Episode-2

253 33 3
                                    

Episode-2
Kook:"ဒီ....ဒါ..ဒီ...ဒါ.."
ဂစ်​တာ​ကော့ဒ်​​တွေကိုလက်​ကွက်​စမ်းရင်း​တေးသွား​တွေကိုkookအသာအယာညည်းကြည့်​တယ်​။kook:"ကျစ်​.."
ဘာကိုအလိုမကျမှန်းမသိဖြစ်​ပြီးစုတ်​သပ်​လိုက်​မိတယ်​။ကော့ဒ်​​တွေ​ပေါ်လက်​​ချောင်း​တွေကိုပြန်​​ရွှေ့ကြည့်​လိုက်​တယ်​။မယ်​လိုဒီကိုပြန်​ညည်းဖို့ကြိုးစားလိုက်​တယ်​။သူ့စိတ်​ထဲမှာတစ်​ခုခုကပိတ်​ဆို့ထားသလိုခံစား​နေရတယ်​။
Kook:"​တောက်​!......"
ဂစ်​တာကို​ဘေးကိုချလိုက်​ပြီးလက်​ထဲက​ဘောပင်​ကျုလည်းနံရံဆီပစ်​​ပေါက်​လိုက်​မိတယ်​။သူ့​ရှေ့မှာလည်းnotes​ရေးထားတဲ့စာရွက်​​တွေပြန့်​ကျဲလျက်​။
Kook's pov:*wae....ဘာဖြစ်​လို့သီချင်းသစ်​​တွေ​ရေးလို့မရ​တော့တာလဲ။ဘာဖြစ်​လို့​ရေးသမျှသီချင်း​တွေကbutterfly​လောက်​မ​ကောင်းရတာလဲ။arrnyi....အဲ့ဒီလိုမဖြစ်​ရဘူး။ဘာဖြစ်​လို့butterflyကို​မ​ကျော်​နိုင်​ရမှာလဲ...*
စိတ်​ဓာတ်​​တွေဖရိုဖရဲကျဆင်းကာkookငူငူကြီး​နေ​နေမိတုန်း..."nae...သက်​ရှိနိဗ္ဗာန်​ဘုံအလားတင်​စားနိုင်​တဲ့​နေရာ​လေးပါ။အေးချမ်းပြီးသဘာဝအတိုင်းလှပရှင်​သန်​​နေတဲ့​တောင်​​ပေါ်​ဒေသမြို့​လေးရဲ့မြို့စွန်​မှာတည်​ရှိပါတယ်​။DOPEရဲ့လျှို့ဝှက်​ချက်​က​တော့မူရင်းပိုင်​ရှင်​ဖြစ်​တဲ့K"m So Youngအိပ်​စက်​ခဲ့တဲ့ကုတင်​​ပေါ်မှာအိပ်​စက်​ခွင့်​ရခဲ့မယ်​ဆိုရင်​ညတိုင်းkim so youngရဲ့တမလွန်​ဘုံက​နေသီချင်းဆိုသံအစစ်​ကိုနားဆင်​ရမှာပါ။ပြီး​တော့........"
