အပိုင်း ၂

386 36 0
                                    

ရာဇ၀င်ထဲက
'အဟွပ် အဟွပ်' FanFan သတိရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ပန်ဒါနဲ့တူတဲ့ ကောင်လေးတစ်ယောက် မျက်စိအကြောင်သားနဲ့ သူ့ကိုကြည့်နေသည်။
'ရှင်က ဘယ်သူလဲ'
'ကိုယ်ကလား ဖဲကြိုးလေးကို ကယ်တင်လိုက်တဲ့ သူရဲကောင်းကြီးပေါ့'
FanFan ကျေးဇူးမတင်ပါ သူ့ဗလကြီးမှအားမနာ မျက်နှာရဲပြီး ရှက်သွေးဖြာနေသည့် ရဲမက်ဝတ်စုံနှင့် ပန်ဒါကို ကြည့်ပြီး သူ့နှုတ်ခမ်းဆူဆူကို နှစ်ဆထော်ကာ စိတ်လေသွားသည်။
'ဘာလို့ ကယ်ရတာတုန်း သူများကသေချင်နေတာလေ'
'ဘာလို့ သေချင်တာတုန်း လတ်လတ်ဆတ်ဆတ် မှည့်မှည့်ဝင်းဝင်း အရွယ်မှာ အဲ ငယ်ငယ်ရွယ်ရွယ်မှာ'
'ရှင်မသိပါဘူး အလှကုန်တွေမရှိရင် FanFan အသက်မရှင်နိုင်ဘူးဆိုတာ အဟင့်ဟင့်'
သူကယ်လိုက်တဲ့ မိန်းမလှလေးက ထူးထူးဆန်းဆန်းတွေပြောပြီး ထငိုနေတော့ Taoခမျာ ခေါင်းကုတ်ပြီး ဘာလုပ်ပေးရမှန်းကိုမသိ ထိုစဉ် ယောက်ဖလောင်း ရဲမက်Kaiအပြေးအလွှား ရောက်လာသည်။
'ဟယ် စစ်သူကြီး မင်းသမီးကို ပြန်တွေ့ပြီလား ၀မ်းသာလိုက်တာ'
'ဟာ ရဲမက် စိတ်ညစ်လွန်းလို့ မျက်စိများမှုန်သွားသလား တော်ရုံမဟုတ်ဘူး ပဲတောင့်ရှည်နဲ့ ငရုတ်သီးလောက် ကွာဟနေတဲ့အရပ်ကို မှားရသေး'
Kaiက စစ်သူကြီးTaoကို ထုံအပါ့ဆိုသည့် သဘောဖြင့်ကြည့်သည် ပြီးနောက်
'စစ်သူကြီးကလေ ကျွန်တော်မျိုး ပြောတဲ့သဘောကို မရိပ်မိဘူး သေချာစဉ်းစားကြည့်ပါ ဒီလှိုင်းဒီလေရေနဲ့ မင်းသမီးက အသက်ရှင်နိုင်ပါတော့မလား အဲဒါဆို ကျွန်တော်မျိုးတို့ တစ်တပ်လုံး သေဒဏ်ပေးခံရမှာက ကျိန်းသေနေပြီလေ'
'အေးလေ သိတယ်လေ စိတ်ညစ်နေတာလဲ အဲဒါလေ'
'စစ်သူကြီး ကျွန်တော်မျိုးတို့ မတွေးမိတာက မယ်တော်ကြီး မင်းကြီးနဲ့ နန်းတော်ကလူတွေက မင်းသမီးကို မတွေ့ရတာ ဆယ်စုနှစ်တစ်ခု ရှိနေပြီလေ အဲဒီတော့......' Kai မိန်းမလှလေး FanFanကိုကြည့်ပြီး Taoကို မျက်စပစ်ကာ အချက်ပြသည်။
Taoတခုခုကို သဘောပေါက်သွားပြီး Kaiကို FanFanနဲ့ ခပ်လှမ်းလှမ်းနေရာခေါ်သွားပြီး
'ဘာ မင်းရူးနေလား သူ့ကိုမင်းသမီးအယောင်ဆောင်ခိုင်းမလို့လား ပေါ်သွားရင်သေဒဏ်နော်'
'ဟာဗျာ စစ်သူကြီးကလည်း အဲလိုမလုပ်လဲ ကျွန်တော်မျိုးတို့က သေဒဏ်ကျမှာပဲလေ ခုလိုလုပ်မှသာ အသက်ရှင်ဖို့ အခွင့်အလမ်းရှိသေးတာ'
Taoစဉ်းစားသွားသည် ပြီးမှ
