" နှလုံးသားရှိသည့် သက်ရှိလူသားတိုင်း မိမိမြတ်နိုးတန်ဖိုးထားရသောသူများဆီမှ မေတ္တာတရားတို့ရောင်ပြန်ဟပ်ရန် မျှော်မှန်းကြတယ်၊ ပိုင်ဆိုင်ချင်ကြတယ်၊ စွန့်လွှတ်ဖို့ရန်လည်း မလိုလားကြပေ။ သို့သော် ကျွနိမတို့သည် ကံကြမ္မာ၏ ကြိုးဆွဲရာကို ကပြဖျော်ဖြေနေရ သည့် ကချေသည်များပင်။ တခါတရံများ ကံကြမ္မာက မျက်နှာသာပေးမည့် အခွင့်အရေးကို တမ်းတမိသည်၊ တောင်းဆိုနေမိသည်...... ကျွန်မ၏ဆုတောင်းသံကို တစ်ကြိမ်တစ်ခါလောက်များ ဇာတ်ဆရာကနားထောင်ပေးနိုင်ခဲ့မည်ဆိုလျှင်....."
****************
~~ Only You ~~
"အမှတ်တမဲ့ကနေ ဖြစ်တည်လာခဲ့တဲ့ အချို့အကြောင်းအရာတွေက မမျှော်လင့်ဘဲ အမှတ်တရတွေဆီသို့ ပြောင်းလဲသွားတတ်ကြတယ် " ဆိုတာ တကယ် မှန်တယ်နော်ဟဲ့ ငါလေ သူ့မျက်ဝန်းလေးတွေကို ဖန်သားပြင်ထက်တွေမှာ မြင်ခဲ့ဖူးပေမယ့် တကယ်တည်း အပြင်မှာ အကြည့်ချင်းဆုံတဲ့အခါ ခံစားချက်မျိုးစုံကိုခံစားလိုက်ရတယ်ဟ "
" အောင်မယ်.... ဟုတ်လှချည်လား ပြောစမ်းပါဦး ဘာခံစားချက်တွေလဲ?"
" တကယ်ပြောတာဟ ငါလေ Baek Oppa နဲ့ အကြည့်ချင်းဆုံတော့ ရင်ခုန်တာရော ကြောက်တာရော အားလုံးပေါင်းပြီးဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိဖြစ်သွားတာဟ "
" လောကကြီးကိုတောင် ခေတ္တမေ့သွားတယ် ဆိုပါတော့.."
" အမှန်ပဲဟ .... ဒါပေမယ့်လေ ငါ့ကိုယ်ငါသေချာသိလိုက်တာ တစ်ခုက ငါလေသူ့အပေါ် Fan တစ်ယောက် အချစ်ထက်ပိုမိနေပြီဆိုတာပဲ "
ဝဿန်ယခုမှထူးထူးခြားခြားခံစားချက်တွေကို ရင်ဖွင့်လို့နေပါလား။ နှုတ်မှထွက်ဆိုသည့် စကားလုံးတိုင်းကို အလေးအနက်ရည်ညွှန်းနေကြောင်းကိုလည်း သူမ၏မျက်လုံးများက ဖော်ကျူးနေလေသည်။ အော်.....အချစ်ကအင်မတန်ဆန်းကြယ်လှပါလားနော်....ကျွန်မယခုချိန်အထိ အချစ်ဆိုသည့်အရာကို နဖူးတွေ့ ဒူးတွေ့မခံစားဖူးသေးသဖြင့် ၀ဿန့်အား ကိုယ်ချင်းစာမှုအပြည့်အ၀တော့မပေးနိုင်သေး၊ သို့သော်တစ်စိတ်တစ်ဒေသတော့ ခံစားမိ၏။ အမှန်အတိုင်းဆိုရမည်ဆိုလျှင် ခတ္တခဏမျှဆုံးစည်းခဲ့သော ထိုမျက်ဝန်း၁စုံတို့သည် ကျွန်မ၏အတွေးအာရုံထဲသို့ သိစိတ်ကလော ၊ မသိစိတ်ကလော ခေါ်ဆောင်၍လာနေသည်။ တစ်ချိန်တည်းမှာပင် အသက်(၇၀)ကျော် အဘွားအိုကြီးတစ်ယောက်အလား ငြိမ်သက်နေခဲ့သည့် နှလုံးသားက(၁၇)နှစ်အရွယ် အပျိုဖျန်းလေး၁ဦး၏ နှလုံးသားကဲ့သို တဒုတ်ဒုတ်ဖြင့် ခုန်နေပြန်တော့သည်။
အော်...ငါ့ခန္ခာကိုယ် တောင်ငါ့ရဲ့ထိန်းချုပ်မှုတို့အောက်က....သိသိသာသာလွတ်မြောက်နေပါရောလား.....~Only You~
လက်မှတ်၁ယောက်၁စောင်စီကိုင်၍ EXO'Luxion ပွဲကျင်းပမည့် Thuwannabhumi Event Park ၏ရှေ့ပေါက်ဝ ဂိတ်တွင် စောင့်နေကြပီဖြစ်သည်။ အိုဘုရားသခင်...များလိုက်တဲ့ပရိသတ်တွေပါလား.....
