"
Seoul မြို့ရဲ့ နာမည်ကြီး တက္ကသိုလ် တခု ဖြစ်တာနဲ့ အညီ တက်ရောက်ကြသော ကျောင်းသူ ကျောင်းသားများကလည်း များပြားစုံလင်လှသည်။ ဘာသာရပ်ခွဲ များစွာရှိပီး အမှတ်သတ်မှတ်ချက် မြင့်မားသောကြောင့် လူတော်များသာ တက်ရောက်နိုင်သော ကျောင်းတခုလည်း ဖြစ်သည်။...
Park Chanyeol ဆိုတဲ့ ကျွန်တော် ကတော့ ငယ်စဉ်တည်းက ရူးသွပ်ခဲ့တဲ့ ဂီတ ကိုသာ အဓိက မေဂျာ အဖြစ် ယူခဲ့တယ်။ အ့ဒီ မေဂျာ ယူခဲ့လို့ ပဲ ကျွန်တော့် ကမ္ဘာလေးထဲ သူ့ ကမ္ဘာလေး တိုးဝင်လာခဲ့ပီး ခုဆို ကမ္ဘာ နှစ်ထပ်ကွမ်း ဖြစ်ခဲ့တယ်ပေါ့လေ....
ကျောင်းတက်ပီး နှစ်တဝက်........
Sam : အားလုံးပဲ ကိုယ့် partner နဲ့ project တခု လုပ်ရမယ်။ ပီးရင် ကိုယ့် project ကို permormance လုပ်ပြရမယ်။ ဒီ အမှတ်က exam ထဲ ပါ ထည့်ပေါင်းမှာမို့ ကောင်းကောင်းကြိုးစားကြမှ ဖြစ်မယ်။..
ဘယ်သူတွေ နဲ့ တူတူ လုပ်ရမလဲ ဆိုတာ major notice board မှာ ကပ်ထားမယ်. လာကြည့်ကြ...
အတန်းဖြုတ်မယ်...