(: သူငယ်ချင်း "သော်" :)

94 9 12
                                    

ဘယ်တော့မှစောစောမနိုးတတ်တဲ့ ကျွန်တော် သော် များကျောင်းစောစောလာတတ် မလားဆိုပြီး မထချင်ထချင်နဲ့ စောစော ထခဲ့တယ် ..................

နံနက် ၄ နာရီ.....
"အမေရေ.....သားနိုးပြီ" ဟူသော နံနက်ခင်း နှုတ်ဆက်စကား၏ အဆုံးတွင် " ဘာ " ဟူသော ကျယ်လောင်သော အာမေဋိတ်သံ ကို ပြိုင်တူဟစ်လိုက်သော အမေနဲ့အဒေါ် ...........

"ယောကျာ်းရေ .... အိမ်ရှေ့လေးဘာလေးလဲ ထွက်ကြည့်ဦး...နေများအနောက်ကထွက်လာသလားလို့
ကျုပ်တောင် ထမင်းချက်မပြီးသေး ရှင့်သားနိုးပြီတဲ့တော်"
"ဩော်မိန်းမကလည်းတက္ကသိုလ်ကျောင်းသားတောင်ဖြစ်နေပြီဘဲ စောစောနိုးတာ မဆန်းပါဘူး .... ဟုတ်တယ်မလားမိန်းမ ... ကိုယ့်တုန်းကလည်း အဆောင်မှာ အအိပ်ကြီးတဲ့ချစ်ကို နှိုးဖို့ ကျောင်းကိုအစောကြီးလာတာဘဲကို........""
"အို ကလေးရှေ့မှာကို......" " ကဲ သား မျက်နှာသစ်ရေချိုးပြီးထွက်လာတော့ အမေ မနက်စာပြင်ထားလိုက်မယ် " "ဟုတ် အမေ"""

သွားတိုက်နေရင်း " သော်ရယ် မင်းမျက်နှာလေးကိုစောစော မြင်ရဖို့ သက်တန့်ဆိုတဲ့ ကိုယ် ကျောင်းကို စောစော လာမှာပါ"...............................
"ဩော် ပထမဆုံးတွေ့ဖူးတဲ့ မင်းကို ဘာကြောင့်အဲ့လောက် ချစ်မိသွားတာလဲမသိဘူးကွာ"

"အမေရေ သားကျောင်းသွားပြီနော်" "အေး ကျောင်းရောက်ရင်လည်းဖုန်းဆက်ဦး စာလည်းသေချာလိုက်နားထောင်ဦးနော် "
"ဟုတ်ကဲ့ပါ အမေရယ် သားကျောင်းသွားပြီ "

"BPI" ပါတယ်ဆရာရေ့..........
"ကဲကျောင်းတော့ရောက်ပြီ သူစောစောရောက်ပါစေဘဲ ဆုတောင်းမိတယ်" "ဆောင်းလေဘယ်လောက်ဘဲအေးအေး မျက်စိထဲဝင်လာတဲ့ အလင်းတန်းလေးက ရင်ဘတ်ကြီးတစ်ခုလုံးကိုနွေးသွားစေသလိုဘဲ"
"သော် ဆိုတဲ့အလင်းတန်းလေး ကိုယ့်ရှေ. ကလျှောက်သွားတယ် နောက်ဘက်ဘဲ မြင်ရတယ်ဆိုပေမယ့် သော်ရဲ့အနွေးဓာတ်လေးကို သက်တန့် ဆိုတဲ့ကျွန်တော်ခံစားမိတယ်""":

သော် လို့အကျယ်ကြီးလှမ်းခေါ်ချင်ပေမယ့်လည်း သူဘာကိုအလျင်လိုနေမှန်းမသိ ခေါ်ရကောင်းမလား မခေါ်ရကောင်းမလားစဉ်းစားနေတုန်း main building ထဲက အခန်း၁ခန်းထဲ ဝင်သွားတယ် ....
စာသင်ခန်းမဟုတ်တာတော့သေချာတယ်လေ ပြီးတော့မှအခန်းအပေါ်ကိုကြည့်မှ မိန်းကလေး အိမ်သာ
သောက်ကျိုးနည်း ဝင်မိရင် ပြဿနာ .....................
အဲ့တော့လည်း ခပ်လှမ်းလှမ်းလေးသွားနေရတာပေါ့

You've reached the end of published parts.

⏰ Last updated: Jan 05, 2016 ⏰

Add this story to your Library to get notified about new parts!

ပထမဆုံးအချစ်Where stories live. Discover now