အပြင်ဘက်က လေနုခပ်အေးအေးလေး
တွေနဲ့ နေရောင်ခြည်
စူးစူးလေးတွေက ဆေးရုံခန်းထဲဝင်ရောက်
လာတော့ soo တစ်ယောက်နိုးထလာတယ်
ရုတ်တရက် လက်ထဲကစုပ်ကိုင်ထားတဲ့
လက်တစ်စုံက လစ်ဟာနေတော့soo:ဟင်...ကို..ကိုကော
ရုတ်တရက် ထရပ်လိုက်တော့ ပုခုံးပေါ်က
လျောကြသွားတဲ့ coatတစ်ထည်...အလိုအလျောက် မျက်နှာမှာ အပြုံးတစ်ခုဖြစ်သွား
လေရဲ့...အဲ့အချိန်မှာပဲ ခြေသံတစ်စုံ အခန်းထဲ
ဝင်လာတယ်....ဘယ်လောက်ဝေးဝေး
သူ့အငွေ့အသက်လေးတွေကို sooက
အမြဲအလွတ်ရနေသူဆိုတော့ ခေါင်းလှည့်တာ
နဲ့တစ်ပြိုင်နက် ကို လို့ခေါ်လိုက်မိတယ်soo:ကို ဘယ်တွေသွားနေတာလဲ....ဘယ်တုန်း
ကနိုးနေတာလဲ...ခြေထောက်...ခြေထောက်က
လမ်းလျှောက်လို့ရလို့လား
ဲ
ကို့ရဲ့ လက်မောင်းလေးကိုင်ပြီး စိုးရိမ်တကြီး
မေးတဲ့ soo ကို တစ်ချက်လှည့်မကြည့်ဘဲ
လက်တွေကို ဖြုတ်ချလိုက်တယ်..သေချာ
ကြည့်တော့မှ ညာဘက်ခြေထောက်ကို
တရွတ်တိုက်သွားနေတာမြင်တော့ ရင်ဘတ်
ထဲမှာအောင့်ခနဲပဲKai:ဘာကိစ္စလာတာလဲ
အေးစက်စက်သူ့စကားသံကြားတော့
ရင်ထဲမှာ နင့်ခနဲပဲ..ကို...ကို..soo ကိုစိတ်ကုန်
သွားပြီလားဟင်..soo:ကို...ကိုက ဆေးရုံတက်နေရတာကို
sooက ဘယ်လိုလုပ်..မလာဘဲ နေရမှာလဲKai:မလိုဘူး..ပြန်တော့..
အရင်က kai ပုံစံမျိုး ရုတ်ချည်းပြောင်းလဲသွား
တဲ့ ကို့ ကို နားမလည်အောင် ဖြစ်နေခဲ့တယ်
ဒါပေမယ့် ဖြစ်သင့်ပါတယ် sooနဲ့ပက်သက်ရင်
ကိုက အရမ်းထိခိုက်လွယ်တတ်တော့...Kai ရဲ့ခါးတစ်ဝိုက်ကို နူးညံ့တဲ့လက်နှစ်စုံနဲ့
ယှက်လိုက်ပြီး တစ်ခြားဘယ်မိန်းကလေးကိုမှ
မှီခွင့်မပေးနိုင်တော့တဲ့ ဒီကျောပြင်လေးပေါ်
sooရဲ့ ပါးလေးအပ်ထားလိုက်ရင်း သူ့ခါးကို
တင်းတင်းဖက်ထားလိုက်တယ်