Episode-3

323 35 3
                                    

တောရိပ်​​တောင်​ရိပ်​နဲ့စိမ်းစိုအုံ့ဆိုင်းပြီး​အေးစိမ့်​​နေတဲ့​တောင်​​ပေါ်မြို့က​လေးဆီkookတစ်​​ယောက်​တည်းကား​မောင်း၍​ရောက်​ရှိလာခဲ့ပြီ။ကားမှန်​ကိုဖြည်းညင်းစွာချကာ​အေးစိမ့်​တဲ့​တောင်​​ပေါ်​လေကိုအရသာခံရင်းkookကားကိုဖြည်းဖြည်း​လေး​မောင်းလာခဲ့တယ်​။တောင်​​ဖြေလမ်းဆုံ​ရောက်​​တော့တည်းခိုခန်းဆီဘယ်​လိုသွားရမလဲဆိုတာသူမသိ​တော့။မြို့စွန်​ကိုလည်း​ရောက်
လာခဲ့ပြီ။လူရိပ်​လူချည်​ကိုကြည့်​လိုက်​​တော့​တောင်ြေုခကစိုက်​ခင်းမှာခ​မောက်​​ဆောင်းပြီး​ကျော​ပေးထိုင်​ကာ​မြေ​တွေတူးဆွ​နေတဲ့လူတစ်​​​ယောက်​ကိုတွေ့လိုက်​​တယ်​။လူပုံက​တော့ပုပြတ်​ပြတ်​ပင်​။ကျောကုန်းမှာဘုကြီးနဲ့မို့ထိုင်​​နေတာကလိုတာထက်​ပိုကုန်း​နေတယ်​။kookလည်းအဲ့ဒီလူ​နောက်​မှာကားကိုရပ်​လိုက်​ပြီးကားပြတင်းက​နေ​ခေါင်းထုတ်​ပြီးလှမ်း​အော်​လိုက်​တယ်​။
Kook:"yawgiyoe.... ဒီမှာ...."
Kook​ခေါ်​နေ​ပေမဲ့ထိုလူက​တော့လှည့်​မကြည့်​။kookအသံများတိုး​နေလို့လား။
Kook:"ဒီမှာ..ဒီမှာ...Hyung..dopeတည်းခိုခန်းကိုဘယ်​လမ်းက​နေသွားရမှာလဲ။"
Kookအသံကိုထပ်​မြှင့်​ပြီး​မေးလိုက်​တယ်​။ဒါ​ပေမဲ့သူမြင်​​နေရတဲ့​ကျောပြင်​ကနည်းနည်း​လေးမှမလှုပ်​လာ​တော့kookစိတ်​ထဲတစ်​မျိုးဖြစ်​လာတယ်​။ထိုလူများနားမကြားတာလား။ဒါမှမဟုတ်​....kookဆက်​မ​တွေးရဲ​တော့ဘဲဂီယာဆီလက်​လှမ်းကာကားကိုဆက်​​မောင်းဖို့ပြင်​လိုက်​တယ်​။အဲ့ဒီအချိန်​မှာ......သူ့အ​ပေါ်အရိပ်​တစ်​ခုမိုးကျလာလို့သူလန့်​သွားပြီးကပျာကယာ​မော့ကြည့်​လိုက်​တယ်​။
Kook:"ဟင်​!......"
စူး​တောက်​​နေတဲ့မျက်​လုံးကြီး​တွေနဲ့သူ့ကား​ဘေးမှာရပ်​ပြီးစိုက်​ကြည့်​​နေတဲ့လူတစ်​​ယောက်​။အရပ်​ကပုပု၊​ကျောကုန်းမှာလည်းဘုကြီးနဲ့။kookခုနကလူ​ကျော​ပေးထိုင်​​နေခဲ့တဲ့​နေရာကိုလှမ်းကြည့်​လိုက်​​တော့အဲ့ဒီ​နေရာမှာလည်းတုတ်​တုတ်​မှမလှုပ်​ဘဲထိုင်​​နေတဲ့လူတစ်​​ယောက်​ကရှိ​နေဆဲ။ဒါဆိုသူ့​ဘေးကလူက.......kookဆက်​မ​တွေး​တော့ဘဲကားမှန်​ကိုတုန်​​နေတဲ့လက်​နဲ့ကားမှန်ကို​အမြန်​ပိတ်​လိုက်​တယ်​။kookနဲ့မ​ကောင်းဆိုးဝါးကြီးရဲ့ကြားမှာမှန်​တစ်​ချပ်​ပဲခြား​တော့တယ်​။kookလက်​များ​ချွေး​စေး​တွေပြန်​၍​အေးစက်​လာတာမို့သူ့ကားကိုအ​လောတကြီးတုန်​လှုပ်​စွာနဲ့​မောင်းထွက်​လာမိတယ်​။Taeအယူသီးခဲ့တာမှန်​​နေပြီလား။တမလွန်​ကသီချင်းဆိုသံကိုနား​ထောင်​ချင်​တဲ့kookတစ်​​ယောက်​တည်းတည်းခိုခန်းကိုမ​ရောက်​ခင်​မှာပဲ​ချေက်​ချားစရာအဖြစ်​ကသူ့ကိုကြိုနှင့်​လို့​နေပြီ။နောက်​ထပ်​​ရော.....dopeတည်းခိုခန်းရှိတဲ့ဒီ​တောင်​​ပေါ်မြို့မှာဘယ်​လိုထိတ်​လန့်​​ချောက်​ချားစရာအဖြစ်​​တွေသူ​တွေ့ရဦးမှာလဲ။kookစိတ်​ထဲက​နေကြိုပြီးတုန်​လှုပ်​​နေမိတယ်​။စမ်းတဝါးဝါးနဲ့kookဖြည်းဖြည်းချင်း​မောင်းလာခဲ့ရင်းလမ်းခွဲတစ်​ခု​ဏအ​ရောက်​မှာ"လျှို့ဝှက်​ချက်​များဖြင့်​dopeတည်းခိုခန်း"လို့​ရေးထားတဲ့​ကြော်​ငြာဆိုင်းဘုတ်​ကို​တွေ့လိုက်​ရလို့kookဝမ်းသာသွားတယ်​။kookတစ်​​ယောက်​စိတ်​လက်​​ပေါ့ပါးစွာနဲ့​ကြော်​ငြာဆိုင်းဘုတ်​အတိုင်းလမ်းချိုးကို​ကွေ့လိုက်​​တော့..."​ဝေါ....."ခနဲ​ကြောက်​မက်​ဖွယ်​ရာတခဲနက်​မြည်​သံကြီးနဲ့အတူ​ညောင်​ပင်​ကြီး​ပေါ်က​နေကျီးတစ်​အုပ်​သူ့ကား​ရှေ့ပြိုဆင်းလာခဲ့တယ်​။"အား......."kookအလန့်​တကြား​အော်​ပြီးကားကိုချက်​ချင်းဘရိတ်​အုပ်​လိုက်​တယ်​။ရုတ်​တရက်​မို့ကားက​ရှေ့ကိုယိုင်​သွားပြီးနည်းနည်းတုန်​သွားတယ်​။kookလည်းထိတ်​လန့်​သွားတာမို့မျက်​ဝန်းအစုံကိုဖိမိုက်​ကာလှုပ်​ရှားသွားတဲ့စိတ်​ကိုတည်​ငြိမ်​​အောင်​ပြန်​ကြိုးစားလိုက်​ရတယ်​။ခဏကြာ​တော့kookစိတ်​ငြိမ်​သွားလို့​လေပူ​တွေမှုတ်​ထုတ်​ပြီးပြန်​ကြည့်​လိုက်​​တော့ခုဏကပြိုဆင်းလာတဲ့ကျီးအုပ်​ကြီးကတစ်​​ကောင်​တစ်​​လေမှမရှိ။ဘာမှမဖြစ်​ခဲ့သလိုပကတိငြိမ်​သက်​လျက်​။kookကိုယ့်​မျက်​လုံးကိုယ်​မယုံနိုင်​​အောင်​ဖြစ်​သွားရတယ်​။ ဒါ....ဒါဘာဖြစ်​တာလဲ။kook​ကျောထဲစိမ့်​တက်​လာပြီးကားကိုအဲ့ဒီနရာက​နေအမြန်​​မောင်းထွက်​ခဲ့လိုက်​တယ်​။ဘာဖြစ်​လို့ဒီမြို့ကဒီ​လောက်​​တောင်​​ချောက်​ချားစရာ​ကောင်း​နေရတာလဲ။ဘာပဲဖြစ်​ဖြစ်​kookက​တော့ဆုံးဖြတ်​ခဲ့ပြီးတဲ့အတိုင်းdopeတည်းခိုခန်းဆီကိုkookအ​ရောက်​သွားမှာပြဲဖစ်​တယ်​။

A Song Written By GHOST"Tempat cerita menjadi hidup. Temukan sekarang