ကျွန်တော့ရဲ့ ပထမဆုံး ရင်ခုန်သံပါပဲ ဒါပေမယ့် ဒီမိန်းကလေးကို ကျွန်တော်ကြောက်ပါတယ်
သူမကြောင့် ရပ်ကွက်မှာ နာမည်ကြီးဖြစ်ခဲ့ရတာလဲ အကြိမ်ပေါင်းမနည်းတော့ပါဘူး ဒါတောင် ကျွန်တော်က သူမကိုသဘောကျနေတာလေ
သူမက ပီကေကို ဘယ်လိုများစားတယ် မသိပါဘူးဗျာ
ကျွန်တော့်ခေါင်းကို သူမစားတဲ့ ပီကေတွေကပ်ကုန်လို့ ကတုံးတုံးခဲ့ရပါတယ် ဒီကတုံးကလည်း ဘေးအိမ်က ဒေါ်အာကျယ် Chen က တုံးပေးခဲ့တာ သူမအဒေါ်လေ
ဘယ်လိုများတုံးလဲ မသိပါဘူးဗျာ ပြောင်နေတာပဲ ကိုယ့်ကိုယ်ကို မှန်ကြည့်ရင်တောင် ခေါင်းကဆီသုတ်ထားသလား အောက်မေ့ရတယ်
သူမက ကျွန်တော့ကို စိတ်ဒုက္ခအမျိုးမျိုးပေးစွမ်းနိုင်သူပေါ့
ခုလည်း ရပ်ကွက်ထဲမှာ နာမည်သစ်ရနေပြန်ပြီလေ ကျွန်တော့လို style မိမိ ဒေါင့်ကောင်းကောင်းနဲ့ လူချောတစ်ယောက်ကို ခေါ်ရက်ကြတယ် ဘာတဲ့ ပြောင်ကြီးတဲ့ဗျ
ဘယ်လိုစခေါ်ဖြစ်လဲပြောရဦးမယ်❆➳ တစ်နေ့ ကျွန်တော့ရှေ့ကနေ ပြာပြာ ပြာပြာနဲ့ သွားနေတဲ့ကောင်မလေးကိုတွေ့တော့ ရပ်ကွက်ထဲမှာ အနေကြာတော့ ကူးဆက်လာတဲ့ စပ်စုချင်တဲ့ရောဂါက ထလာတာတယ်
ဟေ့ Kai ပြာပြာ ပြာပြာနဲ့ ဘယ်သွားမလို့လဲ
Kai>>ဪ Kris ပါလား အိမ်မှာလေ ရွာကဧည့်သည်ရောက်နေလို့ အလုပ်ရှုပ်နေရတယ်
ကျွန်တော်တို့လည်း ဘာလေးညာလေးပြောပြီးတော့ kai ပြန်သွားတာပေါ့ ကျွန်တော်လည်းအိမ်ပြန်မလို့ လှည့်လိုက်ရော
Kris>> ဟိုက်
် ဘာလဲဟ အောင်မလေး လန့်လိုက်တာ Suho ရယ်Suho>> လန့်မပေါ့ လောရှည်ရဲ့ နှာထနေတာကို
Kris >> တိုးတိုးပြောပါဟ နင်ကလည်း
![](https://img.wattpad.com/cover/60362178-288-k504798.jpg)
YOU ARE READING
Pretty Girl
Nezařaditelnéအနုပ် Fic လေးပါ အရေးအသားညံ့တာလေးတော့  ကွကိုတိပါတယ် ဟဲဟဲ ဒါပေမယ့် ကြိုးစားထားပါတယ် Krisho ကလွဲ ဘာမှကိုရေးချင်ဘူး အနုပ်ရဲ့ ဇာတ်လိုက်နှစ်ယောက်ပေါ့ ☺