ကလေးကျမရဲ့ကလေးလေး
ကလေးကိုဘယ်လောက်ထိချစ်တယ်ဘယ်လောက်ထိမြတ်နိုးတယ်ဆိုတာကိုကျမလေဘယ်သူ့ကိုရင်ဖွင့်ရမှန်းမသိဘူးရင်ဖွင့်စရာလူမရှိဘူးကလေးလေးကျမထက်အသက်၅နှစ်ကျော်လောက်ကျီးပါတယ်ဒါပေမဲ့စိတ်ထဲမှာခံယူထားတာကရှင်ဟာကျမအတွက်ကလေးလေးပဲတစ်ကယ်ကိုကလေးလေးတစ်ယောက်လိုရိုးသားဖြူစင်တယ်အဲ့ဒါကတော့စိတ်ဓာတ်ပေါ့ရုပ်ရည်ကရောရှင့်အသက်ကိုလူတိုင်းကိုမေးကျိ15 16အဲ့ထက်ပိုတယ်မပြောကျဘူးအဲ့လောက်တောင်နုဖတ်လွန်းသူရယ်ပါ ဘာကျောင့်မှန်းမသိတစ်ခါတစ်လေရှင့်ကိုသတိရလွန်းလို့လွမ်းလွန်းလို့မျက်ရည်ကျမိတယ်ဒီအချိန်ဆိုငါ့ကလေးလေးဘာလုပ်နေမလဲလို့အမြဲတွေးမိတယ်ကျမကမျက်ရည်တွေကိုမုန်းတီးတဲ့သူတစ်ယောက်ပါဒါပေမဲ့ကလေးကိုလွမ်းလို့ကျတဲ့မျက်ရည်တွေကိုတော့ချစ်တယ်ဒါဟာသက်သေပြတာလေကလေးလေးကိုကျမဘယ်လောက်ထိချစ်လဲဆိုတာအကျောင်းတိုက်ဆိုင်မှသတိရတာမဟုတ်ပါဘူးကလေးရယ်အချိန်တိုင်းသတိရနေတာပါကျမစိတ်ကအပြောင်းအလဲမြန်သူတစ်ယောက်ပါဒါပေမဲ့ကလေးလေးနဲ့တွေ့မှကိုယ့်ကိုကိုယ်ဘာဖြစ်သွားမှန်းမသိအောင်ပဲစိတ်တွေပြောင်းလဲသွားတယ်သေချာတယ်ကျမကလေးလေးနေရာမှာဘယ်သူ့မှအစားထိုးလို့ရမှာမဟုတ်တော့ဘူး ချစ်တယ် အဲ့ဒီစကားကိုတစ်နေ့သာကလေးကိုပြောခွင့်ရမယ်ဆိုအကြိမ် ၁၀၀ မဟုတ်ဘူး အကြိမ် infinityလောက်ပြောနေမိမလားမသိဘူးသူများတွေကပြောမှာပေါ့ကျမကိုမဖြစ်နိုင်တာကိုရူးသွပ်လိုက်တာဆိုပြီး ရူးတယ်ဟုတ်ပါတယ်ကျမရူးတယ်ပိုင်ဆိုင်ခွင့်မရှိမှန်းတော့သိတာပေါ့ဘယ်သူကမသိပဲနေမှာလဲ ဒီတိုင်းလေးချစ်နေရရင်တောင်ကျမကျေနပ်တယ်ဘာမှမလိုအပ်ဘူးတကယ်မလိုအပ်တာပါရယ်အဝေးကနေကလေးပျော်ရင်လိုက်ပျော်ပြီးကလေးဝမ်းနည်းတဲ့အချိန်လိုက်ဝမ်းနည်းမယ်ကလေးအတွက်အတတ်နိုင်ဆုံးsupportingလုပ်ပေးမယ်တော်ပြီလေအဲ့လောက်ဆိုကျမqကျေနပ်ပါပြီကျိန်ဆိုကျိန်ရဲတယ်သူ့ကိုအဖြူစင်ဆုံးချစ်ခဲ့တာသူခံစားရတာတွေကိုထပ်တူထပ်မျှခံစားပေးချင်တာအနီးဆုံးကမဟုတ်တောင်ဒီလိုအဝေးကနေသူရဲ့စိတ်နဲ့ထပ်တူကျချင်တာ အမြဲတွေးခဲ့မိတယ်အနီးဆုံးမဟုတ်တောင်တစ်ရေတည်းတစ်မြေတည်းအတူတူရှိခွင့်ရချင်မိတယ်ရှင်နဲ့တစ်မြေတည်းမှာနေရတယ်ဆိုတဲ့အသိလေးကတင်ကျမကိုကြက်သီးတဖြန်းဖြန်းထလောက်အောင်ပီတိဖြစ်စေတယ်ကလေးလေးမွေးနေ့ကျရင်လည်းမွေးနေ့လက်ဆောင်ပေမယ်အဲ့လိုအဲ့လိုစိတ်လေးနဲ့ပါအမြဲဆုတောင်းခဲ့တယ်တစ်နေ့ကလေးမှာပိုင်ရှင်ရှိလာတဲ့အခါသူလိုချင်တဲ့မိန်းကလေးမျိုးရနိုင်ပါစေလို့ပေါ့
သူမျက်ရည်ကျတဲ့အခါသုတ်ပေးနိုင်တဲ့လက်တစ်စုံ သူဝမ်းနည်းတဲ့အခါသူကိုထွေးပေးနိုင်တဲ့ရင်ခွင်တစ်ခု သူပင်ပန်းတဲ့အခါသူမှီခိုနိုင်မဲ့ပုခုံးတစ်ခု
အဲ့ဒီအရာတွေကိုလုပ်ပေးနိုင်တဲ့သူဟာကျမမဟုတ်ပေမဲ့အဲ့မိန်းကလေးကတော့လုပ်ပေးနိုင်ပါစေကျမထက်မလျော့တဲ့အချစ်မျိုးနဲ့ချစ်ပေးနိုင်ပါစေလို့ဆုတောင်းရုံကလွဲပြီးဘာမှမတတ်နိုင်တဲ့အဖြစ်ပါကလေးရယ် ကျမကတော့ကလေးကိုသတိရတဲ့အခါငိုမယ်ကလေးရဲ့ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းတွေကိုအဝေးကနေမျှဝေခံစားပေးမယ်ကလေးအတွက်အတတ်နိုင်ဆုံးsupportingလုပ်ပေးမယ်ကျမရဲ့အတိုင်းအတာကဒီလောက်ပါပဲ
From
Kitty
To
ဂင်မင်ဆော့ ခေါ် ရှီအူမင်
ကလေးလေးသိပါစေ
2:18 PM
14.2.2015(Happy Valentine Day)