乂 2 乂

2.3K 385 10
                                    

乂 2 乂

ကိုရီးယားနိုင်​ငံရဲ့ တက္ကသိုလ်​ဝင်​ခွင့်​ စာ​မေးပွဲဆိုတာ ​ပြောရတာ လွယ်​​ပေမဲ့ ​အမှတ်​များများနဲ့ ​အောင်​​အောင်​ ကြိုးစားရတာ မလွ​ယ်​ရေးချမလွယ်​။ (Luhan ရဲ့ အစ်​ကိုဝမ်းကွဲဆိုလျှင်​ တစ်​​နေ့ကို ၁၈ နာရီ စာလုပ်​ခဲ့ရသည်​တဲ့)

Luhan လည်း အထက်​တန်း ​နောက်​ဆုံးနှစ်​​ကျောင်းသားပီပီ စာကျက်​ရသည်​။ ဒါ​ပေမဲ့ ဒီ​​နေ့က​တော့ တစ်​မျိုးကြီး၊ စိတ်​နဲ့ကိုယ်​​နဲ့သိပ်​မကပ်​။ ပြီး​တော့ ကြိုးကြာရုပ်​​တွေနဲ့ ဟို​ကောင်​​လေးရဲ့ ဆံပင်​အ​ရောင်​နဲ့ကို ချိန်​ဟပ်​​နေမိတာမှ အကြာကြီးရယ်​။ ဒီ​နေ့ကျမှ ​ဆေးပဲမှားစားမိ​လေသလား မသိ။

"Luhan... မင်း Mama က ​အောက်​ထပ်​ကို ဆင်းလာခဲ့ဦိးတဲ့...​"

တံခါး​ခေါက်​ကာ လာ​ခေါ်သည့်​ အ​​ဒေါ့်အသံ​ကြောင့်​ ဘယ်ကိစ္စများလဲ စဉ်းစားရင်း ​အောက်​ထပ်​ကို ဆင်းလာခဲ့မိသည်​။ ဧည့်​ခန်းထဲ ဝင်​ဝင်​ချင်းမှာပဲ မြင်​လိုက်​ရတဲ့ ​မျက်​နှာတစ်​ခု​ကြောင့်​ ရုတ်​တရတ်​ အံ့ဩသွားရုံမက ​ခြေလှမ်း​တွေပါ တန့်​သွားမိရင်း...

"OH SEHUN?"

ဆံပင်​​ရောင်​စုံနှင့်​​ ​ကောင်​​လေးက​တော့​​ ပါးစပ်​အ​ဟောင်းသား ဖြစ်​​နေတဲ့ Luhan ကို ရယ်​ပြသည်​။ သူ့​ဘေးမှာ​တော့ နှုတ်​ဆက်​တာ သူ့စတိုင်​လ်​မဟုတ်​ဘူးဆိုတဲ့ ဒီဇိုင်းနဲ့ မိန့်​မိန့်​ကြီး ထိုင်​​နေတဲ့ Kris Wu.

"မင်းဘာလာလုပ်​တာလဲ။ ဟို​ကောင်​​လေးက​ရော"

"​နေ​ကောင်းလား Lu"

"ဘာ Lu လဲ။ ငါမင်းထက်​ အသက်​ကြီးပါတယ်​ဆိုမှ"

"သား... လူကြီး​တွေ ရှိ​နေတယ်​​လေ"

Luhan ​ငေါက်​ပစ်​လိုက်​​တော့ သူတို့ ​ရှေ့မှာ ထိုင်​​နေတဲ့ Ma က ဝင်​ဟန့်​သည်​။ ဒီ​တော့မှ ကြည့်​မိ​တော့... ဟုတ်​သား။ Kris မိဘ​တွေနဲ့ Sehun ရဲ့ အ​မေ ​ရောက်​​နေတာကိုး။ အဲ့ဒါ​ကြောင့်​ ​အ​ဒေါ့်ကို လာ​ခေါ်ခိုင်းတာ​နေမှာ။

"ထိုင်​​လေ၊ သား..."

Kris ​ဘေးမှ ဆိုဖာမှာ ဝင်​ထို​င်​ရင်း ​မေ​မေ့ကို လှမ်းကြည့်​မိသည်​။

Paper Cranes [HunHan Yaoi]Donde viven las historias. Descúbrelo ahora