တစ်ပတ်တောင်ရှိနေပြီ
သူပြန်မလာသေးဘူး
arjushiပြောတော့ အလုပ်ကိစ္စနဲ့
ဟောင်ကောင်ကိုသွားတယ်တဲ့
တစ်ပတ်လောက်ကြာမယ်လို့ပြောသွားတယ်
arjushiကိုတခါတလေကျရင်
အရမ်းအားကျမိတယ်.တော်ပြီ ကျွန်တော် သူ့အကြောင်းတွေ
တွေးနေတာ တော်သင့်ပြီ.
ဟူး.......ခင်ဗျားလေး... ဘာတွေများပူပင်စရာရှိလို့
သက်ပြင်းတွေချနေရတာလဲ...ရုတ်တရက်ကျွန်တော့်ကျောဘက်ကနေ
ကြားလိုက်ရတဲ့အသံတစ်ခု...
အသံ... ဒီအသံ.....
သူ... သူလား...
သူပြန်လာပြီလား....ကျွန်တော်လှည့်ကြည့်လိုက်တော့.....
သူပဲ.... သူမှသူပဲ...
မတွေ့ရတာတစ်ပတ်တောင်ရှိသွားပေမယ့်..
လုံးဝမပြောင်းလဲသွားခဲ့ဘူး...
သူ့ရဲ့အထက်စီးဆန်လှတဲ့အသံနဲ့
အကြည့်တွေကအစ.....ခင်ဗျားကြည့်လို့ဝပြီလား
ဟို... ကျွန်တော်...
သူကျွန်တော့်ကိုစိုက်ကြည့်နေတယ်...
ကျွန်တော်မနေတတ်ဘူး...
ပြီးတော့ သူ့မျက်ဝန်းကဘာအဓိပ္ပါယ်လဲ...
ကျွန်တော်.......ကျွန်တော်ထသွားသင့်ပြီ....
ဒီနေရာမှာရှိမနေသင့်တော့ဘူး...ကျွန်တော်ထသွားမယ်ပြုတော့
ရုတ်တရက်...
ကျွန်တော့်လက်ကိုဆုပ်ကိုင်လိုက်တဲ့
လက်တစ်စုံ........သူ.
ကျွန်တော့်ကိုမကြည့်ဘဲ....
ဆိုလာသောစကားတစ်ခွန်းက.ဒဏ်ရာတွေဘယ်လိုနေသေးလဲ.?
ဘုရားရေ...
သူအခုကျွန်တော့်ကို
ဒဏ်ရာတွေဘယ်လိုနေသေးလဲလို့
မေးလိုက်တာလား...o_Oမဖြစ်နိုင်တာ.... နားကြားမှားတာပဲဖြစ်ရမယ်
KimLuhan... မင်းကယောင်ကယမ်းတွေ
ဖြစ်နေတာလားကွာ..ဘာတွေခေါင်းခါခေါင်းညိမ့်ဖြစ်နေတာလဲ..
ကျုပ်ခင်ဗျားကိုခေါင်းတော့မရိုက်မိဘူး
ထင်တာပဲ...သူ.
အခုထိကျွန်တော့်လက်ကိုမလွတ်သေးဘူး.ရင်ဘတ်တွေပြုတ်ထွက်တော့မယ်...
ငြိမ်ငြိမ်နေစမ်းပါ ဒီရင်ဘတ်ကြီးက...
YOU ARE READING
Chained Up
FanfictionThis is KaiLu Fanfiction.. Kai is The only son of Rich Family "Kim". He is a warm kind hearted person... BUT.. Jongin (Another side of Kai) is cruel bad boy. Luhan is not only a Slave of Kai but also Jongin (Another side of Kai)...