'အေး အယောင်ဆောင်ခိုင်းတာတော့ ဟုတ်ပါပြီ အရွယ်အစားက တပေလောက်ကွာနေတာ ဘယ်လိုလုပ်ရပါ့'
'အော် ရေမြေကောင်းလို့ အဟာရပြည့်ပြီး အရပ်ရှည်လာတယ်ပေါ့ မျက်နှာကျလည်း သိပ်မကွာပါဘူး မျက်လုံးမျက်ခုံးကလည်း အနောက်တိုင်းမျက်လုံးဆိုးဆေး သုံးတာများလို့ မျက်လုံးမျက်ဖန် ပိုပြူးလာတယ်ပေါ့ ဘိုမတွေကြားနေတာများလို့ နှာတံကလည်း ပိုပေါ်လာပြီး တိုင်းပြည်ကိုလွမ်း စိတ်အလိုမကျလို့ နှုတ်ခမ်းလေး ဆူလာတယ်ဆိုရင် မင်းကြီးတို့ယုံမှာပါ စစ်သူကြီးရယ်'
ထိုအကြံကို Taoလက်ခံလိုက်သည် ပြီးနောက် FanFanနဲ့သွားညှိသည် သိပ်မညှိလိုက်ရ မင်းသမီးသေတ္တာထဲက အလှကုန်များ ထုတ်ပေးလိုက်သောအခါ ချက်ချင်းခေါင်းငြိမ့်ပြီး အပေးအယူတည့်သွားသည်။
မင်းသမီးအစစ် Baekမှာကား................
အစ်ကိုဖြစ်သူ Chenသည် ညီမFanFanကို စိတ်ဆိုးတုန်းခဏ စိတ်လိုက်မာန်ပါနှင့် သူ့ပိုက်ဆံဘုန်းပြီး ၀ယ်ထားသည့် အနောက်တိုင်းအလှကုန်များကို ဖျက်စီးလိုက်မိသည်။ ထိုအကြောင်းကြောင့် FanFanစိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းသွားသည် သူ့ကိုယ်သူသတ်သေမည်တဲ့။ အစကတော့ Chenစိတ်မပူ ခဏနေရင် ပြန်လာမည် ထင်မိသည်ပေါ့ သို့သော် အိမ်နီးချင်းတချို့က ကမ်းစပ်သွားသည် ပြောလိုက်သောအခါ စိတ်ပူပြီးလိုက်သွားတော့ အစအနပင် ရှာမတွေ့။ မေးမြန်းသော်လည်း ဘယ်သူမှမသိ ရေထဲများတကယ် ဆင်းသွားလေသလား Chen အော်ကြီးဟစ်ကျယ် (သူ့အသံပြဲ)ဖြင့် အော်ငိုလေသော် ခပ်လှမ်းလှမ်းတွင် နားနေသည့် MAMA အိမ်ရှေ့စံ Chanyeolရောက်လာတော့၏
'နောင်ကြီး ဘာအကြောင်းကိစ္စများ ဖြစ်လို့ပါလဲ'
'ကျွန်တော်ညီမလေး ပျောက်သွားလို့ပါဗျာ တခြားသူတွေကတော့ ကမ်းစပ်ဘက်သွားတယ် ပြောကြပေမယ့် လုံးဝရှာလို့မတွေ့တော့လို့ပါ ကူညီကြပါဗျာ ကျွန်တော်ညီမက ထင်းခနဲနေအောင် လှပါတယ် မျက်လုံးမျက်ခုံး ခပ်ကောင်းကောင်း နှုတ်ခမ်းဆူဆူလေးနဲ့ အဖေတူသမီးမို့ အရပ်အမောင်းလည်းကောင်းပါတယ်'
Chenပြောမှ Chanyeol တခုသတိရသွားသည်။
'ဟယ် ခုနက ကျွန်တော်ရေထဲက ဆယ်ထားတဲ့ မိန်းမလှလေးများလား'
Chanyeol ရမ်းတုတ်သည်ကို Chenအဟုတ်ကြီးထင်ပြီး ၀မ်းသာသွားသည်။
'ဟင် ကျွန်တော့်ညီမလေးကို ရှာတွေ့တယ်လား လိုက်ကြည့်မယ် လိုက်ကြည့်မယ်'
တကယ်တမ်း သွားကြည့်လေသော် Chanyeol ကယ်ထားသောမိန်းကလေးမှာ မိန်းမလှလေးမှန်သော်လည်း မျက်လုံးမှေးမှေး စပ်စပ်စုစု လူကောင်သေးသေး FanFanနဲ့ အကျီအရောင်ကလွဲရင် ဘာမှကိုမတူပေ။
