"သူ့ရဲ့ မျက်ဝန်းလေးတစ်စုံက ကျွန်မရဲ့ နှလုံးသားလေးကို အချစ်ရှိရာသို့ ညို့ယူခေါ်ဆောင်သွားခဲ့တယ် ။ ကျွန်မသိခဲ့သင့်တယ် အဲ့ဒီမျက်ဝန်းလေးတွေက အချစ်ကို ဟားတိုက်လှောင်ပြောင် သရော်ခဲ့တဲ့ ကျွန်မရဲ့ နှလုံးသားကို ဒဏ်ခတ်ဖို့ ကံကြမ္မာက..ဖန်တီးလိုက်တယ်ဆိုတာကိုပေါ့... ကျွန်မမျှော်လင့်ခဲ့တယ် ထာဝရမှီခိုနိုင်မယ့် ရင်ခွင်တစ်နေရာ၊ တောင့်တခဲ့တယ် အမြဲနှစ်သိမ့်အားပေးနေမယ့် နူးညံ့တဲ့ လက်တစ်စုံ ၊ ရရှိခဲ့ပါတယ် တခဏတာဆိုတဲ့ အချိန်လေးအတွက်ပေါ့....."
~~~~~~~~~~~~~~~~~~~~~~~~~~~~~Only You~~
" OPPA !!!! OPPA!!!! OPPA!!!!"
Camera Flash Light တွေနဲ့အပြိုင် အော်သံများက အုံ့အုံ့ညံနေဆဲ၊ ထခုန်သူကခုန်၊ ငိုသူကငိုဖြင့် ဘီလူးသရဲစီးနေသည့်အလား ဖြစ်ပျက်နေကြသည်။
" Baekhyun Oppa Baekhyun Oppa Saranghaeyo~~~ "
ကျယ်လောင်လှသောဝဿာန်၏ အသံကြောင့် နားစည်များပင်ကွဲမတတ်၊ ဘေးတွင်ရှိနေသည့် သူများကိုပင်အားမနာ ကျွန်မအပါအ၀င် ဘေးတ၀ိုက်က ကောင်မလေးများလည်း သူမ၏ တွန်းဖယ်ခြင်း၊ ခြေထောက်ဖြင့်တက်နင်းခြင်းများကို မညှာမတာခံစားနေရသည်၊ တည်တည်ငြိမ်ငြိမ်နေရန် ပြောသော်လည်းနားမ၀င်၊ ယခုအချိန် သူမ၏အာရုံထဲတွင် ရှိနေသည်မှာ EXO သာ။
ချောမောလှသည့် ရုပ်ရည်ရူပကာများနှင့် ဖက်ရှင်ကျကျဝတ်ဆင်ထားသော ကိုယ်ခနာတို့ လိုက်ဖက်ညီနေသည့် ကောင်လေးများ၏ခြေလှမ်းများ ကျွန်မတို့ရပ်နေသောနေရာနှင့် တဖြည်းဖြည်းနီးကပ်လာလေပြီ၊ ထိုသို့လျှောက်လာသော သူများထဲမှ လူကောင်သေးသေး ခပ်ပိန်ပိန် ကောင်လေးတစ်ယောက်၏ လက်ထဲသို့ ၀ဿာန် သပ်ရပ်လှပစွာ ထုပ်ပိုးထားသော လက်ဆောင်ထုပ်လေးအား ပေးလိုက်ရာ တခြားဘယ်သူပေးတာကိုမျှမယူခဲ့သော ထိုကောင်လေးယူလိုက်၍ ၀ဿာန်အား ကျေးဇူးစကား လျင်မြန်စွာဆိုသွားလေသည်၊နဂိုကတည်းက အသက်ထွက်လုနီးပါး ပျော်ရွှင်စိတ်လှုပ်ရှားနေသော သူမ စကားတခွန်းမျှပင် မဆိုနိုင်ပဲ ငေါင်တောင်တောင်ကြီး ဖြစ်နေလေရဲ့။
"၀ဿာန် ၀ဿာန် " ဟူသော ကျွန်မ၏ခေါ်သံကိုပင် မမှုနိုင်တော့၊ အခုနက ကောင်လေး၏ အပြုံးအောက်မှာ နှစ်မျောသွားခဲ့ပြီလေ။
***************************
ကျွန်မအလွန်နှစ်သက်သော ကြယ်လေးတွေကဲ့သို့ တောက်ပနေသော မျက်ဝန်းလေးတစုံ .... Mask တပ်ထား၍ ဘယ်သူဘယ်ဝါမှန်းမသိ၊ အကယ်၍မတပ်ထားလျှင်လည်း မည်သူမှန်းကျွန်မသိမည်မဟုတ်၊ သို့သော် အကြည့်ချင်းဆုံးသွားသည့် အခိုက်အတန့်တွင် ကျွန်မ၏ ရင်ထဲ အမျိုးအမည်မသိသော ခံစားချက်လေးတခုကို ခံစားလိုက်ရသည်.....
~~~~~~~~~~~~~~~~~~~~~~~လေဆိပ်တွင်လူများတဖြည်းဖြည်းနည်းသွားသဖြင့် ကျွန်မနှင့် ၀ဿာန် NN ကိုနှုတ်ဆက်ပြီးပြန်လာခဲ့ကြသည်၊ ဒီနေ့ကျောင်းပိတ်သည်မို့ မနက်က အိပ်ရေးပျက်ထားသမျှ အတိုးချ၍ တနေကုန် အိပ်မည်ဟု ကြံရွယ်နေစဉ် ဖုန်းသံထမည်၍ ကိုင်လိုက်ရာ ၀ဿာန်ဖြစ်နေ၏။
" Ayyy ၀ဿာန်ပြော ဘာကိစလည်း"
" ယုယ ငါ...ငါတို့ တကယ် OPPA တို့ကို တွေ့ခဲ့တာပါနော် "
" ဂေါက်သီးရယ် တွေ့ခဲ့လို့တောင် ဟိုကနင့်အထုပ်ကို ယူသွားသေးတယ် " ဟု ကျွန်မပြန်အော်လိုက်ရာ
" ဒါဆို တကယ်ပေါ့နော် တကယ်ကြီးတွေ့ခဲ့တာပေါ့နော် ပျော်လိုက်တာဟာ ငါသေပျော်ပြီဟ"
"သေဟေ သေ သေ နင့်ဖာသာအေးဆေးသေ လောလောဆယ် ငါအိပ်ဖို့ မနှောင့်ယှက်နဲ့တော့ ဒါဘဲ ဖုန်းချလိုက်တော့မယ်"
ဟုပြောကာ သူ့ဘက်က အပြောကိုတောင်မစောင့်ဘဲ ကျွန်မ ဖုန်းကို ပိတ်ပစ်လိုက်သည်။
....................အိပ်ယာပေါ်မှာလှဲရင်းမျက်လုံးကိုမှိတ်၍ အိပ်ရန်ကြိုးစားသော်လည်းအိပ်မပျော်နိုင်။
အမှတ်တမဲ့တွေ့ဆုံခဲ့သော မျက်ဝန်းတစုံက ကျွန်မ၏အတွေးအာရုံများကို ဖမ်းစားခဲ့လေပြီ။ ။
._._._._._._._._._._._._._._._._._._.
#Chapter 2 will be continued. Thanks xoxo much for spending your precious times to read this awkward fiction . Hope you enjoy! ~_~ Gomasmitha .
90• Bow :)

YOU ARE READING
Only You
Fanfictionချစ်ခဲ့တယ်...အဖြူစင်ဆုံးနှလုံးသားနဲ့ ၊ မျှော်လင့်ခဲ့တယ်...အရိုးသားဆုံးအချစ်စိတ်နဲ့၊ စွန့်ခွာခဲ့ရတယ်... အကြည်ရောင်သက်သက်ဒီမျက်ရည်စများနဲ့..... #LuHan