Ep 2

610 65 7
                                    

Wu : အချစ်ကဘဝမှာအရေးပါလို့လား ? လောကကြီးနဲ့နှလုံးသားတစ်ခုယှဉ်ပြိုင်ရင်တော့ လောကကြီးနိုင်မယ်ထင်ပါရဲ့ ဒီအတွေးတွေလား အခုတော့ကြက်ပျောက်ငှက်ပျောက်ပါပဲ သူ့ရဲ့ဖြူစင်လှတဲ့အချစ်တွေနဲ့အတူ ထိုအချိန်မှယနေ့အထိဒီအတွေးတွေ ပျောက်ကွယ်ဆဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Yeol : Arrrr !
ထိုသူနှစ်ယောက်ရဲ့အကြည့်များကတော့ အလန့်တကြားအော်တဲ့သူဆီသို့
Marin: နင်ကဘယ်သူလဲ ? ဘာလို့ချစ်အခန်းထဲကိုအသံမပေးပဲဝင်လာတာလဲ ? နင်နဲ့ချစ်ကရောဘယ်လိုပတ်သက်လဲ ? သူများအိမ်ထဲကိုဒီလိုဝင်လာတာ ပိုင်နက်ကျူးလွန်မှုမြောက်တာ နင်သိလား ?
Yeol : ဟို ....ကျွန်တော် ......မရည်ရွယ်ပါဘူး .......
စကားများကိုအထစ်ထစ်မငေါ့ငေါ့ပြောရင်း ယောက်ျားအိဒြေ္နကိုအဖတ်ဆယ်လိုက်တယ်
Wu : မင်းက ကုမ္ပဏီကလွှတ်လိုက်တဲ့သူလား ?
Yeol : ဟုတ် မန်နေဂျာလွှတ်လိုက်တာပါ
Wu : တွေ့တယ်နော် မင်းလိုအားနေတဲ့မိန်းမအတွက်အချိန်မပေးနိုင်တော့ဘူး ငါ့မှာလုပ်စရာတွေပုံနေပြီ မင်းနဲ့ငါ့ဇာတ်လမ်းပြီးပြီဆိုတော့ ဒီနေရာမှာပဲလှည့်ပြန်လိုက်ပါတော့
Marin: ဟွင်း
Chanyeol ရဲ့ပခုံးကိုတစ်ချက်တိုက်ကာ အလိုမကျမှုနဲ့အတူပြန်သွားလေသည် အခုအချိန်မှာတော့အခန်းထဲတွင် သူတို့ ၂ ယောက်သာ.......
Yeol : ခင်ဗျားက ဒီလိုပဲမိန်းကလေးတွေနဲ့ရှုပ်နေကျလား အလုပ်ကပြောလိုက်တာတော့ ခင်ဗျားကသူတော်စင်ပဲ
Yeol တစ်ယောက်စကားလုံးများကိုအထိန်းအကွပ်မရှိ စိတ်ရဲ့အလိုအတိုင်းပြောမိတော့သည်
Wu : အလုပ်နော်
Yeol : ဟင် ဘာလဲ ?
Wu : မင်း ငါ့ဆီကိုအလုပ်လုပ်ဖို့လာခဲ့တာနော် အလုပ်နဲ့ဆိုင်တာပဲပြောပါ မဟုတ်တဲ့အကြောင်းအရာတွေပြောနေမယ်ဆိုရင်တော့ မင်းတို့ကုမ္ပဏီနဲ့ စာချုပ်ကိုဖြတ်သိမ်းရလိမ့်မယ်
Yeol : ဟုတ် ကျွန်တော်မှားသွားလို့တောင်းပန်ပါတယ် နောက်တစ်ခါဒီမျိုးမဖြစ်စေရပါဘူး
Wu : ရော့ မင်းယူသွားရမယ့် ဒီဇိုင်းတွေအကုန်ပဲ ပြီးပြီ ပြန်တော့
Yeol : ဟင် ပြန်ရတော့မှာလား
Wu : အလုပ်ပြီးတာတောင်မပြန်ပဲ မင်းကဘာလုပ်ချင်သေးလို့လဲ ဘာလဲ ငါနဲ့နေမလို့လား
Yeol : ဘာလို့နေရမှာလဲ အခုပြန်မှာ
လက်နှစ်ဖက်အပြည့် ဒီဇိုင်းများကိုကိုင်ကာ ခြေကိုဆောင့်၍ထွက်လာမိခဲ့သည်
~~~~~~~~~
ဖုန်းနံပါတ်ဟုယူဆရသောဂဏန်းများကိုရိုက်နှိက်လိုက်သည်
Wu : ဟယ်လို ကုမ္ပဏီကလား ? ဒီနေ့လာတဲ့အလုပ်သင်ရဲ့နာမည်သိချင်လို့
ဪ Chanyeol ! လား ကျေးဇူးနော်
Someone: ဟုတ်ကဲ့ ရပါတယ်
~~~~~~~~~~~~~~~
At Company ,
Soohyun: အွင်း ဒီလောက်ဆိုရင်တော့မင်းကမဆိုးပါဘူး ငါခိုင်းလိုက်တာတွေအဆင်ပြေအောင်လုပ်လာနိုင်သားပဲ မင်းအလုပ်ဆင်းလို့ရပြီ
Yeol : ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒါနဲ့ကျွန်တော်မေးချင်တာလေးရှိလို့ မေးလို့ရမလား ?
