That Satan Vampire
သူ ဘာမှ မအော် ရသေးပင် အဲ့လူက လျင်မြန်
လွန်းတဲ့ အရှိန်နဲ့ သူ့ ဂုတ်ပိုး ကို နောက်ကနေ ထိန်းချုပ်ကာ သူ့ လည်တိုင် ကို ရုတ်တရက် လက်နဲ့ ပွတ်ကာ စတင်ကာ နမ်းလေသည်Jongin သူ ကြောင်နေပြီး မှ အသိ ၀င်လာတာ အဲ့လူ ကို တွန်းပစ်လိုက်သည် သူ တွန်းပစ်လိုက်တဲ့ အရှိန်ကြောင့် အဲ့လူ က သူ့  အခန်းနံရံ နဲ့ သွားတိုက်မိတာ သူ မြင်လိုက်ရသည်
~ Minahe
သူ ပြောလိုက်ပေမယ့် သူ့ အကြည့်တွေက စူးရှကာ ဒေါသ ထွက်နေတဲ့ အရိပ် အယောင် Jongin သူ ကြောက်လွန်းလို့ ဒူးတွေတောင် တုန်နေမိသည် ရေချိုး ခန်းထဲက ထွက်လာ ခါ စ မို့ အခု ထိ ရေတွေ ကလည်း မခြောက်သေးဘဲ ကြမ်းပြင်ပေါ် တပေါက်ပေါက် ကျလာနေသည်
ရှေ့တိုးတိုး လာတဲ့ Hoddie နဲ့ လူကြောင့် Jongin နောက်ကို ဆုတ်လိုက်မိသည် ကံမကောင်းပြီး လျပ်ပြာပြာ နိုင်တဲ့ သူ က သူ့ ကိုယ်ပေါ်က ကျထားတဲ့ ရေစက်တွေကြောင့် ရုတ်တရက် ချော်ကြတာ ခုတင်ပေါ် မှာ လဲကျ သွားလေသည်.....
သူ ခုတင်ပေါ် နောက်ပြန်လဲနေရာ ကနေ မထနိုင်သေးဘဲ ကြောင်ကြည့်နေတုန်း ဟိုလူက ရုတ်တရက် သူ့ကိုယ်ပေါ်ကနေ အုပ်မိုးကာ သူ့ဝတ်ထားတဲ့ တပတ် ဖြူလေး ကို ကြိုးဖြည်နေလေသည်
~ မလုပ်နဲ့နော် ခင်ဗျား ဘာလုပ် တာလဲ
သူ အော်ကာ မေးပေမယ့် အဲ့လူက အရှိန် မသတ်ဘဲ သူ့ဂုတ်ပိုး ကို သူ့ရဲ့ အေးစက်စက် လက်တွေနဲ့ လာထိ တဲ့ အချိန်
အပြင် ဘက်ကနေ သူ့ Omma ရဲ့
~ သားငယ် ရေချိုး ပြီးရင် အောက်ဆင်း ခဲ့လေ ဒီကောင်လေး ဟာလေ ဘာလုပ်လုပ် အမြဲ ကြာနေတာ
အပြင်ဘက်က သူ့ Omma ရဲ့ အသံ ကြားတာနဲ့ ဟိုလူလည်း ချက်ချင်း ပျောက်ကွယ်သွားလေသည်
အဲ့လောက်တောင် မြန်တာလား သူဟိုဘက်လှည့်တုန်း ပျောက်သွား တာမို့ ခုတင်အောက်များ ၀င်ပုန်းနေမလား ဆိုပြီး အောက်ငုံ့ကြည့်ပေမယ့် မတွေ့ ရ ...အခန်း .ပြတင်း ပေါက်ကတော့ ပွင့်နေတာမို့ အဲ့ကနေ ထွက်ပြေးသွားတယ် လို့ဘဲ သူ သတ်မှတ် လိုက်သည်
YOU ARE READING
That Satan Vampire
FanfictionFirefly_Skylight Vampire Romance Love Story (Myanmar Sub)