Ep-2

531 59 6
                                    

#Minseokkie

Seok pov - အရင်​ဆုံး ကျွန်​​တော့်​ကို ကျွန်​​တော်​မိတ်​ဆက်​ပါမယ်​။ ကျွန်​​တော့်​နာမည်​ကKimMinseokပါ။ ကျွန်​​တော်အထက်တန်းေ​​​ကျာင်းသား​ဘဝမှာမိဘ​တွေဆုံးပါးသွားခဲ့ပြီး ခုလက်​ရှိတစ်​​ယောက်​တည်း​နေပါတယ်​။ ကျွန်​​တော့်​ကိုကျွန်​​တော့်​မိဘ​တွေမ​သေခင်​စာတ​စောင်​ချန်​ခဲ့​ပေးသွားပါတယ်​။ အဲ့စာကိုကျွန်​​တော်​အသက်​၂၀ပြည့်​တဲ့အချိန်​မှဖတ်​ဖို့လည်းမှာသွားခဲ့ပါတယ်​။ ကျွန်​​တော့်​အသက်​၂၀ပြည့်​တဲ့အခါမှOmma&Appaချန်​ထားခဲ့တဲ့စာကိုကျွန်​​တော်​ဖတ်​ရပါတယ်​။ ကျွန်​​တော်​အဲ့စာကိုဖတ်​ပြီး​တော့သိလိုက်​ရတာက ကျွန်​​တော်​ဟာငယ်​ငယ်​​လေးထဲကလူကြီးချင်းသ​ဘောတူထားတဲ့​ကောင်​မ​လေးတ​ယောက်​နဲ့​စေ့စပ်​ထားတယ်​ဆိုတာပါပဲ။ အဲ့​ကောင်​မ​လေးဘယ်​သူလဲဆိုတာမသိ​ပေမယ့်​ ကျွန်​​တော့်​မိဘ​တွေကသ​ဘောတူထားတာဆို​တော့ အနည်းဆုံးထို​ကောင်​မ​လေးက ကျွန်​​တော့်​စိတ်​ကြိုက်​ဖြစ်​မှာပါလို့ ကျွန်​​တော်​​သေချာယုံကြည်​မိခဲ့တယ်​။ ​နောက်​ဆုံးထို​ကောင်​မ​လေးနဲ့​တွေ့ကြည့်​ပြီးမှပဲ ထို​ကောင်​မ​လေးကတကယ့်​ဟာ​လေးဆိုတာကိုသိခဲ့ရပါတယ်​။ ကျွန်​​တော်​ထင်​ထားတာက ကျွန်​​တော်​နဲ့​စေ့စပ်​ထားတဲ့မိန်းက​လေးဟာ ကျွန်​​တော်​အသက်​အရွယ်​နဲ့သိပ်​မကွာ​လောက်​ဘူး​ပေါ့ တကယ်​တမ်း​တွေ့ကြည့်​​တော့ သူမကခုမှအထက်​တန်း​ကျောင်းသူ ဒုတိယနှစ်​ရှိ​သေးတာကိုပါပဲ။ ထားပါအသက်​အရွယ်​ကအ​ရေးမကြီးပါဘူး အဓိကကစိတ်​ပဲဆိုပြီး သူ့ကို​နောက်​တခါ​တွေ့ကြည့်​​တော့ တကယ့်​ကိုက​လေးစိတ်ေ​လးပါ ပိုဆိုးတာကဝတ်​ပုံစားပုံ​နေပုံထိုင်​ပုံက မသိရင်​တကယ့်​​ယောက်​ကျား​လေးအတိုင်းပဲ ​မိန်းက​လေးဖြစ်​ပြီးဘယ်​ချိန်​ကြည့်​ကြည့်​သူ့ပါးစပ်​ထဲမှာအမြဲပီ​ကေရှိ​နေတယ်​။ ပိုဆိုးတာက သူခုလက်​ရှိတက်​​နေတဲ့​ကျောင်းက ကျွန်​​တော်​အရင်​​နေခဲ့တဲ့ Xo Uniဖြစ်​​နေတာပါပဲ။ သူမနဲ့​တွေ့ပြီးကတည်းကကျွန်​​တော့်​ဆီကို​နေ့တိုင်းမရိုးရ​အောင်​ပုံစံအမျိုးမျိုးနဲ့လာ​လေ့ရှိတယ်​ ပြီးရင်​မရိုးရ​အောင်​ပြသာနာရှာပြီးပြန်​သွားခဲ့တယ်​။ တခါတ​လေဆို ​သေသွားတဲ့ကျွန်​​တော့်​မိဘ​တွေကိုပြန်​​မေးချင်​မိတယ်​ ဘယ်​လိုများဒီလိုမိန်းက​လေးနဲ့သားကိုစိတ်​ချခဲ့လဲဆိုတာကို​ပေါ့။ တခါတ​လေ​တော့ အဲ့​ကောင်​မ​လေးကို​ကျေးဇူးတင်​မိတယ်​ ကျွန်​​တော်​ကဥစ္စာ​ပေါရုပ်​​ချောသူ​ဌေးသားဆို​တော့ ကျွန်​​တော့်​နားမှာဝိုင်းဝိုင်းလည်ေ​​နတဲ့မိန်းက​လေး​တွေကအများကြီးပဲ​လေ။ အဲ့မိန်းက​လေး​တွေ​ကြောင့်​ကျွန်​​တော့်​မှာစိတ်​ရူတ်​ရ​ပေါင်းမနည်း​တော့ဘူး။ ဒါမဲ့ ကျွန်​​တော်​နဲ့​စေ့စပ်​ထားတယ်​ဆိုတဲ့ လူဆိုးမ​လေး​ရောက်​လာပြီးကတည်းက ကျွ​န်​​တော့်​ဆီကိုလာလာ​နေတဲ့စိတ်​ရူတ်​စရာ​တွေရှင်းသွားခဲ့တယ်​။ အဲ့လိုအချိန်​ဆိုအဲ့လူဆိုးမ​လေးကိုအရမ်း​ကျေးဇူးတင်​မိတယ်​။ ​အော်​ လူဆိုးမ​လေးလို့ဘာလို့​ခေါ်ရလဲဆို​တော့ အဲ့လူဆိုးမ​လေးက​တော်​​တော်​ဆိုးတယ်​ဗျ ​ကျောင်းမှာဆိုလည်း သူအ​ကြောင်းသိချင်​ရင်​အချိန်​၅မိနစ်​​လောက်​ပဲ​ပေး သူ့အ​ကြောင်းဆံဖျားအစ​ခြေဖျားထိအကုန်​သိသွား​စေရမယ်​။

Bad Girl's Love [ COMPLETED ]Where stories live. Discover now