Final

429 52 2
                                    

Jackson: o_O hyung! ကျတော်နားမလည်ဘူး

Kris: ဒီလိုကွာ!သူလဲမင်းလိုဘဲငါ့အပေါ်ခံစားချက်ရှိနေတယ် အဲ့ဒါပြောတာ

Jackson: Hyungကဘယ်လိုသိလဲ?ကျတော်တောင်မသိတာ!

Kris: ငါသူ့စာအုပ်ထဲကတွေ့ခဲ့တာပါဆို

Jackson: အော် ဟုတ်သား! V လဲhyungကိုချစ်နေတာကိုးးး

Kris: မင်းတို့နှစ်ကောင်ကတော့ကွာ…

Jackson: Heex ! ကျတော်လဲဘာပြောရမှန်းမသိဖူးး

~~~~~~~~

ဧည့်ခန်းထဲတွင်Krisတစ်ယောက်နွားနို့သောက်ရင်းTVကြည့်နေသည်…ယောင်လည်လည်နှင့်ရောက်လာသူကJackson! ပြုံးစိစိဖြင့်ဘေးတွင်ဝင်ထိုင်သည်…Krisကားရုပ်တည်ကြီးဖြင့်ဘာမှမပြော…

Jackson: Hyung! !

Kris: Umm ?

Jackson: ဟိုလေ တစ်ခုခုပြန်ပြောလေ

Kris: ဘာလဲ? ငါကဘာကိုပြန်ပြောရမှာလဲ?

Jackson: Hyungကလဲ ဟိုဟာလေ

V: Hey Guys !!

စကားပြောနေသည်ကိုကြားမှဝင်ဖြတ်ကာပြောလိုက်သူကV !!

Jackson: သေနာ!ကောင်းခန်းရောက်မှ!

V: အမ် !ကောင်းခန်းဟုတ်လား ပြောစမ်း ဘာများလဲ

Kris: အာာ! ဘာမှကောင်းခန်းမဟုတ်ဘူး အလကား

V: ငါ့ကိုလျှိုပြန်ပြီ ဘာတွေလဲ ပြောပြပါ

Jackson: ဘာမှမဟုတ်ဘူးကွာ နောက်သိရမှာပေါ့

V ဆူပုပ်ပုပ်မျက်နှာဖြင့်ဧည့်ခန်းမှထွက်သွားသည်…စိတ်ကောက်သွားသည်ပေါ့… V ဆူပုပ်သွားသည်ကိုမြင်လိုက်သောJacksonကအူယားဖားယားပြေးလိုက်သွားသည်…အခန်းထဲကကုတင်ပေါ်တွင်ထိုင်ရင်းဆူပုပ်နေသောVကိုJacksonက…

Jackson: ဟျောင့် ဘာဖြစ်သွားတာလဲ?

V: ဘာမှမဖြစ်ဘူး မသိချင်နဲ့

Jackson: အော် စိတ်ဆိုးတာလား စိတ်ကောက်တာလား

V: မသိဘူး မသိဘူး ဘာမှလဲမဖြစ်ဘူး သွားပါ မင်းတို့ကောင်းခန်းလေးဆက်ရိုက်လေ သွား သွား

Jackson: မသွားဘူးကွာ ငါကမင်းကိုထားပြီးဘယ်သူနဲ့နေရမှာလဲ မသွားဘူး လာ ဒီနေ့ငါနဲ့ဖက်အိပ်မယ်

HEWhere stories live. Discover now