ရာဇ၀င်ထဲက အချစ်ဇာတ်လမ်းPart 1

846 46 0
                                    

Chanyeolမင်းသား ခရီးနှင်ဖို့ သူ့အထိန်းတော်နဲ့အတူ အထုတ်အပိုးပြင်နေတုန်း ကိုယ်ရံတော် အပြေးအလွှား ရောက်လာပြီး
'အိမ်ရှေ့စံ ထွက်ခွာဖို့အချိန်ကျပါပြီ Youngminမင်းသားတို့တပ်ဖွဲ့ နန်းတော်ကိုတိုက်ဖို့ မြို့ရိုးနားတောင် ရောက်နေပါပြီ'
Chanyeolသက်ပြင်းတချက်ချလိုက်ပြီး
'အိမ်း ကောင်းပြီ ဒီနန်းတော်ကနေ အခုပဲထွက်ခွာကြတာပေါ့ အစီအစဉ်ဆွဲထားတဲ့အတိုင်း အရှေ့ဘက် လမ်းကြောင်းကပဲ သွားကြမယ် အားလုံးအန္ဒရာယ်ကင်းဖို့အတွက် လမ်းမှာငါကိုယ်တော်ကို မင်းသားလို မဆက်ဆံပဲ သာမန်အရပ်သားလိုပဲ နေကြဖို့ သတိပေးချင်တယ်'
'မှန်လှပါ အိမ်ရှေ့စံ'
MAMAဘုရင်ဖြစ်တဲ့ Chanyeolမင်းသားတို့ရဲ့ ခမည်းတော်ဟာ လွန်ခဲ့တဲ့နှစ်ရက်ခန့်က နတ်ရွာစံသွားပါတယ် အိမ်ရှေ့စံကိုလည်း သူဆုံးပါးခါနီးမှ ကြေညာခဲ့တာပါ။ အများထင်မှတ်ထားသလို အိမ်ရှေ့စံဖြစ်သွားသူက သားတော်ကြီး Youngminမင်းသားမဟုတ်ပဲ မိဖုရားငယ်ကမွေးတဲ့ Chanyeolမင်းသား ဖြစ်နေတဲ့အခါ မိဖုရားခေါင်ကြီးနဲ့ Youngminမင်းသားတို့ဟာ အမျက်ဒေါသချောင်းချောင်းထွက်လျှက် သူတို့လူအင်အားသုံးပြီး ထီးနန်းကိုတိုက်ယူဖို့ စီစဉ်ကြပါတယ်။ လတ်တလောအနေနဲ့ Chanyeolမင်းသားဘက်မှာ ရပ်တည်ရဲသူ မရှိတဲ့အတွက် ခတ္တရှောင်ရှားနေရမယ့် အနေအထားဖြစ်ပါတယ်။
OVERDOSEတိုင်းပြည်ရဲ့ နန်းတော်မှာတော့ ၁၀နှစ်ကျော်ကြာ ပညာသင်သွားနေတဲ့ မင်းသမီးလေးBaek ပြန်လာတော့မည် ဖြစ်သဖြင့် မယ်တော်ကြီးMyeonနှင့် ဘုရင်Luhanတို့ဟာ အပျော်ကြီးပျော်နေပါတော့တယ်။
'မယ်တော်တွက်တဲ့အတိုင်းဆို နောက်၎ရက်နေရင် သမီးတော်လေး ပြန်လာတော့မယ် အမလေး အခုဆို သမီးတော်လေးက အသက်၂၀ပြည့်ပြီမို့ သိပ်ကိုကျက်သရေရှိပြီး လှနေတော့မှာပဲ'
'ဟုတ်ပါ့ မယ်တော်ရယ် နှမတော်လေးက အတော်လည်း ပညာတတ်ပြီး ဘက်စုံထူးချွန်နေတော့မှာ MAMA ဘုရင်နဲ့လက်ဆက်ပေးဖို့တောင် နှမြောတယ် အရင်ကတည်းက ပြောထားပြီး ဖြစ်လို့သာ'