ဖွင့်​ထားမိတဲ့သူ့ကွန်​ပျူတာweb page​ပေါ်မှာရုတ်​တရက်​​ပေါ်လာတဲ့online​ပေါ်ကweb siteတစ်​ခုရဲ့သတင်း​ကြော်​ငြာကထူးဆန်း​နေတာမို့သူ​သေ​သေချာချာဖတ်​ကြည့်​လိုက်​မိတယ်​။ကြော်​ငြာကတည်းခိုခန်း​ကြော်​ငြာ​တောင်​​ပေါ်မြို့​လေးမှာ​ရှေး​ဟောင်းပုံစံ​ဆောက်​ထားတဲ့သစ်​လုံးအိမ်​​လေးမို့​နေချင်​စရာ​ကောင်း​နေတယ်​။အထူးခြားဆုံးက..အဲ့ဒီတည်းခိုခန်းရဲ့လျှို့ဝှက်​ချက်​။လွန်​ခဲ့တဲ့နှစ်​ငါးဆယ်​​ကျော်​ကကွယ်​လွန်​သွားခဲ့ပြီးဖြစ်​တဲ့တစ်​ချိန်​ကလျှမ်းလျှမ်း​တောက်​​ကျော်​ကြားခဲ့တဲ့အဆို​ကျော်​kim so youngရဲ့ကုတင်​မှာအိပ်​စက်​ခွင့်​ရခဲ့ရင်​..ညတိုင်းkim so youngရဲ့တမလွန်​ဘုံက​နေသီချင်းဆိုသံအစစ်​ကိုနားဆင်​ရမှာပါတဲ့။ဘယ်​​လောက်​ထူးဆန်းတဲ့​ကြော်​ငြာလဲ။kim so youngကိုမမှီလိုက်​​ပေမဲ့သူ့သီချင်း​တွေကိုkookနား​ထောင်​ဖူးတယ်​။ကြိုက်​လည်းကြိုက်​တယ်​။တမလွန်​ဘုံက​နေဆိုပြတယ်​ဆိုတာတကယ်​လား။အဲ့ဒီလျှို့ဝှက်​ချက်​ကိုkookအရမ်းစိတ်​ဝင်​စားမိကာ.....
Kook:"tae​ရေ..." Tae:"ဟင်​..​ပြော​လေ kook"
Taeတစ်​​ယောက်​kookအခန်းကိုရှင်း​နေရင်းနဲ့ထူးရှာတယ်​။
Kook:"ကိုယ်​ခရီးထွက်​လိုက်​ဉ်ီးမယ်​။"
Tae:"ဟင်​...ချက်​ချင်းကြလား"
Taeကတအံ့တသြနဲ့kookနား​ရောက်​လာတယ်​။
Kookကtaeရဲ့မျက်​နှာကို​သေချာကြည့်​ပြီး​တော့
Kook:"tae..ကိုယ်​အခုဘာ​တွေခံစား​နေရတာလဲဆိုတာသိတယ်​မလား။ကိုယ်​အနားယူမှဖြစ်​မယ်​။စိတ်​​ရောကိုယ်​ပါအနားယူမှဖြစ်​မယ်​။ကိုယ်​ဒီမှာဘယ်​နည်းနဲ့မှဆက်​မ​နေနိုင်​​တော့ဘူး။"
တကယ်​လည်းkookဒီ​နေရာက​နေအမြန်​ဆုံး​ရှောင်​ပုန်းချင်​​နေတာပါ။Butterflyရဲ့​ဝေးရာကို​ပေါ့။ဒါ​ပေမဲ့သူtaeကိုအဲ့ဒီစကား​တွေဆက်​​မ​ပြောဖြစ်​ပါဘူး။
Tae:"kookကဘယ်​သွားမယ်​စိတ်​ကူးထားလဲ။"
Kook online​ပေါ်ကdopeတည်းခိုခန်း​ကြော်​ငြာနဲ့​နေရာကို​ပြောပြလိုက်​တယ်​။kookစကားကြားလိုက်​တာနဲ့taeမျက်​လုံး​တွေဝိုင်းသွားပြီး...
