သာယာလှတဲ့ညနေခင်းတစ်ခု...ခရီးဆောင်အိတ်တွေနဲ့ကောင်လေးတစ်ယောက်...သူခြံထဲဝင်ဖို့အတွက်ဘဲလ်တီးလိုက်တယ်...Ding Dong...
ခြံစောင့်ထွက်လာတယ်...
Man: ဟုတ်ကဲ့ ဘာကိစ္စများလဲခင်ဗျ?
Boy: ဒါအန်တီRachelတို့အိမ်လားခင်ဗျ? ကျွန်တော်Krisပါ U.Sကပြန်လာတာပါ
Man: အော် သိပြီ ဒေါ် Rachelပြောပြထားပါတယ်ခင်ဗျ လာပါ ဝင်လာပါ
ခြံစောင့်ပြောပြောဆိုဆိုနဲ့ခြံတံခါးဖွင့်ပေးလိုက်တယ်...
Man: မမကြီး ! Krisရောက်ပါပြီ ...
Rachel: အော် သားKrisရောက်ပြီလား လာလေ သား
Kris: Annyeong ! အန်တီနေကောင်းပါရဲလားRachel: ကောင်းပါတယ်ကွယ် သားဟိုမှာကိစ္စတွေပြတ်ခဲ့ရဲ့လား ဒီမှာကတော့သားအတွက်အန်တီအားလုံးအဆင်သင့်လုပ်ထားပြီးသား ဘာမှမပူနဲ့
Kris: ဟုတ် အကုန်ပြတ်အောင်လုပ်ခဲ့ပါတယ် ဒီမှာလိုအပ်မယ်ထင်တာတွေလဲတစ်ခါထဲပြင်ဆင်ခဲ့တယ် အန်တီ!
Rachel: အင်း ငါ့သားကတော်ပြီးစေ့စပ်သေချာတာအန်တီသိပြီးသားပါ ဒါနဲ့ဟိုမျောက်နှစ်ကောင်ဘယ်ရောက်နေတုန်း ! မာလီ သွားခေါ် အဲ့မျောက်နှစ်ကောင်ကို
Man: ဟုတ်ကဲ့ မမကြီး......
Kris ကဒေါ်Rachelရဲ့အချစ်ဆုံးသူငယ်ချင်းရဲ့သားပါ...သူတို့သားအမိတွေU.Sပြောင်းသွားထဲကမတွေ့ဖြစ်ကြပေမဲ့Phနဲ့အဆက်အသွယ်တော့ရှိခဲ့တယ်...အခုKrisရဲ့အမေဆုံးသွားလို့Krisကသူ့အမေလိုအဒေါ်လိုချစ်ရတဲ့ဒေါ်Rachelဆီဆက်သွယ်ပြီးပြန်လာခဲ့တာပါ...Krisကစာတော်သလိုမိဘရဲ့Companyအလုပ်တွေကိုလဲဦးစီးလုပ်ဆောင်နိုင်တဲ့သားကောင်းတစ်ယောက်ပါ...
Man: ရောက်ပါပြီ မမကြီး!!
Rachel: ကဲ ပြောစမ်းပါဦး ဘယ်မှာဘာတွေဆော့နေကြပြန်တာလဲ? တစ်ကိုယ်လုံးလဲညစ်ပတ်လို့ ...အော် Krisရေ ဒါအန်တီ့သားလေ ! သူ့နာမည်ကV! သူကတော့သားနဲ့အချစ်ဆုံးဆိုရမလား ငဟ်ငယ်ထဲကအတူတူလေ အခုလဲအိမ်မှာလာနေတာ မနေချင်ရင်တော့သူ့အိမ်ပြန်တယ် သူ့နာမည်ကတော့Jackson ! နှစ်ယောက်စလုံးကမျောက်တွေလေ ထိန်းမနိုင်ပါဘူးကွယ်!