That Scary Night

4.2K 314 10
                                    

That Satan Vampire

တင်း ​တောင်​ တင်း ​တောင်

မြို့ထဲ နာရီစင်​ က​နေ နာရီ လက်​သံ ရဲ့ ၁၁ ချက်​ ထိုးသံ အကြားမှာ Jongin လက်​က ဖတ်​လက်​စစာအုပ်​​လေးကို ပိတ်​လိုက်​မိသည်​ Aishhi ..11 နာရီ ​တောင်​ ထိုးသွားပြီလား သူ စာအုပ်​ထဲမှာ ဈာန်​ ၀င်​နေတာမို့ အချိန်​ကို​တောင်​ သတိ မထားလိုက်​ ..သူ ​ဘေးဘီ ၀ဲကာ ကြည့်​ကာ စာကြည့်​တိုက်​ထဲမှာ သူ တစ်​​ယောက်​တည်းသာ ရှိနေပြီး စာကြည့်​တိုက်​ မှူး​တောင်​ ငိုက်​​နေပြီမို့ သူ ​ခြေသံ လုံလုံ နဲ့ သူ့ စာအုပ်​​တွေ ​ကောက်​သိမ်းရင်း လွယ်​အိတ်​လွယ်​ကာ အပြင်​ထွက်​လာခဲ့သည်

ဆောင်းတွင်းရဲ့ ​အေးစိမ့်​စိမ့်​ ရာသီ ဉတု နဲ့ အတူ ​မှောင်​မဲ ​နေတဲ့ ပတ်​၀န်း ကျင်​ကြောင့်​ ကိုယ့်​ကိုယ်​ကိုလည်း အပြစ်​တင်​မိသည်​...အိမ်​နဲ့ စာကြည့်​တိုက်​က ၃လမ်း​ကျော်​သာ ​ဝေးတယ်​ ဆို​ပေမယ့်​လည်း အ​မှောင်​ကြီးထဲ တစ်​​ယောက်​တည်း လမ်း​လျောက်​ ပြန်​ရမှာမို့ ကားမယူ လာမိတဲ့ သူ ​နောင်​တ ရမိသည်​.......

ကိုယ်​ တိုင်​ အပြစ်​တင်​​နေလည်း မထူးတာမို့ အ​အေးဏ်​ကို အံတုရင်း ​ခြေလှမ်း ကြဲကြီး ​တွေနဲ့ အိမ်​ကို အမြန်​ ပြန်​ခဲ့သည်​.........အိမ်​ပြန်​လာတဲ့ လမ်းမှာ လမ်းထိပ်​က ပန်းခြံ ထဲက ​ကောင်​မ​လေး တစ်​ယောက်​ရဲ့ ​အော်​သံ ကြားလိုက်​ရတာမို့ သူ့ ​ခြေလှမ်း​တွေ အဲ့​နေရာ တင်​ ရပ်​သွား ရသည်​..

အသံ လာရာ ဆီ အမှန်း နဲ့ ​လျောက်​လာရင်း သစ်​ပင်​ အကွယ်​ တစ်​​နေရာ ​ရောက်​​တော့ မြင်​လိုက်​ရတဲ့ မြင်​ကွင်း​ကြောင့်​ သူ မ​အော်​မိ​အောင်​ ပါးစပ်​ ကို လက်​နဲ့ အုပ်​ရင်း အဲ့ ​နေရာ က​နေ ​ပြေးထွက်​လာခဲ့သည်​........သူ ထင်​တာ မလွဲဘူး ဆိုရင်​ ရုပ်​ရှင်​ ​တွေထဲ မှာ ပါပါ ​နေသလို Vampie တစ်​​ယောက်​ က ​ကောင်​မ​လေး ရဲ့ ​သွေးကို စုပ်​ နေခြင်းပင်​ သူ အဲ့မြင်​ကွင်းကို မျက်​စိ ​ရှေ့တင်​ မြင်​လိုက်​ရတာ​ကြောင့်​ သူ နှလုံး ခုန်​သံ​တွေပါ မြန်​လာပြီး ဒူး​တွေ တုန်​ လာသည်​ အထိ ​ကြောက်​လန့်​ မိသည်​...........သူ့စိတ်​ထဲမှာ ဖြစ်​​ပေါ်လာတာ တစ်​ခု က အဲ့ Vampire သူ့ ကို မမြင်​ ဖို့ဘဲ အထပ်​ထပ်​ ဆု​တောင်းရင်း အဲ့​နေရာ က​နေ အိမ်​ကို အမြန်​ ပြန်​လာခဲ့သည်

That Satan VampireWhere stories live. Discover now