Episode-1(part-2)

662 40 2
                                    

At home:
Tae:"butterflyကအရမ်းကို​အောင်​မြင်​သွားတာပဲ​နော်​kook"
သူ့ရဲ့​အောင်​မြင်​မှု​တွေအတွက်​အိမ်​​ရောက်​တဲ့အခါ​taeကဝင့်​ကြွားတဲ့အပြုံး​လေးနဲ့ဂုဏ်​ယူစွာ​ပြောတယ်​။kookတစ်​​ယောက်​taeကိုဘာမှလည်းမ​ပြောဘဲမသိသလိုပဲ​နေ​နေတယ်​။
tae:"မ​ပျော်​ဘူးလားkookကြည့်​ရတာမ​ပျော်​သလိုပဲဒီနှစ်​ရဲ့the best male artistဆုကိုလည်းkookရတယ်​မဟုတ်​လား"
Taeသူ့ကိုနားမလည်​နိုင်​သလိုမျက်​​မှောင်​က​လေးကျုံ့ကာကြည့်​ပြီးပြန်​​ပြောတယ်​။
Kook:"​တော်​​တော့taeကိုယ့်​ကိုဒီအ​ကြောင်းမ​ပြောနဲ့​တော့။ကိုယ်​မကြားချင်​ဘူး​။ပြောလည်းမ​ပြောချင်​ဘူး။"
သူမာဆတ်​ဆတ်​​လေသံနဲ့taeကိုဖြတ်​​အော်​​လိုက်​မိတယ်​။taeမျက်​လုံး​လေးဝိုင်းသွားကာ
Tae:"ဘာဖြစ်​လို့လဲkookရယ်​"
Kook:"မ​မေးနဲ့ကွာ။မကြားချင်​ဘူး"
သူtaeကိုအသံကျယ်​ကျယ်​နဲ့ပြန်​​အော်​လိုက်​မိတယ်​။
Tae:"taeကkookအရမ်း​ပျော်​​နေလိမ့်​မယ်​လို့ပဲထင်​ထားတာ။taeကိုယ်​တိုင်​ကလည်းkookအတွက်​အရမ်း​ပျော်​​နေမိတာ"
ညိုးလျသွားတဲ့မျက်​နှာနဲ့taeကတိုး​ဖျော့စွာ​ပြော​တော့kookစိတ်​မ​ကောင်းဖြစ်​သွားရတယ်​။taeပခုံး​လေးကိုဖြည်းညင်းစွာပုတ်​ကာ
Kook:"mianae taeကိုယ်​​တောင်းပန်​ပါတယ်​။"
Tae kookမျက်​နှာကိုနားမလည်​စွာနဲ့​မော့ကြည့်​လိုက်​တယ်​။
Kook:"Butterflyအတွက်​ကိုယ်​မ​ပျော်​နိုင်​ဘူးtae။ဒါ​ပေမဲ့​လေ....ဘာပဲဖြစ်​ဖြစ်​taeကိုကိုယ်​​ကျေးဇူးတင်​ပါ​တယ်​။Butterfly​အောင်​မြင်​တာtaeရဲ့ပံပိုးမှုလည်းပါဝင်​ပါ​တယ်​။"
Taeကိုသူ​ကျေးဇူးတင်​စကား​ပြော​တော့taeမျက်​ရည်​​လေး​တွေဝဲလာပြီး..tae:"kookရယ်​"
လို့တိုး​တိုး​လေးညည်းရှာတယ်​။"
Kook:"butterfly albumကကိုယ့်​သက်တမ်း​​တစ်​​လျှောက်​လုံးမှာအ​အောင်​မြင်​ဆုံးalbumပဲ။ကိုယ့်အတွက်မထင်မှတ်​နိုင်​​လောက်​​အောင်​မ​မျှော်​လင့်​ရဲ​လောက်​​အောင်​ကို​အောင်​မြင်​ခဲ့တဲ့albumပဲ။showတိုင်းမှာလည်းကိုယ်​မပါရင်​မဖြစ်​​လောက်​​အောင်​ပဲ။ကိုယ်​ပိုက်​ဆံ​တွေအများကြီးရတယ်​ကိုယ့်​ဘဝအ​ခြေ​အ​နေ​တွေအများကြီးပြောင်းလဲသွားတယ်​။ဒါ​ပေမဲ့ကိုယ်​​ပျော်​​နေမယ်​ထင်​လား...tae။ဟင့်​အင်း....ကိုယ်​..ကိုယ်​မ​ပျော်​ဘူး tae ကိုယ်​မ​ပျော်​ဘူး။"
Kookအသံ​တွေတုန်​လှိုက်​​နေတယ်​။ဒီတစ်​ခါမှာkookလက်​ကိုကိုင်​ပြီးအား​ပေးရတဲ့သူကtaeဖြစ်​သွားတယ်​။
Tae:"kookရယ်​kookကိုtaeဘယ်​လိုနှစ်​သိမ့်​​ပေးရမလဲ​တောင်​မသိဘူး။kookခံစားချက်​ကိုနားလည်​ပါ​တယ်​။ဒါ​ပေမဲ့butterflyကkookရဲ့​အောင်​မြင်​မှုပဲ​လေ။"