ငယ်ကျင့်မပျောက်သေးသော စိတ်အာရုံကိုကိုယ်တိုင်နှိုးဆွပေးလိုက်သည်
Soohyun : ဘာမေးမလို့လဲ အလုပ်နဲ့ပတ်သက်တာဆိုမေးလို့ရတယ်
Yeol : ဟိုလေ --- ဟို --
Soohyun: တော်ပြီ မမေးနဲ့တော့ မင်းမေးချင်တာ Mr . Wu အကြောင်းမလား ? သူ့အကြောင်းဆိုရင်တော့ ငါ့မှာဖြေပိုင်ခွင့်မရှိဘူး ငါအလုပ်ဆင်းတော့မယ် မင်းနေချင်ရင်နေခဲ့တော့
သူ့ကိုမကြည့်ပဲ ပစ္စည်းတွေသိမ်းကာအလုပ်ဆင်းသွားတဲ့ သူကိုပဲ ခါးကျိုးမတတ်အရိုအသေပေးကာနေခဲ့ရလေသည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မီးရောင်စုံတွေကြားမှာလူတွေကတို့ မြူးကြွတဲ့စည်းချက်တွေနဲ့အညီလိုက်လျောညီထွေဖြစ်နေဆဲ
Lu : ဟာာာ နောက်ကျလိုက်တာ
Tao : မင်းကလည်းအေးဆေးပေါ့ ဒီကောင်ကဘယ်တုန်းကအစောကြီးလာဖူးလို့လဲ
Lu : ငါကသိပ်မစောင့်ချင်တော့ဘူး နောက်ပြီး ငါ့ကလေးလေးကလည်းဘယ်စိတ်ရှည်မလဲ အကြာကြီးစောင့်နေရတာကို
Hun : ရပါတယ် Hyung ရယ် ကျွန်တော် Kris Hyung ကိုစောင့်နိုင်ပါတယ် ပျင်းတော့လည်းသွားပြီးကလိုက်တာပေါ့
Lu : ဝိုး ငါ့ကလေးလေးကသဘောထားကြီးလိုက်တာ အာ့ကြောင့်ချစ်နေရတာ မွမွ
Tao : အမြင်တွေကတ်တယ် ပိုကိုပိုတယ်အရမ်းပဲ
Lu : ဘာလဲ မင်းမနာလိုဖြစ်နေတာမလား ဟိုကောင် Kris မှာဆိုမရေမတွက်နိုင်တဲ့ကောင်မလေးတွေအများကြီး ငါ့မှာဆို Hunnie ရှိတယ် မင်းမှာလူမှမရှိတာ ဒါတောင် single ဆိုပြီးကုန်းအော်ချင်သေးတယ် ဟာာာာားးးးး
Tao : ဟိတ်ကောင် ငါကမတွဲချင်လို့ရှင်းလား တွဲလိုက်ရင်တစ်ဖက်ငါးယောက်လောက်တော့အသာလေးပဲ
Wu : ဘာတွေပြောနေကြတာတုန်း
Tao : မောင်မင်းကြီးသား ကြွလာသေးတယ်နော်
Wu : မဟုတ်ပါဘူးကွာ ငါအလုပ်လေးပေါ်လာလို့နည်းနည်းနောက်ကျသွားတာ
Hun : ဒါနဲ့ Hyung Marin နဲ့တွဲနေတယ်ဆို ဒီနေ့ကြော်ငြာရိုက်ကွင်းမှာကြားလိုက်တာ
Wu : ဒီနေ့ပဲပျက်သွားပြီ
HHT : ဟင် O.O
Wu : ဟုတ်တယ် Hun မင်းတို့အနုပညာလောကကကောင်မလေးတွေကပျင်းဖို့ကောင်းတယ် ရှင်းရှင်းပြောရရင် မိန်းမတွေကိုကပျင်းစရာကောင်းလာတာ
Lu : ဒါဆို မင်းကယောက်ျားလေးကို ----
Tao : ဖြစ်နိုင်မှလည်းပြောပါကွာ မင်းလို playboy က
Wu : ငါစဉ်းစားပြီးပြီ ငါရအောင်လုပ်မှာ
Lu : နေစမ်းပါဦး ဒီလိုပြောနေပြီဆိုတော့မင်းမှာရင်ခုန်ရမယ့်ကောင်လေးရှိနေပြီလား?
