#Minseokkie
At Xo Uni,
Soo - Lulu နင်သိပြီးပြီလား
Lu - ဘာလဲ ဂိမ်းဆော့ရင်းပြန်မေးလိုက်လေသည်။
Soo - ဒီနေ့ နင့်လူကြီးလာမှာလေ
Lu - ဘယ်ကလူကြီးလဲ gameဆော့နေ၍မသိသလိုပြန်မေးလိုက်လေသည်။နောက်မှသတိရသွားဟန်ဖြင့် Ahhh ဟုတ်သားပဲ ဒီနေ့ကျောင်းမှာကျောင်းသားဟောင်းေုတွ့ဆုံပွဲရှိတယ်မလား
Soo - ဟုတ်တယ် အာ့ကြောင့်နင့်လူကြီးလာမှာလို့ပြောတာ
Lu - ဟုတ်သားပဲ ငါ့မေ့သွားတယ် miyan ဟီးဟီး
Soo - ဟွန့် ခုမှလာရီပြမနေနဲ့ မြန်မြန်အဝတ်စားပြင်ဝတ်တော့ တော်ကြာနင့်ဒီပုံစံကိုမြင်ပြီးနင့်လူကြီးနင့်ကိုစိတ်ကုန်သွားလိမ့်အုန်းမယ်
Lu - အေးပါဟာ နင်ကလည်း
Luluလည်းSooပြော၍အဝတ်စားကိုအမြန်ပြန်ပြင်ဝတ်လိုက်လေသည်။
(Lulu&Sooဆိုတာငယ်ငယ်လေးထဲကပေါင်းလာတဲ့သူငယ်ချင်းရင်းကြီးတွေပါ။ Sooကမိန်းကလေးပီသစွာဝတ်တတ်ပေမယ့်Luluမှာတော့မဟုတ်ပေ အမြဲယောက်ကျားလေးဆန်ဆန်ဝတ်တတ်ပြီးခုလည်းကျောင်းဝတ်စုံကိုဝတ်ထားသည်မှာ ကျောင်းသားလူမိုက်တွေဝတ်ထားသလို အောက်ခံအကျီတစ်ထည်အပြင်အပေါ်ကကျောင်းဝတ်စုံကြယ်သီးမတက်ပဲဝတ်ထားလေသည်။ ပါးစပ်မှလည်းပီကေအမြဲဝါးလေ့ရှိပြီး အားရင်အားသလိုgameကိုအမြဲဆော့လေ့ရှိသည်။ lulu gameဆော့နေလျှင်ဘာပဲမေးမေးမသိပေ(မှတ်ချက်- သူမ၏လူကြီးကလွဲလို့) ။
Lulu&Sooတို့၏မိဘများမှာ ကျောင်း၏မျက်နာဖုံးများဖြစ်ကျသည့်အပြင် ရှယ်ယာရှင်အများဆုံးပိုင်ထားသူများလည်းဖြစ်၍Lulu&Sooတို့နှစ်ယောက်ကိုဆရာ၊ဆရာမများကသိပ်မဆူကျပေ။ Luluမှာဝတ်စားဆင်ယင်ပုံနဲ့ဘယ်သူ့မှဂရုမစိုက်ပဲလုပ်ချင်တာလုပ်တတ်တဲ့အကျင့်လေးပဲ အပြစ်ပြောစရာရှိပေသည်။ ကျန်တဲ့နေရာတွင်အလွန်ထူးချွန်သူဖြစ်သည်။ ကျောင်းတွင်လည်းအမြဲဘယ်နေရာမဆိုအမြဲပထမနေရာယူထားလေ့ရှိတဲ့အတွက်ဆရာ၊ဆရာမများကလည်းမျက်နာသာပေးထားလေသည်။ Sooကတော့Luluထက်နေရာစုံမတော်ပေမယ့် စာတွင်တော့အမြဲပထမရလေ့ရှိသည်။ Soo&Luluမှာအရမ်းချစ်ကျတဲ့သူငယ်ချင်းဖြစ်ပြီး ဘာပဲလုပ်လုပ်နှစ်ယောက်တူတူလုပ်လေ့ရှိသည်။)