အပိုင်း ၃

430 52 17
                                    

ရာဇ၀င်ထဲက အချစ်ဇာတ်လမ်း (အပိုင်း၃)



ဒီနေ့ မနက်စောစောထပြီး မိဖုရားYixing မင်းကြီးLuhanစာဖတ်ဆောင်သို့ သွားကြည့်သော်လည်း ထုံးစံအတိုင်း မင်းကြီးကတော့ ရှိမနေပါ။ သက်ပြင်းတိတ်တိတ်ချပြီးသာ အဆောင်သို့ပြန်ခဲ့ရသည်


-----------------------------------------


မင်းကြီးတွင် အချစ်ဦးရှိနေသည်ဆိုတာ ကြားဖူးပါသော်လည်း လက်ထပ်ပြီးလျှင်တော့ ကိုယ့်ဘက်ပါအောင် စည်းရုံးလို့ရမည်ဟု Xingစဉ်းစားခဲ့ပါ၏ သို့သော် မင်းကြီးသည် Xingကို မင်္ဂလာဆောင်သည့် နေ့ကတည်းက လုံးဝကိုစိတ်မ၀င်စား၊ စာဖတ်ဆောင်တွင် သွားအိပ်သဖြင့် Xingခမျာ မင်္ဂလာဦးညကို တစ်ယောက်တည်း ခေါင်းအုံးခွပြီး မျက်ရည်စက်လက် ကျော်ဖြတ်ခဲ့ရသည်။ ညဘက်ပူဆွေးရသဖြင့် အိပ်မပျော်ဖြစ်တိုင်း မနက်ဆို နေဖင်ထိုးခါနီးမှ ထဖြစ်သည်။ အိပ်ရေးပျက်လွန်းသဖြင့် ရှိရင်းစွဲအလှပင် ဘယ်ရောက်လို့ရောက်မှန်းကိုမသိ 'အိပ်မှုံစုန်မွှားမိဖုရား' ဟု အများသူငါ တိတ်တိတ်ပေးသည့်နာမည်ပါ ရသွားရသေးသည်။ အပျိုတော် တစ်ယောက် လာရောက်သတင်းပေးသဖြင့် သူမကိုမင်းကြီး စိတ်မ၀င်စားရသည့် အကြောင်းရင်းမှန်ကို သိသွားရတော့သည်။ ယခုချိန်ထိ မင်းကြီးနှင့်သူ့အချစ်ဦး ပေါက်ဆီမိန်းကလေးမှာ အဆက်အသွယ်မပြတ်သေး၊ ထိုမိန်းကလေးဆီ (မိဖုရား အိမ်မက်မက်ကောင်းတုန်းအချိန်) မနက်တိုင်းသွားပြီး ချိန်းတွေ့နေသည်တဲ့။ ဒီအတိုင်း ဆက်လွှတ်ထားလျှင်ဖြင့် များမကြာမီတွင် မင်းကြီးက ထိုပေါက်ဆီမိန်းကလေးကို အနောက်ဆောင် တင်တော့မည်ဖြစ်သည်။ အဲဒီလိုသာဆို ဒီတသက် Xingအတွက် မင်းကြီးအချစ်ကိုရဖို့ မျှော်လင့်ချက် နည်းနည်းမှကို မရှိတော့မှာ သေချာပြီ။ ဤအဖြစ်မျိုးကိုဖြင့် မိဖုရားXingတို့ အဖြစ်မခံနိုင်ပါ မိန်းမမာယာ သဲ၁၂ဖြာမက ခင်းသင့်ခင်းပြီး မင်းကြီးကို မြူစွမ်တိုက်သင့်တိုက်ရမည်ဟု ယူဆလျှက် ညနေ၃နာရီလောက် ကတည်းက အ၀အိပ်ကာ မနက်၎နာရီလောက်ထ ပန်းမျိုးစုံ အမွှေးနံ့သာများနှင့်ရေစိမ်ချိုး အလှစိတ်တိုင်းကျ ပြင်ဆင်လိုက်တာ မနက်၈နာရီပင်ခွဲသွားသဖြင့် အပြေးအလွှား စာဖတ်ဆောင်သွားသော်လည်း မင်းကြီးမှာ မရှိတော့ ထုံးစံအတိုင်း သူ့အချစ်ဦးဆီသွားပြီဖြစ်သည်။ မိဖုရားXingခမျာ ခဲလေသမျှ သဲရေကျလျှက် မျက်ရည်ပေါက်ကြီးငယ်ကျပြီး သူ့အဆောင်ပြန်မည်အလုပ် နန်းတော်ထဲတွင် လူတရုန်းရုန်းနှင့် ဖြစ်နေသဖြင့် (ဘာများထူးခြားဘာလိမ့်) စပ်စုမည်ကြံကာ မယ်တော်ကြီးအဆောင်နားထိသွားသော် အနောက်တိုင်းသွားကာ ပညာသင်သည့် မင်းသမီးပြန်လာသဖြင့် ပွဲတော်လိုဖြစ်နေခြင်း ဖြစ်လေ၏ ဒီလိုပွဲမျိုးကို မိဖုရားXingတို့ ဘယ်အလွတ်ခံလို့ ဖြစ်မလဲ ယောင်းမတော်ကို သွားရောက်နှုတ်ဆက်ရမှာပေါ့။

ရာဇ၀င်ထဲက ချစ်ဇာတ်လမ်းWhere stories live. Discover now