'စိတ်ညစ်ရတဲ့အထဲဗျာ ခင်ဗျားက လာနောက်နေတယ် ကျွန်တော်ပြောတဲ့အရပ်နဲ့ တစ်ပေလောက် ကွာနေတာကို'
'မသိဘူးလေဗျာ ရေနစ်သွားတော့ အအေးမိပြီးများ ကျုံ့သွားမလားလို့ တွေးကြည့်တာပါ (ကြံကြီးစည်ရာ အိမ်ရှေ့စံရယ်) ဟိုလေ နောင်ကြီးညီမလည်း မဟုတ်ဘူးဆိုတော့ သူ့ဘယ်လိုလုပ်ပါ့မလဲ ကောင်မလေးက ရေနစ်တာများ ကြာသွားလို့လားမသိ အတိတ်မေ့နေတာဗျ ဘယ်ပြန်ပို့ရမှန်းကို မသိတော့ပါဘူး'
'အမ် ဒါဆိုလည်း ငါ့ညီပဲ အိမ်ခေါ်သွားလိုက်ပါလား မိဘတွေကို အကျိုးအကြောင်းပြောပြီး သူပြန်သတိရလာမှ သူ့အိမ်ပြန်ပို့ပေးလိုက်ပေါ့'
'ဟာဗျာ ကျွန်တော်က ဒီနယ်သားမဟုတ်ဘူးဗျ တခြားနယ်ကကုန်သည်ပါ လမ်းမှာတိုက်ပွဲတခုနဲ့ ကြုံသွားလို့ အဖွဲ့နဲ့ကွဲပြီး တယောက်တည်း ဒီရောက်လာတာ (ဘယ်လိုလူမှန်းမှမသိတာ ဘ၀မှန်ဖုံးကွယ်ထားရမယ်လေ) အဲဒါနဲ့ရေထဲမြောနေတဲ့ ခုနကကောင်မလေးကို ကယ်မိတယ်ဆိုပါတော့။ ဒီကမ်းစပ်နားက အိမ်ဟောင်းမှာပဲ သူနဲ့နေရတာ ၂ရက်လောက်တောင်ရှိနေပြီ ကောင်မလေးက လှလည်းလှ ရွလည်းရွမို့ ကြာရင် သူနဲ့ကျွန်တော် ညားကိန်းမြင်တယ်'
Chenလည်း သူများအချစ်ဇာတ်လမ်း နားထောင်နေတာနဲ့ပဲ ညီမပျောက်တာမေ့ပြီး သူပါရောယောင် Feel တက်နေသည်။
'အော် ညားရင်လည်း ယူလိုက်ပေါ့ ကောင်မလေးက အတိတ်မေ့နေတယ်ဆိုပေမယ့် ၀တ်ပုံစားပုံကြည့်ရတာ မျိုးရိုးကောင်းက မိန်းကလေးဖြစ်မှာပါ ရုပ်ရည်လည်းရှိပြီး အခုလည်းမင်းကို မျက်စတွေပစ်ပြနေပုံထောက်ရင် အရမ်းသဘောကျနေပုံရတယ်'
'ယူလို့မဖြစ်လို့ပေါ့ဗျာ ကျွန်တော့်မှာ ငယ်ငယ်ကတည်းက ဟိုဘက်တိုင်းပြည်က မင်းသမီး အဲ သူဌေးသမီး တယောက်နဲ့ စေ့စပ်ထားတာဗျ'
'ဟွန်း အဲ့လိုဆိုပြီး ကျွန်တော့်အိမ်ပို့ရင်လည်း ကျွန်တော်နဲ့ညားသွားမှာပေါ့'
'အင်း အဲဒါလည်း ဟုတ်တယ်နော်'
Chenခဏစဉ်းစားလိုက်သည်။
'အင်း ဒီလိုလုပ် ငါ့ညီက ခုလောလောဆယ် နေစရာမရှိရင် အစ်ကို့အိမ်ပဲ လိုက်နေပါ အစ်ကိုညီမအခန်းက လွတ်နေတော့ အဲ့မှာအိပ်ပေါ့ သူပြန်လာရင်တော့ အဲ့မှာအိပ်လို့မရဘူးနော်' (အရေးထဲ ညီမရှည်တောက်ကြီးကို တိုနေသေး)
'အင်းပါ သူပြန်လာရင်တော့ အဲ့အခန်းမှာ မနေပါဘူး'
'အိမ်မှာက ယောက်ျားလေးချည်းပဲ ဖြစ်နေတော့လေ ဟိုမိန်းကလေးကိုတော့ ဘေးအိမ်ကပေါက်ဆီဆိုင်ပဲ သိပ်အကြောမတည့်ပေမယ့် ခဏအပ်ထားရမှာပဲ'
