ချစ်သူသာသိစေ ( ep 1 )

748 57 0
                                    

Yeol : ပျော်ရမှာလား ? ငိုရမှာလား ? ကျွန်တော်ကိုယ်တိုင်တောင်သေချာမသိလိုက်တဲ့အချိန်မှာပဲ သူကျွန်တော့်ဆီကိုရောက်လာခဲ့တယ် " သူ " အရာရာကအားလုံးနောက်ကျသွားပြီလို့ပဲဆိုရမလား သေသေချာချာမသိတော့ပါဘူး ကျွန်တော့်ဘဝကသူနဲ့တွေ့ပြီးတော့မှ ဘယ်အရာမှမသေချာခဲ့ဘူး ဒါကလည်းသူ့ကြောင့်လို့အပြစ်မတင်ချင်တော့ပါဘူး ဘာလို့ဆိုကျွန်တော်ကိုယ်တိုင်ကိုကဒီလိုမျိုး ဘယ်ကစပြီး ဘယ်မှာဆုံးမလဲမသိတဲ့ အချစ်ဆိုတဲ့မသေချာတဲ့အရာကိုစွဲလမ်းနေမိတာ..........
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Yeol : အားးးးးး မေ့ကျန်ခဲ့ပြန်ပြီ အဲ့ဒီ့အလုပ်စလုပ်မယ်ဆိုကတည်းကိုကအဆင်ကိုမပြေဘူး
Yeol's Omma : သား ! အလုပ်ကဒီနေ့စလုပ်ကမှာနော် သေသေချာချာလုပ်ခဲ့ဦး ရှပ်ပြာရှပ်ပြာလည်းမလုပ်နဲ့ကြားလား ?
Yeol သူ့အမေစကားများကိုတစ်သွေမတိမ်းလိုက်နာမည်ဟူသော အမူအယာများကိုလုပ်ပြကာ တိုက်ရဲ့အပေါ်ဆုံးထပ်မှ ပြေးဆင်းကာအလုပ်ဆီသို့ဦးဆောင်သွားလိုက်သည် .......
At office ,
Sujin: Chanyeol ! မင်းကိုမန်နေဂျာမမခေါ်နေတယ် သွားတွေ့လိုက်ဦး မင်းကိုအလုပ်တွေခိုင်းစရာတွေရှိလို့တဲ့ မင်းကဒီနေ့မှအလုပ်စဆင်းတာမလား ? မမစိတ်ချမ်းသာအောင်မြန်မြန်လုပ်ပေးလိုက်
Yeol : ဟုတ်ကဲ့ ကျွန်တော်အခုသွားလိုက်ပါ့မယ်
Soohyun: မင်းနောက်ကျလှချည်လား မင်းကိုစောင့်ရတဲ့အချိန်က ၂ မိနစ်နဲ့ ၁၃ စက္ကန့် ဒီအချိန်အတွင်းမှာ ငါ့အလုပ်တွေအတွက်ဘယ်လောက်အကျိုးရှိသွားလဲဆိုတာ မင်းနားမလည်ဘူးလား ? မင်းလိုမျိုးအလုပ်သင်တွေကိုခေါ်ပြီးခိုင်းရတာအဆင်ကိုမပြေဘူး
Yeol : ဟုတ်ကဲ့ ကျွန်တော်နောက်ဒါမျိုးမဖြစ်စေရပါဘူး
Soohyun: အေးဟုတ်ပြီ ဒါကိုအလုပ်နဲ့သက်သေပြ ရော့ ဒီမှာရေးထားတဲ့လိပ်စာအတိုင်းမင်းသွား ပြီးရင်ငါလွှတ်လိုက်တာလို့ပြော ကြားလား ? သူကငါတို့ အလုပ်ရဲ့ ဒီဇိုင်းပညာရှင်ပဲ မင်းသူ့ကိုစိတ်ညစ်နွမ်းအောင်ဘာမှသွားမလုပ်ပါနဲ့ သူကိုရအောင်ငါတို့ကုမ္ပဏီကမနည်းကြိုးစားထားရတာ
Yeol : ဟုတ်ကဲ့ အခုပဲသွားလိုက်ပါ့မယ်
Yeol တစ်ယောက်အမိန့်ဆန်ဆန်စကားလုံးတွေအောက်ကတိုးထွက်ရင်း မန်နေဂျာပေးလိုက်တဲ့လိပ်စာအတိုင်းရှိရာနေရာကိုဘုမသိဘမသိနဲ့လာခဲ့ရတော့သည် .....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Wu : ဒီနေ့ကျွန်တော့်ဆီကို နားရွက်ကားကားနဲ့ကောင်လေးတစ်ယောက် ဒီဇိုင်းတွေလာယူလိမ့်မယ်ဆိုပြီး မန်နေဂျာဖုန်းဆက်ထားတယ် စောင့်ရဦးမယ်