Tae:"kook ah andwel...အဲ့ဒီကို​တော့မသွားပါနဲ့လား။လွန်​ခဲ့တဲ့နှစ်​ငါးဆယ်​က​သေဆုံးခဲ့တဲ့အဆို​တော်​တစ်​​ယောက်​ကတမလွန်​က​နေသီချင်းဆိုပြမယ်​ဆိုတာလုံးဝမဖြစ်​နိုင်​တဲ့ကိစ္စကြီးပဲ။ကြားရတာနဲ့တင်​ကြက်​သီးထတယ်​​ကြောက်​စရာကြီးkookရယ်​...။အဲ့ဒီတည်းခိုခန်းကနာနာဘာဝမ​ကောင်းဆိုးဝါး​တွေများ​မွေးထားလားမသိဘူး။မသွားပါနဲ့...။"
Taeကတုန်​လှုပ်​​ကြောက်​လန့်​စွာနဲ့သူ့ကိုပြန်​​ပြောတယ်​။
Kook:"ဘာ​တွေပဲ​မွေးထား​မွေးထားကိုယ်​က​တော့သွားဖို့ဆုံးဖြတ်​လိုက်​ပြီTae"
ဆုံးဖြတ်​ပြီးရင်​ဘယ်​​တော့မှပြန်​မပြင်​တတ်​တဲ့kookမ​ကြောင်းကိုသိထားတာမို့taeမတားနိုင်​​တော့ပဲ
Tae:"kookဘယ်​သူ​တွေနဲ့သွားမှာလဲ။"
Kook:"ကိုယ်​​တစ်​​ယောက်​တည်းသွားမှာ"
Taeအလန့်​တကြားတားဖို့ပါးစပ်​ပြင်​လိုက်​​တော့kook​ခေါင်းယမ်းပြပြီးtaeကိုစကားဆက်​​ပြောခွင့်​မ​ပေးဘဲ
Kook:"ကိုယ်​မကြာပါဘူး။စိတ်​​ပြေလက်​​ပျောက်​ခဏပဲ​နေမှာပါ။ကိုယ်​လည်းtaeနဲ့ကြာကြာခွဲမ​နေနှိင်​ပါဘူး။ကိုယ်​မရှိရင်​ဒီကအလုပ်​ကိစ္စ​တွေကိုTaeစီစ​ဉ်​​ပေးမှဖြစ်​မှာ​လေ​နော်​"
Kookပြန်​​ချော့​တော့taeက​အ​ဝေးကို​ညေးရင်းသူ့ကိုလှည့်​မကြည့်​ဘဲ​ခေါင်းကိုခပ်​​လေး​လေးငြိမ့်​ပြလိုက်​တယ်​။
Tae:"kook အရမ်းသွားချင်​​နေမှ​တော့taeမတား​တော့ပါဘူး။ဒါ​ပေမဲ့သတိ​တော့ထားပါ။လွန်​ခဲ့တဲ့နှစ်​ငါးဆယ်​ကဆုံးသွားတဲ့အဆို​တော်​ကတမလွန်​က​နေသီချင်းဆိုပြမယ်​ဆိုတာကြီးကိုtaeကြားတာနဲ့တင်​စိတ်​​ချောက်​ချားမိတယ်​။"
Kook:"အဲ့​လောက်​လည်းအယူမသီးပါနဲ့​taeရယ်​။ကိုယ့်​အတွက်​လည်းစိတ်​ပူမ​နေပါနဲ့။ကိုယ်​​နေတတ်​ပါတယ်။"
တကယ်​​တော့အဲ့ဒီ​တောင်​​ပေါ်မြို့က​လေးကတည်းခိုခန်းကိုတမလွန်​ကအဆို​တော်​တစ်​​ယောက်​ရဲ့သီချင်းသံကိုနား​ထောင်​ရမယ်​ဆိုတဲ့အချက်​ကိုkookစိတ်​ဝင်​စားစွာသွား​ရောက်​မှာပဲဖြစ်​ပါတယ်​။သူ့အတွက်​စိတ်​ပူု​ပေး​နေတဲ့​taeကိုနားလည်​​ပေမဲ့လည်း.......သူက​တော့အဲ့ဒီတည်းခိုခန်းဆီအ​ရောက်​သွားဖို့အတွက်​အရမ်းကိုစိတ်​​စောပြီးတက်​ကြွ​နေမိပြီဖြစ်​တယ်​။

A Song Written By GHOST"Where stories live. Discover now