MinMinပေါက်ဆီဆိုင်တွင်------------
'မမလေး ဧည့်သည်ရောက်နေတယ်'
ဘယ်သူများလည်းလို့ Xiuminထွက်ကြည့်လိုက်တော့ တခြားသူနဲ့ မင်္ဂလာဆောင်သွားပြီး သူမအသည်းကို လတ်လတ်ဆတ်ဆတ်ခွဲထားသည့် ချစ်သူLuhan
'ကျမ ရှင့်ကိုမတွေ့ချင်ဘူး ပြန်ပါ' ပြောရင်းငိုလျှက် တရုတ်မင်းသမီးများ အိုက်တင်အတိုင်း အထဲသို့ ပဲပြေး ပြေးဝင်သွားသည်။ ပါးစပ်ကမတွေ့ချင်ဘူးဟု ပြောသော်လည်း တံခါးပိတ်မပစ်ပါ မင်းသားဝင်လို့ မရမှာစိုးသဖြင့်
'MinMin MinMin ကိုယ်ရှင်းပြတာ နားထောင်ပါအုံး' Luhanသည်လည်း အလိုက်သိစွာပင် နောက်က ပြေးလိုက်ပြီး အခန်းထဲဝင်ချော့ပါသည်။ ထိုအခါ Xiuminသည် တျုတ်သိုင်းကား ဒရမ်မာထဲကလို မျက်ရည်စကို လက်ကိုင်ပ၀ါနဲ့ တို့တိတို့တိလုပ်လျှက်
'ရှင်းမပြပါနဲ့တော့ ကျမလိုသေးနုတ်တဲ့ စားသောက်ဆိုင်ပိုင်ရှင်လေးက မင်းကြီးလို ကြီးကျယ်မြင့်မြတ်တဲ့ အမျိုးအနွယ်နဲ့ ဘယ်လိုလုပ်ထိုက်တန်ပါ့မလဲ နားလည်ပါတယ် အဟင့် အဟင့်'
Xiumin ဒရမ်မာခင်းပြနေသောအခါ Luhanလည်းမနေသာ ပြဇာတ်ထဲကမင်းသားလို မင်းသမီးပခုံးလေး ဖွဖွဖက်ရင်း ချော့ပါသည်။
'ကိုယ်လေ မိဖုရားXingနဲ့ ယူရတယ်ဆိုတာ အမတ်ကြီးZhangက မယ်တော်သိပ်အားထားရတဲ့ လက်ရုံးလို ဖြစ်နေတယ်လေ ကိုယ့်နန်းတက်ရေးအတွက် ကိုယ့်ဘက်ကလူအင်အား သေချာဖို့အရေး အဲဒီမင်္ဂလာကိစ္စကို ကိုယ်ဘယ်လိုမှ ငြင်းဆန်ဖို့ မဖြစ်နိုင်ခဲ့ဘူး'
'MinMin နားလည်ပါတယ် ကိုယ်ဘုရင်ဖြစ်ဖို့အရေး MinMinတို့ချစ်ခြင်းကို လျစ်လျူရှုခဲ့တယ်ဆိုတာ အဲဒါကြောင့် ကိုယ်နောက်ပိုင်းကောင်းစားဖို့အရေး MinMinကို မဆက်သွယ်ပါနဲ့တော့ အီး ဟီးးးး' ထိုအသံ နားထောင်ခြင်းအားဖြင့် Xiuminက သူ့ချစ်သူမင်းကြီးLuhanကို နှင်ထုတ်နေပြီဟု ထင်ပါသလား လုံးဝ မဟုတ်ပါဘူး အလွမ်းသည်ရင်း Kiss Scene တော့မှာပါ ထိုစဉ်
'ပေါက်ဆီဆိုင်အဒေါ်ကြီး ခင်ဗျားဆီမှာ ကောင်မလေးတစ်ယောက် လာထားချင်လို့'
ရုတ်တရက်ကြီး ဆိုင်ရှေ့ကChen၏ အသံပြဲကြားလိုက်ရသဖြင့် Kiss Sceneမည့်ကိစ္စလန့်ပြီး ပျက်သွားသည်။ ဧည့်သည်လာသည် အထင်နှင့် Luhanရှက်ပြီး ခပ်သုတ်သုတ် ပြန်ပြေးသွား၏ အခန်းထဲတွင်ကျန်ခဲ့သော Xiuminကတော့ သာသနာဖျက် Chenကို မေတ္တာအသားကုန်ပို့ရင်းးးး................
To be continued

ရာဇ၀င်ထဲက ချစ်ဇာတ်လမ်းWhere stories live. Discover now