Tae​ပြော​နေစဉ်​မှာပဲkookဖုန်းက​ခေါ်သံဝင်​လာလို့စကားပြတ်​သွားရတယ်​။phoneက​နေUnchanged melodyတေးသွားက​တော့ငြိမ့်​​ညောင်းစွာနဲ့ထပ်​ကာထပ်​ကာ​ကျော့​နေဆဲ။kookက​တော့ဖုန်းကိုတစ်​စက်​က​လေးမှလှည့်​မကြည့်​။taeလည်းမ​နေနိုင်​​တော့တာနဲ့
Tae:"taeကိုင်​လိုက်​မယ်​​နော်​kookအ​ရေးကြီးတဲ့ဖုန်းဆိုအားနာစရာ​ကောင်းတယ်​။"​ပြော​ပြောဆိုဆိုkookဖုန်းကိုtae​ကောက်​ကိုင်​လိုက်​ပြီးထူးလိုက်​တယ်​။
Tae:"yeobusaeyawကျွန်​မကkookရဲ့managerပါ။အ​ရေးကြီးကိစ္စရှိရင်​မှာခဲ့လို့ရပါတယ်​။"
Taeကသူ့ရဲ့ဘဝကိုအရာအားလုံးနားလည်​သိတတ်​ပြီးသူအခုလို​အောင်​မြင်​တဲ့ဘဝကိုပိုင်​နိုင်​တာလည်းtaeရဲ့ပံပိုးမှု​တွေ​ကြောင့်​ဆိုတာမငြင်းပါဘူး။
Tae:"kookက​နေမ​ကောင်းလို့အနားယူ​နေရပါတယ်​ရှင်​။အလုပ်​ကိစ္စကကျွန်​မနဲ့လည်း​ပြောလို့ရပါတယ်​။"
Taeကအဲ့လိုအားကိုးရတဲ့သူပါခုချိန်​မှာkook taeကလွဲပီးဘယ်​သူနဲ့မှစကားမ​ပြောချင်​ပါ။အထူးသဖြင့်​အလုပ်​ကိစ္စဆိုရင်​​ပေါ့။
Tae:"showအတွက်​လား။အင်း....အဲ့ဒါက...."
Taeစကားကိုမဆက်​​သေးဘဲkookကိုလှမ်းကြည့်​တယ်​။kookကပျာပျာသလဲ​ခေါင်းခါပြလိုက်​​တော့taeမျက်​​မှောင်​ကြုတ်​သွားပြီးမှသက်​ပြင်းချကာ......
Tae:"mianae...kook show ဆိုနိုင်​မှာမဟုတ်​​သေးပါဘူးသူ့ကျန်းမာ​ရေးကအနားယူဖို့လိုအပ်​​နေ​သေးလို့ပါ။ကျေးဇူးတင်​ပါ​တယ်​။"
Taeဖုန်းချလိုက်တာနဲ့kookသူ့ဖုန်းကိုယူကာ
Power offလိုက်​တယ်​။
Tae:"ဘာဖြစ်​လို့လဲ kookရယ်။"
Kook:"ကိုယ်​showမဆိုချင်​​သေးဘူးtae။ပရိသတ်​​တွေကကိုယ့်​ကိုမြင်လိုက်​​တာနဲ့butterflyကိုပဲလှမ်းေ​အာ်​​တော့တာ။ကိုယ်​အရင်​က​ရေးခဲ့တဲ့သီချင်း​တွေပဲဆိုချင်​တယ်​။butterflyကိုမဆိုချင်​ဘူး။အဲ့ဒီ...အဲ့ဒီသီချင်းက.."
Kookစကားမဆက်​​တော့ဘဲသူ့​ရှေ့မှာရှိ​နေတဲ့ပလတ်​စတစ်​ထိုင်​ခုံကိုအ​ကြောင်းမဲ့​ဆောင့်​ကန်​လိုက်​တယ်​။
Tae:"kook..."
Taeကစိုးရိမ်​တကြီးနဲ့kookလက်​ကိုဆုပ်​ကိုင်​လိုက်​တယ်​။
Kook:"ကိုယ်​တစ်​​ယောက်​တည်း​နေချင်​တယ်​tae"
Taeသက်​ပြင်းရှိုက်​ပြန်​တယ်​။
Tae:"​ကောင်းပြီ​လေ။taeပြန်​ပြီ​နော်​kook"
Taeတစ်​​ယောက်​​လေးပင်​တဲ့​ခြေလှမ်း​တွေနဲ့kookအနားက​နေထွက်​သွားတယ်​။taeထွက်​သွားတာနဲ့kookလည်း​တံခါးကို​ဆောင့်​ပိတ်​ပြီးအိပ်​ယာ​ပေါ်ကိုစိတ်​ပျက်​လက်​ပျက်​လှဲချလိုက်​​တော့တယ်​။

A Song Written By GHOST"Where stories live. Discover now