Chained Up - 2

507 62 5
                                    

အားးး
-------------

ကျွန်တော်သတိရလာတော့
တစ်ကိုယ်လုံး လှုပ်လို့မရအောင်ကိုဖြစ်နေတယ်
ဒါပေမဲ့လည်း ဒါမျိုးတွေက
ကျွန်တော့်အတွက်တော့
မထူးဆန်းတော့ပါဘူး.
ဒါပေမဲ့ ထူးဆန်းတာက
ကျွန်တော်.
သူ့ကုတင်ပေါ်မှာရောက်နေခြင်းပါ.

တီ တီ တီ. (တံခါးဖွင့်သံ)

အခန်းတံခါးဖွင့်သံကြားတော့
တွေးလက်စအတွေးတွေကို
လက်စသတ်လိုက်ရင်း
သူ့အိပ်ရာပေါ်ကနေဆင်းဖို့လုပ်လိုက်ပေမယ့်

ကျွန်တော်မေ့နေခဲ့တာပဲ.
သူကျွန်တော့်ကိုအရိုးတွေကျိုးမတတ်
နှိပ်စက်ထားတာကို.
ဒါပေမဲ့ ကျွန်တော်ထမှရမယ်
ဒီအိပ်ရာပေါ်ကနေဆင်းမှရမယ်
သူကသူ့အိပ်ရာပေါ်မှာတစ်စုံတစ်ယောက်
ရှိနေမှာကိုသေလောက်အောင်ရွံမုန်းတာ
အဲဒီတစ်စုံတစ်ယောက်က
ကျွန်တော်သာဆို
သတ်ပစ်မလားတောင်မသိဘူး.

အာ့. အာ့.

ဘုန်း..

မရရအောင်ထပေမယ့်
ထလို့မရတော့ အိပ်ရာပေါ်ကနေ
ခွေးကျကျတဲ့ကျွန်တော်ပါ.

သား. Luhan.
အာ ဘာလို့ထလာတာလဲ.
တစ်ကိုယ်လုံးဒီလောက်ဖြစ်ထားတာကို
ထ ထ
arjushiတွဲတင်ပေးမယ်

arjushiကတွဲတင်ပေးတာလည်း
သူ့အိပ်ရာပေါ်ကိုပဲ.

Arjushi. ကျွန်တော့်ကို
ဟိုအခန်းထဲပဲပြန်ပို့ပေးပါ.
ဒါကသူ့အိပ်ရာကြီးလေ
တော်ကြာသူသိနေရင်.---

သိပါတယ်

ဗျာ.

သခင်လေးသိပါတယ်.
သခင်လေးကိုယ်တိုင်မင်းကို
ဒီအိပ်ရာပေါ်တင်ပေးခဲ့တာ.ပါ

နားရှိလို့သာကြားရတယ်
ကြားရတဲ့ကိုယ့်နားတောင်ကိုယ်မယုံချင်

သူက. သိတယ်.
ပြီးတော့ သူကိုယ်တိုင်တောင်.
ဒီပေါ်ကို.--- တင်ပေးခဲ့တာဆိုပဲ.
လုံးဝ မဖြစ်နိုင်တာကြီးးးး

Arjushi နေရောကောင်းရဲ့လားး
ဒါမှမဟုတ် မျက်မှန်မတပ်ထားလို့
အမြင်များမှားနေတာလားး
Kim Jonginလိုလူမျိုးက
ကျွန်တော့်ကိုဒီလို----
အာာာာာ
မဖြစ်နိုင်ပါဘူးးးး

ကျွန်တော်ခေါင်းကိုတွင်တွင်ခါတော့.
arjushiကကျွန်တော့်ကိုပြောလိုက်တဲ့
စကားတစ်ခွန်းက.
ကျွန်တော့်ရင်ထဲကိုနွေးသွားစေတယ်လေ

Chained UpWhere stories live. Discover now