'ကဲပါလေ ဒါတွေက နောက်မှပါ အခုတော့ Baekလေးပြန်လာမှာမို့ မယ်တော်တို့က အခမ်းအနားတွေ စီစဉ်ပြီး ကြိုဆိုဖို့ လုပ်ရမှာလေ ဒါနဲ့ သားတော်သွားကြိုခိုင်းလိုက်တဲ့ စစ်သူကြီး Taoဆိုတာ စိတ်ကောချရရဲ့လား'
'စိတ်ချရပါတယ် မယ်တော်ရဲ့ သူကသားတော်တို့တိုင်းပြည်မှာ ကိုယ်ခံပညာအတော်ဆုံး ပြိုင်စံရှား ၀ူရှုးပန်ဒါ အမည်ရ စစ်သူကြီးပါ တခုပဲ ပိုးဟပ်တော့ကြောက်တတ်တယ် ဒါပေမယ့် နှမတော်လေးကို သွားကြိုမယ့် ပင်လယ်ပြင်ခရီးမှာ ပိုးဟပ်မရှိပါဘူး မယ်တော်ရဲ့ အဆင်ပြေမှာပါ' ဘုရင်Luhanပြောသလို ပင်လယ်ပြင်တွင် ပိုးဟပ်မရှိပါ သို့သော် သူတို့ထင်မထားသည်က........
ပင်လယ်ပြင်တွင် ရာသီဥတုသာယာပြီး လေငြိမ်လှိုင်းငြိမ်သည်ဖြစ်သဖြင့် မင်းသမီးလေးBaekဟာ ရွက်သဘော ထိပ်တွင်ရပ်လျှက် ရာဇ၀င်ကားတွေထဲက မင်းသမီးတွေလို ကဗျာစပ်နေသည် တူရိယာတခုခု တီးခတ်နေသည် ဟုထင်ပါသလား မဟုတ်ပါ OVERDOSEတိုင်းပြည်ရဲ့ မင်းသမီးပီပီထူးခြားစွာ အနောက်နိုင်ငံကသင်လာသည့် ဘရိတ်ဒန့်ကို ရိုးရာဝတ်စုံ ဂါဝန်ကြီးနဲ့ ကနေပါတယ်။
'I like to move it move it! I like to move it move it! I like to move it move it! I like to move it' ဤသည်ကိုပင် ရိုးအသော အရှေ့တိုင်းသားပီပီ စစ်သူကြီး Taoက
'ငါတို့မင်းသမီးက တော်လိုက်တာကွာ သူသင်ကြားလာတဲ့ အနောက်နိုင်ငံသိုင်းကွက်ကို သင်္ဘောထိပ်မှာ ထွက်ကျင့်နေတယ် တွေ့လားရဲမက်Kai မင်းလည်းခုထက်ပို ကြိုးစားသင့်ပြီ'
'ဟုတ်ကဲ့ သိပါပြီ ကျွန်တော်မျိုးအခုထက်ပိုကြိုးစားပြီး စစ်သူကြီးလို တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ပါ့မယ်'
စစ်သူကြီးTaoပြောသည့်စကားကို ရဲမက်Kaiသည် သူ့အစ်မSooနဲ့ ချိန်းတွေ့သည့် ကိစ္စမှလွဲရင် တသွေမတိမ်း နားထောင်ပါ၏ Taoသည် ကိုယ်ခံပညာအရတော့ အတော်ဆုံး ဆိုသော်ငြားလည်း လူမှုဆက်ဆံရေးကိစ္စတွင်မူ ပေါင်းသင်းရခက်ပြီး အတွေးအခေါ်က အနည်းငယ် ကြောင်တောင်တောင်နိုင်သည်။ သူ့ရာထူးနှင့် အာဏာကြောင့်သာ ဘေးတွင်တပည့်တပန်းများ ရှိသော်လည်း လူရင်းဟူ၍ ရဲမက်Kaiတယောက်သာရှိသည်။ ရဲမက်Kaiကလည်း ရင်းချင်လို့ရင်းနှီးရတာမဟုတ် သူ့အစ်မSooမျက်နှာကြောင့်သာ။ သူတို့လေပေါနေသော အချိန်မှာပင် သူတို့သင်္ဘောနှင့် ခပ်လှမ်းလှမ်းအကွာတွင် သင်္ဘောတစ်စီးပေါ်လာသည်။ ထို့ကြောင့် ရဲမက်တယောက် Taoဆီအပြေးအလွှား ရောက်လာပြီး