ထိုစဉ် တီတောင်~တီတောင်~
Wu : ဪ မင်းရောက်လာပြီလား မင်းလာလိမ့်မယ်လို့မထင်ထားဘူး
Marin : ဘာလဲ စောင့်နေတဲ့သူကတစ်ခြားတစ်ယောက် လာတဲ့သူကတစ်ခြားတစ်ယောက်ဖြစ်နေလို့စိတ်ပျက်သွားတာလား ( တံခါးဖွင့်ကာသူ့ကိုရပ်ကြည့်နေတဲ့ Kris ကိုတွန်းဖယ်ကာ high heels တစ်ရံကိုစည်းချက်မကျအောင်ချွတ်ရင်း Kris ရဲ့အခန်းတည်းကခုတင်ပေါ်မှာ ပစ်လှဲချရင်း sexy ကျကျမျက်နှာထားဖြင့်ဆွဲဆောင်နေတော့သည် )
Wu : ဒီနေ့အိမ်ကိုဧည့်သည်လာမှာ ပြန်တော့ တခြားသူတွေမြင်သွားရင်မကောင်းဘူး
Marin: ဟတ် သိပ်ရယ်ရတယ် ရှင်ကြီးကဘယ်တုန်းကပတ်ဝန်းကျင်ကိုဂရုစိုက်တတ်သွားတာလဲ? ဘာလဲ အသစ်တွေ့နေလို့ဟောင်းသွားတဲ့ကျွန်မကိုခါထုတ်မလို့လား? ရပါတယ် ရှင်တွဲချင်တဲ့သူနဲ့တွဲပါ ကျွန်မခွင့်လွှတ်ပေးမယ်
Wu: မင်းရူးနေလား မင်းရဲ့ခွင့်ပြုချက်ရမှမိန်းကလေးတွေကိုကစားရမယ့်ကောင်ထဲမှာငါမပါဘူး မင်းသိထားဖို့က မင်းကလည်းငါ့အတွက်ပျော်စရာတစ်ခုထဲကတစ်ခုပါပဲ
Marin: ဘာာာာာာ!
Wu : ဘာလဲ ရှော့ခ်ရသွားတာလား မင်းမသိလို့ဒီလိုမျိုးအပြုအမူတွေဖြစ်နေတာလား မင်းရှေ့မှာငါတွဲခဲ့တဲ့မိန်းကလေးရော မင်းနောက်မှတွဲခဲ့တဲ့သူအားလုံးကိုမင်းသိနေတာပဲ ဒီလောက်ကြီးမူမပျက်စမ်းပါနဲ့
Marin: လိုချင်တယ်
Wu : နောက်ဆုံးလမ်းခွဲလက်ဆောင်လား ပေးမှာပေါ့
အသက်မဲ့ပေမယ့် စုတ်ချက်အားပြင်းတဲ့ အနမ်းတစ်ခုကို စိတ်မပါတစ်ပါနဲ့ ဖန်ဆင်းပေးလိုက်တော့သည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Yeol : 25 , 26 , 27 ဟော တွေ့ပြီ ဒီတိုက်ပဲ
ဦးလေး ဦးလေး ဒီတိုက်နံပါတ် 27 က Wu Yi Fan ဆိုတဲ့တစ်ယောက်ရဲ့အခန်းကဘယ်မှာလဲဟင်
Arjushi : ဪ သူလား ဒီကတက်သွား 6 လွှာရဲ့ အခန်းနံပါတ် 0627 ဆိုတာသူ့အခန်းပဲ
Yeol : ကျေးဇူးပဲနော် ဦးလေး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Yeol : ရောက်ပြီ ဟင်အခန်းတံခါးကြီးကလည်းပွင့်နေပါလား ဝင်သွားကြည့်လိုက်ရင်ကောင်းမလား ဒီလိုပဲအပြင်ကနေသူထွက်လာတာကိုရပ်စောင့်နေရင်ကောင်းမလား တော်ပါပြီ နောက်လည်းအလုပ်ကိစ္စနဲ့ ခဏခဏတွေ့ရမယ့်သူတွေပဲ ရင်းနှီးမှုရှိအောင်ဝင်သွားကြည့်ရမယ် နောက်မှသူများအိမ်ကိုဒီလိုဝင်တာမကြိုက်ဘူးဆိုလည်းတောင်းပန်လိုက်ရုံပေါ့
Arrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrr! ဘာတွေလား? နေ့ခင်းကြောင်တောင်ကြီးမှာ
@ဖတ်လို့ပျင်းသွားရင်းတောင်းပန်ပါတယ်နော် ပထမဆုံးရေးတာမို့နားလည်ပေးစေချင်ပါတယ်
90' bow
TBC...............

ချစ်သူသာသိစေOpowieści tętniące życiem. Odkryj je teraz