Part 1

1.1K 100 11
                                    

သူတို့နှစ်ယောက်ရဲ့အပြန်အလှန်ချစ်ခြင်းတွေကိုအသိအမှတ်ပြုဖို့အချိန်၇လတာကြာမြင့်ခဲ့တယ်

သူတို့နှစ်ယောက်ရဲ့ပျော်ရွှင်ခြင်းတွေထဲမှာ

အတူတူရယ်မောခဲ့ဖူးတဲ့အချိန်တွေ

လက်ချောင်းချင်းလိမ်ယှက်လို့တစ်ယောက်လက်မောင်း တစ်ယောက်ဆုပ်ကိုင်ခဲ့တဲ့ညတွေ

တစ်ယောက်အပေါ်တစ်ယောက်ထားရှိတဲ့ချစ်ခြင်းအတိုင်းအဆတွေ ပျော်ဝင်နေခဲ့တယ်

Chanyeol

သူတို့စာသင်ခန်းထဲကကိုယ်ဟန်ခပ်နွဲ့နွဲ့ဖွေးဥနေတဲ့အသားအရည်နဲ့ဆံပင်နက်နက်ပိုင်ရှင်Baekhyunဆိုတဲ့ကောင်လေးအတွက် သူ့ရင်ထဲ ကချုပ်ထိန်းထားရတဲ့ ခံစားချက်တွေကိုဖွင့်ပြောဖို့အချိန်၂ပတ်တိတိယူခဲ့ရတယ်

Baekhyunအတွက်ကတော့Yeolလိုချောမောတဲ့ ရုပ်ရည်နဲ့ကြည့်ကောင်းတဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားတဲ့ ယောက်ကျာ်းတစ်ယောက်အတွက် စက္ကန့်ပိုင်းလောက်တောင်မစဉ်းစားဘဲ ချက်ချင်းအဖြေ

ပြန်ပေးခဲ့တယ်

ချစ်သူဖြစ်ပြီးလို့ တစ်လအတွင်းမှာပဲသူတို့တစ်ယောက် အကြောင်းတစ်ယောက်ပိုပြီး နားလည်လာခဲ့တယ် Baekhyunဟာဂျာနယ်လစ်နဲ့အင်္ဂလိပ်စာကို မေဂျာ ဘာသာရပ်တွေအဖြစ် ရွေးချယ်ထားသူပါ

ဒါပေမယ့်သူ့ရဲ့ရည်မှန်းချက်တွေကတော့တခြားသူတွေနဲ့ကွဲ

ပြားနေခဲ့တရ် သူဟာမဂ္ဂဇင်းဂျာနယ်တွေမှာဆောင်းပါးတွေ သတင်းတွေရေးဖို့အတွက်ဒီမေဂျာယူခဲ့တာမဟုတ်ပါဘူး

ဝတ္ထုတွေရေးပြီး ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ ဘယ်သူ့ရဲ့ချုပ်ခြယ်မှုအောက်မှာမှမရှိတဲ့ လွတ်လပ်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ချင်တာကြောင့်ပါ

Chanyeolကတော့ဈေးကွက်အရောင်းအဝယ်နဲ့ စီးပွားရေးမေဂျာကို ယူထားသူပါ သူတို့စုံတွဲကိုမြင်တဲ့လူတိုင်းက သူတို့၂ယောက်ဟာ         မလိုက်ဖက်တဲ့လူနှစ်ယောက်အဖြစ်ယူဆကြပါတယ် ဘာကြောင့်လဲဆိုတော့ Baekhyunဟာပွင့်လင်းတဲ့စိတ်သဘောထားနဲ့ အမြဲတမ်းပြုံးရယ်နေတတ်တဲ့သူမျိုးဖြစ်ပြီး Chanyeol ကတော့အပြောင်းအလဲမရှိတဲ့ပုံသေအမှုအရာတွေကြားမှာပဲနေသားကျနေတတ်တဲ့သူမျိုးပါ

10080Where stories live. Discover now