'စစ်သူကြီး ခပ်လှမ်းလှမ်းအကွာမှာ မသင်္ကာစရာ သင်္ဘောတစ်စင်းကို မြင်နေရပါတယ်'
ရဲမက်ပြောသည့်နေရာကို Taoလှမ်းကြည့်လေသော်
'ဟာ ဒီသင်္ဘောက မဟုတ်မှလွဲရော Black Pearl ပင်လယ်ဓါးပြသင်္ဘောပဲ အတော်ပဲ ကပ္မတိန်ဂျက်စပဲရိုးကို လက်မှတ်ထိုးခိုင်းရမယ်'
'ဟာ အရေးထဲ ဘာ ဂျက်စပဲရိုးမှ မပါဘူး စစ်သူကြီးကလည်း နန်းတွင်းကထုတ်တဲ့ LoveMeRightသတင်းစာ မဖတ်ဘူးလား ဓါးပြခေါင်းဆောင်ဘာဘိုဆာက ဂျက်စပဲရိုးသင်္ဘောကို လုသွားပြီး ဂျက်စပဲရိုးကို လူသူမဲ့ကျွန်းမှာ ထားခဲ့ပြီဆိုတာ'
Kaiစကားပြောနေစဉ်မှာပင် Black Pearl သင်္ဘောက နီးကပ်လာပြီး အမြှောက်နဲ့ ဆော်ပါတော့သည်။ Taoတို့ ကလည်းမခံ ပြန်ပြီးအမြှောက်ဖြင့်ဆော်သည်။ ပြီးနောက် ကျူးကျော်လာသော ဓါးပြများနှင့် OVERDOSE ရဲမက်တို့ အပြင်းအထန် တိုက်ခိုက်ကြသည်။ ကပ္မတိန်၂ဦးဖြစ်သော Taoနှင့်ဘာဘိုဆာတို့ကလည်း ဓါးရေးယှဉ် သိုင်းချကြသည်။ Taoနိုင်လုဆဲဆဲတွင် ဥာဏ်ကောင်းသော ဘာဘိုဆာသည် အိတ်ထဲတွင်သိမ်းထားသော ပိုးဟပ်တကောင်ကို Taoဆီလွှတ်ပေးလိုက်သောအခါ ပြိုင်စံရှားဝူရှုးပန်ဒါကြီးမှာ မေ့လဲသွားတော့၏ ထို့အချိန် အခွင့်ကောင်းယူလျှက် ဓါးဖြင့်ခုတ်သတ်မည်အလုပ် ယောက်ဖလောင်းလျာ ရဲမက်Kaiမှာ ဘေးကဓါးရိုးနှင့် ကောက်ထုလိုက်သဖြင့် ဘာဘိုဆာမှာ အာလူးအကြီးကြီးသီးကာ မူးပြီးပင်လယ်ထဲ ပြုတ်ကျသွားတော့သည်။ ကပ္မတိန်မရှိတော့သဖြင့် ဓါးပြများလည်း ကြောက်လန့်တကြားနှင့် ပင်လယ်ထဲခုန်ချပြေးသူပြေး အဖမ်းခံသူ ခံရနှင့် မြန်မာဗီဒီယိုကား လူကြမ်းများလို မခမ်းမနား ဇာတ်သိမ်းသွားရှာသည်။ ထိုအချိန်မှ မေ့လဲနေသော စစ်သူကြီးကို ပြန်နှိုးရတော့သည်။ မြန်မာကားနှင့် မတူသည်က ဓါးပြတွေကိုနိုင်လို့ အောင်ပွဲတောင်မခံရသေး မင်းသမီးက ပျောက်သွားသည်။ တကယ်တော့ ခုနက ပထမဆုံးအမြှောက်နှင့် အထုခံရစဉ်မှာပင် မင်းသမီး Baekမှာ သင်္ဘောထိပ်တွင် ဘရိတ်ဒန့်ကနေရင်း