ဒီနေရာ..... အများအမြင်မှာတော့ သာမန် လေယာဉ်ကွင်းတစ်ခုပါပဲ...
သို့သော်"သာမန်"ဟူသောစကားလုံးထက်တော့ ပိုမိုလေးနက်မည်မှာအသေအချာပင်။ခွဲခွာသွားမည့်သူများကို လက်ပြနှုတ်ဆက်ရင်း ကျန်ရစ်ခဲ့ရတဲ့သူတွေရဲ့ ၀မ်းနည်းပူဆွေးမှုတွေ ပြည့်နှုက်နေတဲ့နေရာ။
ချစ်ရသူတွေကို ပြန်တွေ့ခွင့်ရဖို့ အနှစ်နှစ်၊အလလစောင့်မျှော်နေရသူတို့အတွက် ကံကြမ္မာကလက်ဆောင်ပေးလိုက်သည့်
ဝမ်းသာပျော်ရွှင်မှုတွေ ပြည့်နှုက်နေတဲ့နေရာ။.......ကျွန်မ....ရင်နင့်အောင်..ချစ်ရတဲ့သူနဲ့စတင်တွေ့ဆုံခဲ့တဲ့.....နေရာ.....
~~~~~~~~~~~~~~~~~~~~~~~~
"ကမ္ဘာ့ No.1 KPop အနုပညာရှင် အဖွဲ့၁ဖွဲ့ဖြစ်သည့် "EXO" အဖွဲ့သည် မြန်မာနိုင်ငံတွင်ပထမဦးဆုံးကျင်းပပြုလုပ်မည့် "Exo' Luxion in Yangon" ဖျော်ဖြေပွဲကြီးအတွက် ဇန်န၀ါရီလ ၁ရက်နေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်"
.......... ဟူသော သတင်းကို ကျွန်မကျောင်းသို့လာစဉ် Busကားပေါ်မှာရော၊ ကျောင်းဝင်းထဲသို့ဝင်လာသည့်လမ်းတစ်လျှောက်ပါမကျန် ကြားခဲ့ရသည်ထက်၊ ကျွန်မ၏ချစ်လှစွာသော သူငယ်ချင်း "၀ဿာန်" ပြောနေသည်ကို ကြားနေရသည်မှာ နားတော်တော်ပူလှပြီ။ စကားတစ်ခွန်းပြောတိုင်း ပိုက်ဆံ၁ကျပ်ရမည်ဆိုလျှင် သူမဘီလျှံနာ ၁ယောက်ဖြစ်နေလောက်ပြီ ဟူ၍တောင်ကျွန်မတွေးလိုက်မိသေးသည်၊
သို့သော် ကျွန်မသူမ၏ခံစားချက်ကို နားလည်ပေးနိုင်သည်၊ ကိုယ့်ကိုပြန်ချစ်နိုင်ဖို့နေနေသာသာ သူ့တို့ကို ကိုယ့်အသက်ထက်ပို၍ တန်ဖိုးထားချစ်နေတဲ့ ကိုယ်ဟူသော မိန်းကလေးတစ်ယောက်ရှိနေမည်ဆိုတာတောင် သူတို့မသိနိုင်။ ဒါတောင် မငြီးမငြူ ချစ်နေနိုင်သော သူမ၏စွဲလမ်းမှုကို အံ့သြမိသည်၊"မဖြစ်နိုင်ဘူးဆိုတဲ့ အရာ ဘာမှမရှိဘူး။ ငါ Oppa တို့နဲ့ တစ်နေ့ဆုံကို ဆုံစည်းရမယ်" ဘာလို့လဲဆိုတော့ ငါ့အချစ်ကိုငါယုံလို့" သူမအမြဲပြောနေကြစကား၊ သူမရဲ့အချစ်တွေစစ်မှန်တယ်ထင်ပါ့ အခု "EXO" အဖွဲ့လာဖျော်ဖြေတော့မည်လေ၊ ...
"EXO" .... မိန်းကလေးတိုင်း၏ အသည်းကို လှုပ်ခတ်နိုင်သည်ဟူ၍ ကျော်ကြားသောအဖွဲ့၊ ကျွန်မ "၀ဿာန်" လောက်တော့ အရူးအမူးမဖြစ်၊ သို့သော် ဆွဲဆောင်မှုရှိသော ယောက်ျားလေးများဖြစ်သည်ဆိုတာတော့ လက်ခံမိသည်၊ သီချင်းများမှာလည်း အသံများနှင့်အလွန်ပင်လိုက်ဖက်မှုရှိသည် ထို့ကြောင့်လည်း နာမည်ကျော်ကြားလူကြိုက်များနေသည်မှာ မဆန်းပါ၊ ၀ဿာန် တစ်ခါပြဖူးသည့် Music Video တစ်ပုဒ်ကြောင့် ထိုသို့ကောက်ချက်များ ချလိုက်မိခြင်းဖြစ်၏။
YOU ARE READING
Only You
Fanfictionချစ်ခဲ့တယ်...အဖြူစင်ဆုံးနှလုံးသားနဲ့ ၊ မျှော်လင့်ခဲ့တယ်...အရိုးသားဆုံးအချစ်စိတ်နဲ့၊ စွန့်ခွာခဲ့ရတယ်... အကြည်ရောင်သက်သက်ဒီမျက်ရည်စများနဲ့..... #LuHan