အချစ်အတွက်ဆို ဇွဲကောင်းလှသည့် မမချော ၀ဿန်သည်လည်း ညနေ၆နာရီမှသာ စတင်ဖျော်ဖြေမည့်ပွဲကို မနက်၉နာရီကတည်းက လာ၍စောင့်နေလေသည်။တော်သေးသည်မှာ မနက်ကတည်းက ထည့်လာသည့် ကြက်ကြော်နှင့် ထမင်း ယူလာခဲ့သည်မို့ ဆာလောင်မွတ်သိပ်မှုဒဏ်ကို မခံစားရတော့သည်ပင် ၊နို့မို့သာဆိုလျှင် ဗိုက်ဆာ၍အော်ငိုနေမိမလားပင်မသိတော့ပေ။ နေ့လည် အချိန် ၁နာရီ ၂နာရီ ၃နာရီ ၄နာရီ....အချိန်များတရွေ့ရွေ့ကုန်သွားသော် ည်း ယခုထိပင်ပွဲအတွင်းသို့ဝင်ခွင့်မပြုသေးပေ။
နေကလည်းပူ၊ရေကလည်းငတ်၊လူကလည်းတိုးနှင့် ငါးခြောက်ငါးပိသိတ်သကဲ့သို့ မျက်လုံးပြူး မျက်စံပြာတို့ဖြင့် အသက်ပင်လု၍ရှူနေကြရသည်။ "နဖူးမှချွေးခြေမသို့ကျသည်" ဆိုသည့်စကားကို ယခုမှပင် မျက်မြင်ကိုယ်တွေ့ခံစားလိုက်ရတော့သည်။ ယခုကဲ့သို့ ဒုက္ခပေါင်း သောင်းခြောက်ထောင်ခံစားနေရသည်ကို မပင်ပန်းဘူးလားဟု အနီးနားရှိ ကောင်မလေး၂ယောက်နှင့် အဖွဲ့ကျနေသည့် ၀ဿန်အား မေးလိုက်သောအခါ
"ဒါလေးကိုပင်ပန်းတယ်လို့ခေါ်ဘူး ယုယရဲ့ ကိုယ်ချစ်တဲ့သူရဲ့မျက်နှာကိုတွေ့ရဖို့ဒီလောက်တော့ပေးဆပ်ရမှာပေါ့ဟ၊ သူတို့တောင်အစစ အရာရာ ကွားခြားလွန်းတဲ့ ဒီနေရာထိ ဒုက္ခခံလာရောက်ဖျော်ဖြေပေးသေးတာပဲ ဒီလောက်တော့သည်းခံနိုင်ရမှာပေါ့"...
အမလေးရယ် မေးမိသည်ကိုကကျွန်မအမှားပင်။ မိမိနှင့် အသာလိုက်၍များ ညည်းမလားဟုထင်လိုက်မိပါသည်။ ဘယ်ကတည်းကရှိနေမှန်းမသိသည့် မဟာဇနကသွေးတို့ ၀ဿန်၏ကိုယ်တွေဆူပွက်၍နေလေပီ၊ ဟိုနေရာမှမူးလဲသွားလိုက် ဒီနေရာမှမူးလဲသွားလိုက်ဖြင့်ပြာပြာသလဲတွေဖြစ်နေကြ၏။မိမိကိုယ်တိုင်ပင်မနည်းသတိထား၍တိုးနေရသည်၊ သကာမူးလဲသွားမှဖြင့် လက်မှတ်ဖိုးဆုံးနေဦးမည်။ အချိန်၅နာရီခန့်တွင်ဂိတ်တံခါးဖွင့်ပေး၍ အလုအယက်ဝင်ကုန်ကြလေပီ။တဖြည်းဖြည်းနေရာယူကြ၍ တစ်ကွင်းလုံးပင်ပြည့်နှုက်သွားလေ၏။ မကြာမီ Presenter ထွက်လာ၍ ပွဲစတော့မည်ဖြစ်ကြောင်းကြေငြာတော့သည်။ Countdown ရေအပီး ပွဲကိုစသည်နှင့်တပြိုင်နက်..💫💫💫💫<<<<<<<<<<TBC>>>>>>>>>>>

DU LIEST GERADE
Only You
Fanfictionချစ်ခဲ့တယ်...အဖြူစင်ဆုံးနှလုံးသားနဲ့ ၊ မျှော်လင့်ခဲ့တယ်...အရိုးသားဆုံးအချစ်စိတ်နဲ့၊ စွန့်ခွာခဲ့ရတယ်... အကြည်ရောင်သက်သက်ဒီမျက်ရည်စများနဲ့..... #LuHan