ပင်လယ်ထဲ ပြုတ်ကျသွားခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပြီး ၃နာရီလောက်အကြာမှ ရေငုပ်ရှာသော် မင်းသမီးBaekကို အစအနတောင်မတွေ့ ဓါးပြအလောင်းများသာ ရှာတွေ့တော့သည်။ စစ်သူကြီးTaoတို့အဖွဲ့ ပြာယာခတ်သွားသည်။ စိတ်ဓါတ်အခိုင်မာဆုံးဖြစ်သည့် စစ်သူကြီး Taoက အာပြဲနှင့်အော်ငိုသည်။
'အမလေး လုပ်ကြပါအုံး ငါတို့တဖွဲ့လုံး သေဒဏ်ပေးခံရတော့မှာပဲ'
အားအကိုးရဆုံး ယောက်ဖကြီးKaiကတော့ အကြံပေးရှာသည်။
'စစ်သူကြီးရယ် ကျွန်တော်တို့မင်းသမီးကို ရှာမတွေ့ရင်လည်း ဒီအတိုင်း ပင်လယ်ထဲ ပတ်နေမယ့်အစား ဒီနေရာနဲ့ အနီးစပ်ဆုံး ကမ်းခြေကိုသွားပြီး စောင့်ကြည့်ရအောင် မင်းသမီးက အနောက်နိုင်ငံက ပညာတွေ သင်လာခဲ့တော့ ပင်လယ်ကိုလည်း ဖြတ်ချင်ဖြတ်နိုင်မှာပါ'
Kaiအကြံက သိပ်တော့ဖြစ်နိုင်ချေ မရှိသော်လည်း ပင်လယ်ထဲအူကြောင်ကြောင် ပတ်နေတာနှင့်စာရင်တော့ အဆင်ပြေနိုင်သေးသည် အဘယ့်ကြောင့်ဆိုသော် ရိက္ခာအတွက်လည်း ထည့်စဉ်းစားရသေးသည်။ သို့နှင့် Lightsaberကမ်းခြေသို့ ရောက်ရှိလာခဲ့သည်။
ခေါင်းအုံးထဲတွင် ထည့်ဖွက်ထားသည့် အသပြာထုပ် မရှိတော့သည့်အခါ စာကြမ်းပိုးလေး Chenတယောက် တစ်ရွာလုံးကြားနိုင်သည့် အသံပြဲကြီးနှင့် ထအော်ပါတော့သည်။
'အားးးးးး FanFan အာ့ နင့်လက်ချက်မှန်းသိတယ် ငါစာမေးပွဲဖြေဖို့ မနည်းစုထားရတဲ့ အသပြာတွေကို ဒင်းရဲ့ ကုလားဖြူထုတ် အလှကုန်တွေအတွက် သုံးပစ်လိုက်ပြန်ပြီ အမလေး ဖေဖေZhouMiရဲ့ အဖေ့သမီးကို ဒီအတိုင်း ကောင်းကင်ဘုံက ကြည့်နေတော့မှာလား မိတဆိုးလေးဆိုပြီး အလိုလိုက်ရင်း အခုတော့ သားကိုနှိပ်စက်နေပြီ မဖြစ်ဘူး ဒီတခါတော့ မှတ်လောက်အောင်ကို ဆုံးမပစ်အုံးမယ်ဟေ့'
အစ်ကိုဖြစ်သူChen၏ ဒေါသတကြီး ကြိမ်းဝါးသံများကို FanFanတယောက် အိမ်နီးချင်းXiumin၏ ပေါက်ဆီဆိုင် ထဲတွင် ပုန်းရင်းကြားနေရပါ၏
'ဒီတခါတော့ အစ်ကိုအရမ်းစိတ်ဆိုးသွားပြီထင်တယ် အစ်မရေ အဟင့်ဟင့် အသစ်ရောက်လာတဲ့ မျက်နှာချေ လက်ကိုင်အိတ် ခေါင်းစီးဆံထိုးတွေက အရမ်းလှနေတော့ အကုန်လိုချင်သွားတာပေါ့'
