My Little Cute Boy- Part.9

1.6K 160 1
                                    

Do : kai! မင်းဘာလုပ်တာလဲ ဒီလောက်ထိ
လုပ်ပြဖို့လိုလို့လား baekhyun ပြန်သွားပြီ
ငါ့ကိုအထင်လွဲသွားပြီ

Kai : ငါအခုလုပ်လိုက်တဲ့အပြုအမူ ဒီနေ့
တစ်နေကုန် မင်းနဲ့အတူလျှောက်လည်တာ
တွေက Do မင်းအတွက် show တစ်ခု​ပေမဲ့
ငါ့အတွက်က ငါ့ရဲ့စိတ်ရင်းအမှန် ငါ့ခံစားချက်ပဲ
မင်းနဲ့အရင်တွေ့တဲ့သူက byun baekhyun
မဟုတ်ဘူး kim jongin လို့ခေါ်တဲ့ kai ဆိုတဲ့ငါ

Do : မင်းပြောတာ ငါနားမလည်ဘူး

Kai : မင်း ငါ့ကို တကယ်မမှတ်မိဘူးလား

Do တကယ်ကိုမမှတ်မိပါ

Kai : မင်းမမှတ်မိရင် ငါပြောပြမယ်

# flashback #

Thunder cafe & ice cream  လို့ခေါ်တဲ့
ဆိုင်လေးထဲမှာ kai တစ်ယောက်
သူ့သူငယ်ချင်း taemin အစား part time လာလုပ်ပေးနေရသည် သူ့သူငယ်ချင်းက
နယ်က သူ့အမေနေမကောင်းလို့ဆိုပြီး ခဏ
နယ်ပြန်သွားတာကြောင့် ကူညီပေးရခြင်းပင်

အဲ့အချိန် ဆိုင်ထဲကို ဝင်လာတဲ့ကောင်လေး
နှစ်ယောက် တစ်ယောက်က အသားအရည်
ဖြူဝင်းပြီး နတ်သားတစ်ပါးအလားပင်

နောက်တစ်ယောက်က မျက်လုံးပြူးပြူးလေးနှင့်
ရယ်လိုက်ရင် နှုတ်ခမ်းလေးက အသည်းပုံလေး
လိုဖြစ်သွားတဲ့ ကလေးလေးတစ်ယောက်လို
ကောင်လေးတစ်ယောက်

kai သူတို့နှစ်ယောက်ကို ဆိုင်ထဲဝင်လာ
တည်းက ဘာရယ်မဟုတ်ကြည့်နေမိသည်
နှစ်ယောက်တည်းက အသည်းပုံနှုတ်ခမ်းလေး
နဲ့ကောင်လေးဆို ပိုမှန်လိမ့်မည်

Do : hyung ကျွန်တော် ice cream စားမယ်

Suho : မစားနဲ့တော့ ညရောက်နေပြီ
cake ပဲစား ice cream စားပြီးချောင်းဆိုးရင်
အိပ်ရေးပျက်မှာပေါ့

Do : hyung

Suho : ဘာမှဆက်မပြောနဲ့ cake ပဲစားရမယ်
သူအပြင်ထွက်ချင်တယ်ဆိုလို့ ခေါ်လာပေး
ရသေးတယ် မရပါဘူး

Do အလျှော့ပေးလိုက်ရသည် အပြင်ထွက်ချင်
လို့ဆိုပြီး မအားတဲ့သူကိုခေါ်လာတာ သူကိုး

kai တစ်ယောက် suho သန့်စင်ခန်းသွားတဲ့ အချိန် Do အတွက် choco ice cream လေးတစ်ခွက်ယူပြီးသွားလိုက်တယ်

My Little Cute BoyWhere stories live. Discover now