Drawing ခန်းထဲက ထွက်လာပြီး တစ်ယောက်ထဲယောင်ချာချာနဲ့မေဂျာတူသူငယ်ချင်းတွေကလည်း ပထမဆုံးနေ့ဆိုတော့ရှိန်ပြီးဘယ်သူမှ စကားမပြောကြဘူး။ ဗိုက်ကလည်းဆာ တခြားမေဂျာက သူငယ်ချင်းတွေလည်း မတွေ့ ကိုယ့်မေဂျာက လူတွေဆိုတာလည်း စကားသာမပြောတယ် ခြေထောက်တွေကတော့လျင်လိုက်ကြတာ တစ်ယောက်မှကို မတွေ့တော့ဘူး...... ဒါနဲ့ဘဲ ရွှေရတုလမ်းတည့်တည့် လျှောက်လာပြီး စုံတွဲခုံမှာ တစ်ယောက်ထဲထိုင်ဖို့ ခြေလှမ်းတွေကို စတင်ခဲ့တယ်....
အဲ့ဒီ ခြေလှမ်းတွေက ကျွန်တော် သက်တန့်ခ ရဲ့ရင်ခုန်သံအစဆိုတာ ဘယ်သူကပြောနိုင်မှာလဲ...ကျွန်တော်ထိုင်နေတာမှသိပ်မကြာသေးကျွန်တော့်လိုဘဲယောင်ချာချာဖြစ်နေတဲ့ကောင်မလေးတစ်ယောက်ဘေးကခုံတန်းလေးမှာလာထိုင်တယ်....
ပထမတော့သူ့သူငယ်ချင်းတွေကိုစောင့်နေတာနဲ့တူပါတယ်.
တော်တော်ကြာတဲ့အထိ ရောက်မလာတော့ စောင့်ရတာ ငြီးငွေ့ပြီး အိပ်ငိုက်လာပုံရတာနဲ့ ကျွန်တော်လည်း စားနေကြ ပီကေ ၁ ခုထုတ်ကျွေးလိုက်တယ်...အစကတော့ သူမယူသေးဘူး
နောက်မှဘဲစားတော့မယ် ဆိုပြီး သိမ်းထားလိုက်တယ်....
နောက်ကနေပြီး"သော်"ဆိုတဲ့ အသံစူးစူးဝါးဝါးတစ်ခု.. အသံက ကျယ်လွန်းတော့ကြည့်လိုက်တယ် သောက်ကျိုးနည်း လူကောင်ကသေးသေး အသံကကျယ်ကျယ် ..သူတို့အချင်းချင်းပြောပုံအရဆိုရင်တော့ အဲ့ဂျပုမလေးက သင်ဇာ ဖြစ်လိမ့်မယ် .....
"ဟော ဟိုမှာသင်ဇာတို့လာပြီ သော် သွားတော့မယ်..see u " လို့ပြောပြီးသူထွက်သွားတယ်...
ပထမဆုံးနေ့မှာ ရင်ဘတ်ရဲ့ တစ်နေရာမှာ နာမည်လေးတစ်လုံး ကမ္ဗည်းမော်ကွန်း ထိုးထားလိုက်ပြီ
#"သော်"#
သက်တန့် မင်းဒီနေ့တော်တော်ကံကောင်းပါလားကွာ
YOU ARE READING
ပထမဆုံးအချစ်
Teen Fictionကြည်ပြာရောင်ကောင်းကင်ကြီးရဲ့အောက်မှာ မွှေးပျံ့စွာပွင့်လန်းနေတဲ့ တရုတ်စံကားပန်းလေးတစ်ပွင့်.. မွှေးပျံ့တဲ့ရနံ့၊ လတ်ဆတ်တဲ့ ဒီဇင်ဘာရဲ့ဆောင်းလေအေးနဲ့အတူ တက္ကသိုလ်ကျောင်းသားဆိုတဲ့ဘဝကြီးကိုဖြတ်သန်းဖို့ ခြေလှမ်းတွေကိုတက်ကြွစွာစတင်ခဲ့တယ်..... ဒီဇင်ဘာ ၁ ရက်နေ့ (...