'အဲဒါ နင့်အပြစ် မဟုတ်ပါဘူး FanFanက မိန်းကလေးပီပီ အလှကြိုက်တဲ့ဟာ နင့်အစ်ကိုက ဇီဇာကြောင် ကိုယ်ချင်းမစာတာ'
'အို ဘာပဲဖြစ်ဖြစ် FanFanတော့ ကမ်းခြေဘက်မှာ သွားပုန်းနေမှပါပဲ လောလောဆယ် အစ်ကိုကိုရင်ဆိုင်ရမှာ အရမ်းကြောက်တယ် အစ်မဆိုင်မှာဆို မကြာခင် ရှာတွေ့ပြီး သတ်ခံထိနေမှာ အဲတော့ သွားပြီ'
'ဟဲ့ ဟဲ့ နေအုံး' Xiuminတားချိန်တောင်မရ ခြေတံရှည်သော FanFanမှာ ဟိုးအဝေးကြီး ရောက်သွားပြီ
မင်းသမီးပျောက်သွားသည့် ကိစ္စနှင့်စိတ်ဆင်းရဲနေသဖြင့် အရင်က အင်မတန်စားနိုင်သော စစ်သူကြီးTaoမှာ ဘာဆိုဘာမှ သေချာမစားနိုင်သည်မှာ ၃ရက်လောက်တောင် ရှိနေပြီ။ ယောက်ဖလောင်းလျာ Kaiလည်း Lightsaberကမ်းခြေ၏ ကျောက်ဆောင်တွင် ငူငူကြီးထိုင်ကာ ဆွေးနေသောသူ့ကို ဘယ်လိုချော့ပြောရမယ်မသိ ထိုစဉ် စိတ်ညစ်နေသော Taoမြင်ကွင်းထဲ ခပ်လှမ်းလှမ်းတွင် ဖဲပြားကြိုးလေးနှင့်တူသော မိန်းကလေး တယောက် ပင်လယ်ထဲကို ဆင်းသွားသည်ကို တွေ့လိုက်ရသည်။ သူဆင်းသွားပုံကြည့်ရတာ ပျော်လို့အပျင်းပြေ ရေဆော့ရန်ဆင်းသည်နှင့်မတူ မသကာ သေကြောင်းများကြံမလို့လား Taoစိတ်ပူသွားသဖြင့် သူမထံ အပြေးရောက်သွားတော့သည်။
'ဟေ့ ဟေ့ မင်းဘာလုပ်တာလဲ ပန်းကလေးလို နုပျိုလှပနေတဲ့အရွယ်မှာ သေကြောင်းကြံရလား'
Taoစကားကို FanFanမကြားရပါ ရှေ့သာဆက်သွားနေစဉ် ကြီးမားသောလှိုင်းလုံးကြီး သူမဆီတည့်တည့်အ၀င်
'၀ုန်းးးးးးးးးးးးးးးးးး'
'ဟာကွာ'
Tao ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ သူပါရေထဲလိုက်ဆင်းကူးပြီး သူမကိုဆယ်ပြီး ကမ်းပေါ်ပွေ့ချီပြီး သယ်ဆောင်လာလိုက်သည်။ ရေနစ်သွားသဖြင့် FanFan သတိမေ့နေပါသည်။ ထိုခေတ်ထိုအခါက ရှေ့ဦး သူနာပြုနည်းသည် ခေတ်မစားသေးပါ။ သို့သော် မိန်းမလှလေးဆိုတော့ ခါတိုင်းဥာဏ်မသွက်သော Taoသည် သည်တခါမှာတော့ ရှေးဦးသူနာပြုနည်းကို ရုတ်တရက်ကြီး ဦးနှောက်ဖွံဖြိုး မသင်ပဲတတ်ပြီး FanFanကို ကုသပေးလိုက်ပါသည်။ ၃ခါလောက် ကြိုးစားပမ်းစား ကုသပေးလိုက်တော့မှ သူမသတိရလာတော့သည်။

to be continued



ရာဇ၀င်ထဲက ချစ်ဇာတ်လမ်းWhere stories live. Discover now