The End of Loneliness

804 72 3
                                    

The End of Loneliness
.
Episode 4
.
.
.
Tae နှင့် Yoona သူတို့ နောက်မှ လိုက်လာသော ကားကို မျက်ခြေဖြတ်ဖို့ ကြိုးစားသော်လဲ မအောင်မြင်ဘဲ ကားက သူတို့ နှင့် ဘေးချင်းကပ် လိုက်လာသည်။ ထို့နောက် Tae တို့ဖက်သို့ ကားကို ကပ်လိုက်ရာ Tae လဲ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်သွားပြီး ရှေ့တည့်တည့်မှ လာနေသော ကုန်တင်ကားနှင့် တိုက်မိတော့သည်။
ကားမှာ နှစ်လိမ့် သုံးလိမ့်လောက် လိမ့်ပြီးမှ ရပ်သွားလေသည်။ ပတ်ဝန်းကျင်၌ မီးခိုးများမွှန်ထူနေလေသည်။ သို့သော် ကားမှာ မပေါက်ကွဲ ဘဲ အင်ဂျင် မှ မီးခိုးငွေ့ထွက်ခြင်းသာဖြစ်သည်။ seoul သို့ သွားသည့်လမ်းဖြစ်သဖြင့် လူသွားလူလာမပြတ်ပေ။

Tae မျက်လုံးကို အားယူဖွင့်ကြည့်လိုက်သည်။ ကောင်းကောင်းမမြင်ရပေ။ သူ့ခေါင်းမှာ စီယာတိုင်နှင့် တိုက်ထားသည့် အရှိန်ကြောင့် ကွဲကာ သွေးများစီးကျနေသည်။
Yoona ကိုကြည့်လိုက်ရာ ဇောက်ထိုးဖြစ်နေသည်။ သူyoona ကို အပေါ်မှ ဆွဲချလိုက်သည်။ ထို့နောက် ဘေးတံခါးမှတစ်ဆင့် အပြင်သို့ထွက်ခဲ့သည်။ သူတို့ကားနားတွင် လူများရှိနေသော်လဲ သူတို့က လမ်းဖက်မဟုတ်ဘဲ ဘေးဖက်ရောက်နေသောကြောင့် သူတို့ကို မမြင်ကြပေ ကားကိုသာ အာရုံစိုက်နေကြသည်။  Tae yoona ကို ကြည့်လိုက်ရာ နဖူး၌ မှန်ကွဲများဖြင့်ရှထားသည်။
ညာလက်မောင်း၌လဲ ရှထားသည်။ ခြေထောက်မှာ စောစော က ထိုင်ခုံနှင့်ညပ်ထားသဖြင့် ကောင်းကောင်းမထောက်နိုင်။
Tae yoona ကို တွဲလိုက်ပြီး အကူအညီတောင်းရန် လူအုပ်ဖက်ကြည့်လိုက်ရာ ထို လူအုပ်ထဲမှ သူ ကော်ဖီဆိုင်မှာတွေ့ခဲ့ဖူးသော Kym နောက်လိုက် ၃ယောက်ကိုတွေ့လိုက်သည်။ အော်ဟစ်အကူအညီတောင်းရန် အားမရှိတော့ပေ။ အသက်ကိုပင်မနည်းရှူနေရသည်။ Yoona လဲ ရှိသမျှအားသုံးပြီးအော်သော်လဲ လူအုပ်က ဆူညံနေသောကြောင့် သူတို့ အသံကို မကြားရ။ ကြံရာမရ သည့်အဆုံး...........

Tae-yoongie လာ unnie တို့ ပြေးရအောင် ခြေထောက်က ရသေးလား

Yoon- ရတယ်unnie လာ
ပြောပြီး တောထဲဝင်ပြေးတော့သည်။
လူဆိုးတွေလဲ သူတို့၂ယောက် တောထဲ ပြေးဝင်သွားသည်ကို မြင်လိုက်ပြီးလိုက်သွားလေသည်။
သို့သော် ကားတိုက်ထားသဖြင့် ဒဏ်ရာများကြောင့် ခေါင်းများလဲမူးနေပြီး မျက်လုံးများလဲ ဝေဝါးကာ ခြေထောက်များမှာလဲ ကောင်းကောင်း မပြေးနိုင်ဘဲ တစ်ကိုယ်ဘုံးညောင်းကိုက်နေသောကြောင့် Tae yeon ပစ်လဲ သွားသည်။
Yoon-unnie Tae unnie ...
Yoona taeyeon ကိုတွဲထူလိုက်ပြီး ပြန်ပြေးသည်။ သို့သော် နောက်မှ အားကောင်းမောင်းသန်လူဆိုးများမှီလာသည်။ yoona လဲ စောစောက ခုံနှင့်ညပ်ထားသဖြင့် ခြေထောက်နာနေသောကြောင့် ခြေမခိုင်ဘဲ Tae ရော Yoona ရော ပစ်လဲလေတော့သည်။ ထိုချိန် Tae ကတော့ ကမ္ဘာ ကြီးနှင့် ခေတ္တာမျှ အဆက်အသွယ် ပြတ်သွားလေသည်။ Yoona လဲ မျက်ခုံးများလေးလံလာသည်၊ သူအားတင်းထားသော်လဲ မကြာမီ သူ့ရှေ့ သို့ ရောက်လာသောသူ၏ ခြေထောက်ကို လှမ်းဆွဲရင်း သတိမေ့သွားတော့သည်။
................×××××...............

The End of LonelinessWhere stories live. Discover now