Wu : ဒါတော့မသေချာသေးပါဘူး
~~~~~~~~~~~~~~~~~
Ph ring ....
Yeol : hello Baek ya! ပြော
Baek: Yeol Yeol ငါတို့ဒီညကလပ်သွားရအောင်
Yeol : မသွားချင်ပါဘူး လူတွေရူပ်ရူပ်ယှက်ယှက်နဲ့ ခေါင်းမူးတယ်
Baek : သွားရအောင်နော် ဒီနေ့ငါတို့တရုတ်စကားပြောသင်တန်းကဆရာက ကလပ်သွားမှာ
Yeol : သူသွားတာမင်းနဲ့ဘာဆိုင်လို့လဲ မဆီမဆိုင်တွေ
Baek : yarrrrrrrrr ငါတင်းလာပြီ မင်းကဘယ်လောက်ပြောပြောမှတ်မိဘူး ငါကသူ့ကိုကြိတ် crush နေတာပါဆို သူဘယ်ကောင်မလေးနဲ့ဘယ်လိုပျော်မြူးနေလဲဆိုတာကိုရင်အနာခံပြီးသွားကြည့်မို့
Yeol : ဪ ဒီလိုလား လိုက်ခဲ့ပေးရမှာပေါ့ ဟဲဟဲ
~~~~~~~~~~~~~~~~~~~~~
Baek : မင်းကလည်းနောက်ကျလိုက်တာ မြန်မြန်မလာဘူး
Yeol : ဟာ လာလို့ပဲကလပ်ထဲတောင်ရောက်နေပြီ မင်းကိုကစိတ်စောနေတာ
Baek: အေးပါကွာ ဟောဟိုမှာတွေ့ပြီ လာ ငါတို့သူတို့ဆီသွားရအောင်
Yeol : အင် အွင်း
Baek ဆွဲခေါ်ရာနောက်ကိုဘုမသိဘမသိနဲ့လိုက်ခဲ့ရပြန်တယ်
Baek :Annyeong Hyung !
Tao : ဟင် မင်းဒီကိုဘယ်လိုရောက်နေတာလဲ
Tao ရဲ့အမေးကိုပြန်မဖြေပဲ Tao ရဲ့ဘေးတွင်ဝင်ထိုင်ကာ သူနဲ့အတူပါလာသောသူတစ်ယောက်အားဂရုမစိုက်
Wu : Chanyeol! မင်းဒီကိုဘာလာလုပ်တာလဲ
Yeol : ဟို ... ဟိုဟာ
Wu : မင်းငါ့ကိုလိုက်ချောင်းနေတာလား
Yeol : ဆုတောင်းလေ ဝေးပါသေးတယ် ကျွန်တော့်သူငယ်ချင်းကခေါ်လို့လာတာ
သူတို့စားပွဲရှေ့တွင် မတ်တပ်ရပ်ကာသူ့ကိုရန်တွေ့နေသောကောင်လေးရဲ့လက်ကိုလှမ်းဆွဲကာ ထိုကောင်လေးရဲ့ ကိုယ်လုံးသေးသေးလေးတစ်ခုလုံးကိုသူ့ရင်ဘတ်ထဲသို့ဆွဲသွင်းလိုက်သည်
သူတို့ ၂ ယောက်တစ်ယောက်ကိုတစ်ယောက် အသက်မရှူပဲအကြည့်ချင်းဆုံမိကြသည်မှာ
1 sec 2 sec 3 sec .........
TBC ~~~~~~~~

ချစ်သူသာသိစေWhere stories live. Discover now